နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Thursday, September 29, 2011

Troubleshooting for CPU


- CPU (Central Processing Unit) သည် ပုံမှန်အားဖြင့် ပျက်ခဲသော hardware တစ်ခုဖြစ်သည်။ အများ အားဖြင့် CPU ပေါ်တွင်တပ်ဆင်ထားသော ပန်ကာပျက်မှသာ အပူကြောင့် ပျက်စီးခြင်းသာ အဖြစ်များသည်။ အပူကြောင့် ဖြစ်ပေါ်လေ့ရှိသော လက္ခဏာများမှာ Computer Power စဖွင့်သောအခါ ပုံမှန်အတိုင်း လုပ်ဆောင်ခြင်း မရှိတော့တာမျိုးကို တွေ့ရလိမ့်မည်။ နောက်ဆုံးတွင် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ဘဲ ကွန်ပျူတာ၏ လုပ်ဆောင်မှု အားလုံး (Hung) ရပ်ဆိုင်းသွားပါလိမ့်မည်။
- ထိုကဲ့သို့ (hung) သွားလျှင် CPU ပေါ်ရှိ Heat Sink နှင့် Fan တို့ကို အနေအထားမှန်ကန်စွာ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးပါ။ အနေအထားမှန်ကန်လျှင် Fan ကို Power ပိတ်ထားပြီး လက်ဖြင့် လှည့်ကြည့်ပါ။ ပန်ကာရွက်သည် သွက်သွက်လည်သင့်သည်။ မသေချာသေးပါက အဖုံးဖွင့်ထားလျှက်ပင် power ဖွင့်ပြီး CPU Fan လည်/မလည် ဆူညံသံများထွက်ခြင်း ရှိ/မရှိ သတိထားစောင့်ကြည့်ပါ။
(မှတ်ချက်။ power ကို အကြာကြီးဖွင့်မထားသင့်ပါ)
-ပန်ကာလည်ပတ်နှုန်းကျနေမယ်၊ ဆူညံသံလဲထွက်နေမယ်ဆိုလျှင် Computer ကို ချက်ချင်းပိတ်ပြီး CPU Fan ကို အသစ်လဲလှယ်သင့်သည်။ လဲပြီးလျှင် Computer Power ပြန်ဖွင့်ပြီး ဘာမှမသုံးဘဲ ၂နာရီလောက် ဖွင့်ထားပေးပါ။ ပြီးနောက် Program များကိုစမ်းသုံးကြည့်ပါ။ ပုံမှန်အတိုင်း အလုပ်လုပ်ပြီဆိုလျှင် CPU ချွတ်ယွင်းချက် မရှိတာ သေချာသွားပါပြီ။
- အကယ်၍များ နဂိုပြဿနာများဆက်ဖြစ်နေလျှင် CPU ၏ ချွတ်ယွင်းချက်သာဖြစ်၍ CPU အကောင်းတစ်ခုဖြင့် လဲလှယ် စမ်းသပ်ကြည့်ပါ။ Computer သည် ပုံမှန်အတိုင်း အလုပ်လုပ်လျှင် CPU ပျက်တာ သေချာပြီပေါ့။

မိုး
Rate this posting:
{[['']]}

Troubleshooting for Motherboard


Motherboard ပေါ်တွင် လောင်ကျွမ်းနေသည်ကိုတွေ့ရမည် (သို့) Motherboard ပေါ်တွင် အချို့အစိပ်အပိုင်းများ ပျက်စီးနေသည်ကို ထင်ထင်ရှားရှားတွေ့မှသာ Motherboard ပျက်သည်ဟု အတိအကျပြောနိုင်ပါသည်။ သို့သော် အများအားဖြင့် Motherboard ပေါ်တွင် အပျက်အစီးတစ်စုံတစ်ရာမတွေ့ဘဲ အသုံးပြု၍ မရခြင်းသာ အပျက်များနေသည်ကို တွေ့နေရသည်။ အကယ်၍ PowerSupply, CPU တို့ ပုံမှန်အတိုင်းကောင်းနေလျှင်တော့ Motherboard ပျက်တာသေချာပါတယ်။

Rate this posting:
{[['']]}

Wednesday, September 28, 2011

Antivirus Software မတင်ထားသော စက်တွင် USB အတွက် Virus သတ်နည်း

မိမိစက်တွင် USB (Memory Card, Datatraveller, …) ကိုတပ်လိုက်သည်နှင့် Auto run တက်မလာစေရန် Shift Key ကိုဖိထားပေးပါ။

Plus and Play ဖြစ်သွားလျှင် Command Box (Window + r) ကိုနှိပ်ပြီးခေါ်ပါ။

Command Box တွင် cmd ဟုရိုက်ထည့်ပြီး OK နှိပ်ပါ။

ပြီးနောက် မိမိdrive ရှိရာ အမည် [ဥပမာ (E:) or (F:) ] ကိုရိုက်ပြီးဝင်ပါ။

မိမိတပ်ထားသော USB drive သို့ရောက်လျှင် ပုန်းနေသော အရာများကိုဖော်ထုတ်ရန်

dir/ah ကိုရိုက်ပြီးဝင်ပါ။

ပြီးလျှင် ပုန်းနေသော file (or) Virus file ကို သတ်ရန်

[del filename (or) del file name.exe]ကိုရိုက်ထည့်ပါ။

ပြီးလျှင် Y ကို ကိုရိုက်ပါ။

အဲ New Folder Virus ကိုကျတော့ dir*.exe ကိုရိုက်ပြီးဝင်ပါ။

ပြီးလျှင် [del filename (or) del file name.exe] ကိုရိုက်ပြီး အပေါ်ကအတိုင်းသတ်ပါ။ ကိုယ်သိမ်းထားတဲ့ folder ကိုတော့မှားမဖျက်မိစေနဲ့နော်။

အားလုံးအဆင်ပြေပါစေ

မိုး

Rate this posting:
{[['']]}

Connection မကောင်းလျှင် Gtalk, Gmail ကိုဖွင့်နည်း နှင့် Website များကျော်ရန်

Gtalk သုံးရန်

http://www.ebuddy.com/#gtalk

http://x15.iloveim.com/servlets/logoutPage

http://webuzz.im/

Gmail သုံးရန်

http://mistakeproxyarea.appspot.com/gmail.com

http://mistakeproxyarea.appspot.com/webuzz.im/

Website များကျော်ကြည့်ရန်

http://mistakeproxyarea.appspot.com/

http://www.polysolve.com/

အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်

မိုး

Rate this posting:
{[['']]}

Computer Cable & Connector Types

Cable Type Connector Types

1. Keyboard Cable ----- DIN, mini-DIN, and USB


2. Mouse Cable ----- 9-pin Serial, mini-DIN, and USB


3. Speaker Cable Mini-audio


4. Monitor Data Cable ---- 3-row, 15-pin DB



5. Printer Data Cable ----- Centronics or USB
(Printer End)


6. Printer Data Cable ----- 25-pin DB or USB
(Case End)


7. Network Cable ----- RJ-45


8. Modem/ telephone wire ----- RJ-11 Rate this posting:
{[['']]}

ကွန်ပျူတာမြန်စေရန် နည်းလမ်းများ

ကွန်ပျူတာစဖွင့်ချိန်နဲ့ ပိတ်ခါနီးမှာကြာနေရင် စက်ထဲမှာ မလိုလာအပ်တဲ့ fileတွေများနေလို့ပေါ့။

ကဲ မလိုအပ်တဲ့ file တွေကိုရှင်းကြရအောင်နော်။

Start ထဲက> Run (Window + R) ကိုဖွင့်ပါ။

၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပါ။
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပါ။
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပါ။
၄။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပါ။

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပါ။

ပြီးရင် Computer ကို Restart ပြန်လုပ်ပေးပါ။

ကဲ Computer ကိုပေါ့ပေါ့ပါးပါးသုံးနိုင်ကြပါစေနော်။

မိုး

Rate this posting:
{[['']]}

cmd မှ folder များကို hide နည်း

Start ကိုနှိပ်ပြီး Run Box ထဲဝင်ပါ။
cmdကိုရိုက်ပြီးဝင်ပါ။
ပြီးလျှင် မိမိ folder ရှိသော drive >> D: ကိုရိုက်ပါ။
>Attrib +a +s +h moe ကိုရိုက်ပါ။
ကဲ
ဖွက်ထားတဲ့ folder ကို ပြန်ဖော်ချင်ရင်တော့
>Attrib -a -s -h moe ကိုပြန်ရိုက်ပေါ့။
Note : For hide - Attrib +a +s +h folder name
For unhide - Attrib -a -s -h folder name
D: နေရာတွင် မိမိ folder ရှိသော drive ကိုရိုက်ရမည်။
moe နေရာတွင် မိမိဖွက်လိုသော folder အမည်ကိုရိုက်နိုင်သည်။

အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်

မိုး
Rate this posting:
{[['']]}

Virus များအကြောင်း

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့်ှနှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်… စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး… ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ…
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်…forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတဲ့အခါတွေမှာ ကူးစက်နိုင်ပါတယ်။

၂။ Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ ့virus လို program တွေပါပဲ.. အဲဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer/ server/ computer network ထဲ ဝင်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်.. Malware တစ်ခုမှာ Computer Virus , Worms, Trojan horses, Most rootkits, Spyware, Dishonest adware, Crimeware and Other malicious and Unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm
worm ဆိုတာက virus နဲ့ဆင်တူအောင် ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်… သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိူးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာ ဖြစ်ပါတယ်…သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်…
အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ဖာသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀ဝ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်… Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုုပ်နိုင်အောင် ရေးထားပါတယ်..

၄။ Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမာ္ဘ့သမိုင်း မှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ… အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ ပြောလို့ရပါတယ်… ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်… ဥပမာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ဝင်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်…
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP, IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ…သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်… Spyware တွေက များသောအားဖြင့် Web browser တွေကနေ ဝင်နိုင်ပါတယ်… ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့… တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင် ့ Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်… Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်…

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်…. သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်…
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်…
၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်.. သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့…. ဥပမာပြောရရင် ခုခေတ်စားနေတဲ့ key loggerတို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေ ပဲဖြစ်ပါတယ်..

ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

(မူရင်းရေးသားသူ ဆရာမျိုးသူရအားကျေးဇူးတင်ပါသည်)

မိုး

Rate this posting:
{[['']]}

မိမိ password ကိုလုံခြုံအောင်ဘယ်လိုပေးရမလဲ?


မိမိတို့ Computer ရဲ့ Password ဘဲ ဖြစ်ဖြစ် မိမိရဲ့ Gtalk Password ကိုဘဲ ဖြစ်ဖြစ် လုံခြုံစိတ်ချရအောင် Password ပေးတဲ့ အခါ ရှောင်ရန်လေးတွေနဲ့ ပေးသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Guess တွေရဲ့ ရန်မှ ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။

ရှောင်ရန်

ဒီလိုမပေးမိပါစေနဲ့


*Common elements တွေ ပေးခြင်းမှ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်*

Common Elements ဆိုတာကတော့ (i.e., words, names, sports, movies and shows, groups, songs etc) စတဲ့ အတိုင်း ပေးခြင်းမှ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ အခုလို ပေးခဲ့ရင် အလွယ်တကူ cracking tools တွေကို အလွယ်လုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။

*Personal life နဲ့ ဆိုင်တဲ့ ရေးသားခြင်းမျိုးကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်*

ဥပမာ (i.e. graduation year, birthdays, phone numbers, etc) ဖြစ်ပါတယ်။

*Keyboard patterns တွေ ပေးခြင်းမှလည် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်*

Crack တွေအနေနဲ့ အလွယ်ရနိုင်တဲ့ (i.e. 1q2w3e4r) စသည့် ပေးခြင်းမျိုးကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ဒီ Command တွေက အလွန် Crack ရလွယ်ကူလို့ ဖြစ်ပါတယ်။

*Repeating patterns တွေ ပေးခြင်းမှလည် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်*

ဥပမာ – (i.e. ah*fjDS1, ah*fJDS2, etc) စသည့်အတိုင်း ပေးခြင်းမှ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိရဲ့ Computer Password ကို အလွယ် ရရှိနိုင်လို့ ဖြစ်ပါတယ်။

ဒီလိုပေး

*မိမိ Password ကို အခြားသူတွေ ခန့်မှန်းခြင်းမှ ကာကွယ်နိုင်အောင် အနည်းဆုံး (8) Character နှင့် Lower Case, Upper Case, Numeric Characters and Special charactersတို့နှင့် ပေါင်းစပ်ပေးပါ*

ဥပမာ – (i.e. *,!,@,& etc ) နဲ့ ပေါင်းစပ်ပေးပါ။

ကဲ မိမိ password ကို လုံခြုံအောင်ပေးနိုင်ကြပါစေနော်။

မိုး

Rate this posting:
{[['']]}

Twitter Facebook More