နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Sunday, January 19, 2014

All in one activator



Technical သမားတွေ ဆောင်ထားသင့်တဲ့ Activator ကောင်းလေးပါ။

Activate ကို Support လုပ်ပေးတာကတော့...

Window 8.1 VL
Window 8 VL
Window 7 VL
Window vista VL
Window Server VL
Microsoft Office 2010 VL
Microsoft Office 2013 VL
Office Retail To VL
Check Windows Status
Check Office Status

အောက်မှာဒေါင်းပါ။

Download


rar password လိုခဲ့လျှင်   moe  
Rate this posting:
{[['']]}

Saturday, January 18, 2014

Programming လေ့လာတော့မယ်ဆိုရင်




Developer(programmer) တယောက် လုပ်တော့မယ်ဆိုရင် ပထမဆုံး မိမိ ဝါသနာပါတာကို အရင်စဉ်းစားသင့်တယ်။ 
Software ပိုင်းကို စိတ်ဝင်စားလား? ဒါမှမဟုတ် Web ပိုင်းကို စိတ်ဝင်စားလားပေါ့။ မိမိစိတ်ဝင်စားရာကို အခြေခံမှ စပြီး လေ့လာဖို့အတွက် မမိုးဖတ်ထားတာလေးတွေကို နားလည်လွယ်အောင် ပြန်ပြီး မျှဝေပါတယ်။

Programming ကို ယေဘုယျအားဖြင့် ၂ပိုင်းခွဲနိုင်တယ်
1. Software Programming နဲ့
2. Web Programming ပေါ့။

မိမိက Software Programmer တယောက်ဖြစ်ချင်တယ်ဆိုရင် Software Programming ပိုင်းကို လေ့လာပေါ့။ ဒါမှမဟုတ် Web developer တယောက်ဖြစ်ချင်တယ်ဆိုရင် Web Programming ပိုင်းကို လေ့လာပေါ့။

နည်းပညာသမား အားလုံးက developer ဖြစ်ချင်လားမေးရင် ၉၉% က ဖြစ်ချင်ကြသူတွေကြီးပါ။ ဘယ်ကစရမယ်ဆိုတာကို မသိကြလို့သာ ရှေ့မဆက်ဖြစ်ကြတာပါ။ မမိုးက developer တယောက်လဲမဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်ပညာမဆို လေ့လာရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တော့ရှိပါတယ်။ ဒါကြောင့် စာတွေကို ရှာဖွေဖတ်ပြီး ဒီပို့စ်လေးကို တင်ပေးလိုက်ရတာပါ။ 

Software Programmer တယောက်လုပ်တော့မယ်ဆိုရင် အောက်ပါ programming တွေကို လေ့လာသင့်ပါတယ်။ 
eg. 1. C#
      2. C ++
      3. Java
      4. VB
      5. PHP ... 
 program အားလုံးက သဘောတရားတူတူတွေပါပဲ။ condition စစ်မယ်၊ looping ပတ်မယ် စသည်ဖြင့် တူတူပါပဲ။ မမိုးက java ကို ၃လလောက်တော့ လေ့လာဖူးပါတယ်။ အကြောင်းကြောင်းကြောင့်ဆက်ပြီး မလေ့လာဖြစ်ခဲ့ဘူး။ ကဲထားတော့။ ဆက်ပြောမယ်နော်။ programmer တယောက်အတွက် ပထမဆုံး အလွယ်ကူဆုံးလု့ိပြောလို့ရတဲ့ C ++ ကို အရင်ဆုံး လေ့လာသင့်ပါတယ်။ အချို့က ပြောတာတော့ Java ကအရှုတ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောကြတယ်။ အများလက်ခံထားတာပဲ ဆက်ပြောတာပေါ့နော်။ ဒါဆိုရင် C ++ ကို စပြီးလေ့လာပေါ့။ ပြီးမှ နှစ်သက်ရာ language တွေကို ဆက်ပြီးလေ့လာပေါ့။ မမိုးတတ်နိုင်သလောက် ပို့စ်တွေ၊ စာအုပ်တွေ၊ websiteတွေ၊ software တွေ ရှာဖွေပြီး တင်သွားပေးပါ့မယ်။

Web developer တယောက်လုပ်မယ်ဆိုရင်တော့ အောက်ပါ programming တွေကို လေ့လာသင့်ပါတယ်။
eg. 1. HTML/XHTML
      2. CSS
      2. C#.net
      3. JavaScript
      4. Python
      5. PHP
      6. ASP ...

စသဖြင့် အများကြီးရှိပါတယ်။ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးက HTML ပေါ့။ HTML ကို လေ့လာပြီးမှ တခြား language တွေကို ဆက်ပြီးလေ့လာကြတာပေါ့။ ဒီလောက်ဆို မိမိဘာဖြစ်ချင်တယ်ဆိုတာ ဆန်းစစ်လို့ရပါပြီ။ ဆက်ပြီးလေ့လာဖို့အတွက် မမိုးတတ်နိုင်သလောက် ပို့စ်များ၊ စာအုပ်များ၊ software များ၊ website များကို ရှာဖွေပြီး  တင်သွားပေးပါ့မယ်။



Rate this posting:
{[['']]}

Tuesday, January 7, 2014

Microsoft Office error များ ဖြေရှင်းရန်



မမိုးကြုံခဲ့ရတဲ့ အခက်အခဲလေးကို အခြားသူတွေတွေ့ကြုံခဲ့ရရင် အလွယ်တကူ ဖြေရှင်းနိုင်ရန် ပြန်လည်မျှဝေလိုက်ပါတယ်။ Window တင်ပြီး Microsoft Office တင်ပြီး ပြန်ဖွင့်လျှင်

The function you are attempting to run contains macros or content that requires macro language support... ဆိုပြီး enter ၃ခါလောက်ခေါက်မှ သုံးလို့ရတာ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်ခဲ့ရင် အချို့က Uninstall ပြန်လုပ်ပြီး Registryမှာ လိုက်ဖျက်ကြတယ်။ အချို့က window ပြန်တင်ကြပါတယ်။ မမိုး window ပြန်မတင်ချင်လို့ တော်တော်လေးရှာပြီး error ဖြည်ကြည့်ပါတယ် အဆင်မပြေခဲ့ပါဘူး။ ဒီ software လေးနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ Technician တွေ ဆောင်ထားသင့်တဲ့ software လေးပါ။ မိမိလိုအပ်တဲ့ version ကိုဒေါင်းပြီး double click လုပ်လိုက်ပါ။ အလိုအလျောက် uninstall လုပ်ပြီး error တွေအားလုံးရှင်းသွားပါမယ်။ ပြီးမှ နှစ်သက်ရာ Microsoft Office ကို Install ပြန်လုပ်ပေးလိုက်ပါ။


For Windows 7, Windows Vista, Windows XP, Windows Server 2008 or Windows Server 2003

2003
2007
2010


For Window 8

2003
2007
2010


မူရင်းလင့်

အဆင်ပြေကြပါစေ
မိုး
Rate this posting:
{[['']]}

Sunday, January 5, 2014

PHP အကြောင်း အခြေခံ လေ့လာရန်




Creative Web Studio မှ ဒါရိုက်တာ ကိုဝေဖြိုးထွဋ်နဲ့ Web programming ကို စိတ်ဝင်စားသူ များအတွက်
PHP Programing Language အကြောင်း တွေ့ဆုံ မေးမြန်းခြင်း...

PHP ဆိုတာဘာလဲဆိုတာပြော ပြပေးပါ။


PHP ဆိုတာ Website ရေးတဲ့ language တစ်ခုပါ။ သူ့ရဲ့ အရှည် ကတော့ Hypertext Preprocessor လို့ခေါ်ပါတယ်။ Dynamic Webpages တွေကို တည်ဆောက်ဖို့အတွက် HTML Language embedded လုပ်ထား တဲ့ Server Side Programming ပါ။ ၎င်းရှဲ့Syntax များမှာ C, Java နဲ့ Perl တို့ကို Reference လုပ်ထားပြီး ပိုမိုကောင်းမွန်စေရန် အတွက် PHP syntax များဖြင့် ထပ်မံအားဖြည့်ထားပါတယ်။ PHP Language ရဲ့ Goal ဟာ Dynamic Generated Web Pages များကို တည်ဆောက်တဲ့အခါ Web developers များလွယ်ကူလျင်မြန် စွာ ရေးသားနိုင်ဖို့အတွက်ပါ။ ပြီး တော့ PHP Programming ဟာ Open Source ဖြစ်ပါတယ်။

Dynamic Web pages ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

Dynamic Web pages အ ကြောင်းမပြောခင် ပထမဆုံးအနေ နဲ့ ှStatic web page အကြောင်း ပြောချင်ပါတယ်။ Static Web page ဆိုတာက မိမိတင်ထားတဲ့ web page မှာ သတင်းအချက်အလက်တွေ ပြောင်းလဲချင်တိုင်း web page 1 page  ပြန်ဆောက်ရပါတယ်။ Dynamic web page မှာတော့ မိမိတင်ထားတဲ့ သတင်းအချက် အလက်တွေပြောင်းလဲရုံနဲ့ ပဲ မိမိတင်ထားတဲ့ website ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူ ပြောင်းလဲနိုင်မှာပါ။

Sever Side Programming ဆိုတာဘာကို ရည်ညွှန်းတာလဲ။

Open Source Developer တွေ သုံးဖို့အတွက် Source code တွေကို ရနိုင်တဲ့ Program ကို ရည်ညွှန်းတာပါ။ Web ပေါ်မှာ ရေးတဲ့ Script Type နှစ်မျိုးရှိပါ တယ်။ အဲဒါတွေကတော့ Server Side Programming or Script နှင့် Client Side Programming or Script ပဲဖြစ်ပါတယ်။ ဥပမာ -Javascript & VB script လိုမျိုးပေါ့။ ဒါကတော့ Client Side Programming & Sever Side Programming ပါ။ Client Side Script ကို Static web page မှာ သုံးပြီး Dynamic Web page တွေနဲ့တွဲပြီးလည်းရေးလို့ရပါတယ်။ ှSever Side Script ကိုတော့ Dynamic Web page မှာပဲ သုံးပါတယ်။ ဥပမာ Php, Asp, Asp.net, jps စသည်ဖြင့်ပေါ့။ အဲဒါကတော့ Sever Side Script တွေပါ။

PHP လေ့လာဖို့အတွက် ဘာတွေ သိထားသင့်သလဲ။

PHP ကိုလေ့လာဖို့ အတွက် အခြေခံအားဖြင့် HTML Syntax HTML Forms များအကြောင်းနဲ့ Programming အခြေခံတို့ရှိသင့်ပါတယ်။ HTML မသိသေးရင်တော့ HTML ကိုအရင်လေ့လာ သင့်ပါတယ်။ ပြီးတော့ CSS နဲ့ Java Script ကို သိရင်တော့ ပိုပြီး တော့ကောင်းပါတယ်။ Web ပေါ် က Website Nature တွေကိုပါ လေ့လာထားသင့်ပါတယ်။

PHP လေ့လာဖို့ အချိန် ဘယ်လောက်လိုပါသလဲ။
PHP ကို လေ့လာဖို့ အတွက် အချိန်ကတော့ အနည်းဆုံး ၃ လ နှင့်အထက်လိုပါမယ်။Professional  တစ်ယောက်ဖြစ်ဖို့ဆိုရင် တော့ ဒီထက်မက လေ့လာ ဖို့ လိုပါ လိမ့်မယ်။

ဘာကြောင့် PHP ကို သုံးတာလဲ။
ကျွန်တော်တို့အနေနဲ့ Programming Language တစ်ခု ရွေးတော့မယ်ဆိုရင် Operating System, Web Server Software, Hardware for the Server, Database Management and Programming or Scripting  ဒီအချက်တွေကို ထည့်စဉ်းစားရပါမယ်။ PHP ရဲ့ အားသာချက်တွေဖြစ်တဲ့ Great Performance, Compatible With Most Database Management Systems, Built-in Libraries With Many Common Tasks, Source Code Available, No Cost, Easy to learn Portability တွေကြောင့် PHP ကို အသုံးပြုရခြင်းဖြစ်ပါတယ်။


Special Credit to >> Sanlin Htet (MMITG -
https://www.facebook.com/groups/talks.IT/)

Rate this posting:
{[['']]}

Introduction PHP



ဤ tutorial ၏ ရည်ရွယ်ချက် မှာ PHP ၏ အခြေခံ များ နားလည် ပြီး အောက်ဖေါ်ပြ ပါ တို့ကို ဆောင်ရွက် နိုင်စေ ရန် ဖြစ် ပါသည်။

- PHP scripts များကို လိုအပ် သလို ရေးသား တတ် စေရန်။
- PHP codes များ အလုပ်လုပ် ပုံကို နားလည် စေရန်။
- PHP projects များကို design လုပ်တတ် နိုင် စေရန်။

Php - ဆိုတာ ဘာလဲ?
PHP ရဲ့ပင်မ ဖြစ်တဲ့  www.php.net က အောက်ပါ အတိုင်း ဖေါ်ပြ ထား ပါသည်။

"PHP ဆိုသည် မှာ HTML code များနှင့် ရောနှော်း အသုံး ပြုနိုင် သော scripting language တမျိုးဖြစ် ပါသည်။ ၎င်း၏ syntax များမှာ C, Java နှင့် Perl တို့ကို မှီငြမ်း ထားပြီး၊ ပိုမို ကောင်း မွန် စေရန် PHP syntax များဖြင့် ထပ်မံ အားဖြေ့ ထား ခြင်းဖြင့် Web developers များအား dynamic web page များ လွယ်ကူ လျှင်မြန် စွာ ရေးသား နိုင်စေ ရန် ရည်ရွယ် တီထွင် ထားသော programming language တခု ဖြစ် ပါသည်။"

ပိုမို ပြီး ရှင်းလင်း စေရန် PHP မှ ဘာ လုပ်ပေး နိုင်သလဲ ဆိုတဲ့ ရှုထောင့် မှနေ၍ ထပ်မံ ဖေါ်ပြ ပါမည်။ PHP သည် အောက်ပါ တို့ကို ဆောင်ရွက် ပေးနို်င် ပါသည်။

- အချိန် တိုတို နဲ့ ကြီးမား တဲ့ websites များကို ဖန်တည်း နိုင်ခြင်း။
- user ရဲ့ လိုအပ်ချက် ကို တောင်းယူ ပြီး တောင်းဆိုချက် နဲ့ ကိုက်ညီ တဲ့ web page များကို ဖန်တည်း ပေးခြင်း။
- Online tools များကို ဖန်တည်း ခြင်း။ (see PHP - HotScripts for examples)
-  E-commerce ကဲ့သို့ သော websites များအတွက်  shopping carts များ ဖန်တည်း ပေးခြင်း စသည် စသည် ဖြင့် ----

PHP ကို လွယ်ကူစွာ လေ့လာ နိုင်ရန် ဘာတွေ ကြိုတင် သိထာ။း သင့် သလဲ။

အောက်ပါ တို့၏ အခြေခံ များကို သိထား ပါက အလွန် အထောက်အကူ ဖြစ် ပါမည်။

- HTML syntax နှင့် HTML Forms များ အကြောင်။
- Programming နှင့် ပါတ်သက် သော အခြေခံ များ။


အနှစ်ချုပ်

ဤ tutorial ကို PHP ဖြင့် မိတ်ဆက် ပေးရန် ရည်ရွယ်၍ ရေးသား ထား ပါသည်။ .
ဖြေးဖြေး မှန်မှန် လေ့လာ ပါ၊ လောဘ မကြီး ပါနှင့်။

Note
For more detail please see Php Manual at http://www.php.net

Credit to >> http://phpmyanmar.com

Special Credit to >> San Lin Htet   (MMITG) https://www.facebook.com/groups/talks.IT/)
Rate this posting:
{[['']]}

Twitter Facebook More