နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Tuesday, November 25, 2014

Antivirus Uninstaller Tools


 Antivirus Software တွေကို Control Pannel မှ uninstaller လုပ်မရတဲ့အခါသုံးပါတယ်။ Tools တွေ အများကြီးပါပါတယ်။ မိမိ uninstaller လုပ်ချင်သော tools ကို ရွေးပြီး လုပ်ပါ။ အဆင်ပြေပါစေ။






မိုး (နည်းပညာများ)
Rate this posting:
{[['']]}

Cambridge Dictionary



English to English Dictionary, အသံထွက်ပါပါသော Dictionary လေးပါ။ အရမ်းကို တန်ဖိုးရှိပါတယ်။ အောက်မှာဒေါင်းပါ။ အဆင်ပြေကြပါစေ။






မိုး (နည်းပညာများ)
Rate this posting:
{[['']]}

All in one Activator

Windows 8, Windows 7, Office 2010, ... စသည်တို့ကို activated လုပ်ပေးနိုင်သော activator လေးပါ။ မမိုးကတော့ office 2010 ကို activated လုပ်ဖို့ အဓိက သုံးပါတယ်။ အားလုံး အဆင်ပြေပါစေ။






မိုး (နည်းပညာများ)
Rate this posting:
{[['']]}

Alpha ZawGyi Version 3

Alpha ZawGyi Version 3 Font လေးပါ။ Windows 7 32bit အတွက် မရှိမဖြစ် font လေးပါ။ အောက်မှာ ဒေါင်းပါ။ အဆင်ပြေပါစေ။






မိုး (နည်းပညာများ)
Rate this posting:
{[['']]}

Myanmar Unicode 2 and 3


Myanmar Unicode 2 နဲ့ 3 လေးပါ။ ကျောင်းသုံး ရုံးသုံးများအတွက် အမှန်တကယ်လိုအပ်တဲ့ font လေးပါ။ မမိုးကိုယ်တိုင်လဲ service လုပ်နေရင်း တော်တော်လေး အခက်အခဲ ရခဲတဲ့ font လေးပါ။ အားလုံး အဆင်ပြေကြပါစေ။







မိုး (နည်းပညာများ)
Rate this posting:
{[['']]}

Myanmar Fonts

Service သမားတွေရော ရုံးသမားတွေအတွက်ပါ အမှန်တကယ် လိုအပ်တဲ့ မြန်မာ font မ်ိဳးစံုကို တင်ပေးလိုက်ပါတယ်။ အောက်မှာ ဒေါင်းပါ။





မိုး (နည္းပညာမ်ား)
Rate this posting:
{[['']]}

Adobe PageMaker 7.0

 
စာစီစာရိုက် လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အသုံးဝင်သော Adobe PageMaker 7.0 software လေးပါ။ အောက်မှာ ဒေါင်းပါ။
 
 Sr Key : 1039-1121-2998-7586-7388-7545






မိုး (နည်းပညာများ)


Rate this posting:
{[['']]}

Saturday, November 22, 2014

Upload တင်နည်း နှင့် Downlaod Link ချပေးနည်း



မင်္ဂလာပါ  ကျွန်တော် သည်နေ့ တော့ Upload  တင်နည်း  တင်ထားသော ဒေါင်းလင့်အား ဘလော့မှာ Downlaod  Link  ချပေးနည်း  လေးကို ရေးဖြစ်ပါတယ်.. ဒါလေးကလည်း ကျွန်တော် ရဲ့ ညီလေး အဆိုတော်    နောင်ရဲထွဋ်    အတွက် တောင်းဆိုထားလို့  ခုလိုအသေးစိတ် ရေးသားတင်ပေးလို်ကတာပါ..
ဘလော့ကာတွေအတွက်တော့  အားလုံးသိထားသောနည်းပညာဖြစ်တဲ့အတွက်  ကျော်သွားလိုက်ပါနော်..

ပထမဆုံး  မိမိတို့  Upload  တင်လိုသော ဆိုဒ်မှာ အကောင့်တခု လုပ်ထားဖို့လိုပါလိမ့်မယ်  အဲတာကတော့ ပြောမပြတော့ပါဘူးနော် ဆိုဒ်တခုမှာ Singup  လုပ်တာတော့ အဲလောက် ခက်ခဲမယ်မထင်လို့ပါ... တင်နိုင်သောဆိုဒ်းတွေ ကတော့ များပါတယ်  ဒါပေမယ့် ကျွန်တော် ကတော့  
ယခု နမူနာအနေနဲ့  Mediafire.com  နဲ့ဘဲ နမူနာပြလိုက်ပါတယ်နော်...
ပထမဆုံး www.mediafire.com  ကိုသွားပြီး အကောင့်တခုလုပ်လိုက်ပါနော်။ အကောင့်တခုရတာနဲ့ စလို့ရပါပြီ..နော် အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..စမယ်နော်..
အကောင့်ဝင်လိုက်တာနဲ့....

Upload   တင်နိုင်သော ဆိုဒ်များ
================

စတဲ့ ဆိုဒ်တွေ မကဘဲ များကြီးရှိပါတယ် နှစ်သက်ရာကနေ တင်နိုင်ပါတယ်..

ပထမဆုံးအနေနဲ့  တွေ့ကြရမှာကတော့...

 အပေါ်မှာပြထားသလို Upload  ဆိုတာနောက်က ဖိုင်တည်ဆောက်ဖို့ ဆိုတာလေး ကလစ်ပြီး  ဖိုင်လေးတွေ တည်ဆောက်ထားလိုက်ပါ... အဲတာဆိုပြန်ရှာမယ်ဆိုလည်း လွယ်ကူစေပါတယ်.. ဥပမာ။ ။ဆော့ဝဲလ်...apk...ebook...mp3...စတာတွေပေါ့  ခုကျနော်  mp3 လေးတခုတင်ပြမှာမို့  ဖိုင်လေးတခု တည်ဆောက်လို်ကပါတယ်.. ပြီးတာနဲ့ ကိုယ်တည်ဆောက်ထားတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါနော်...


 အပေါ်ကတိုင်းကျလာမယ်  အထဲမှာ ဘာမှမတင်ရသေးဘူးဆို ဘာမှမရှိသေကြောင်းပြောထားပါမယ်  တင်လိုက်ကြမယ်နော်... အပေါ်က Upload  ဆိုတာကိုကလ်စလိုက်ပါ အောက်မှာ From Computer နဲ့ From Web ဆိုတာကျလာမယ်   ကွန်ပျူတာ  ကိုရွေးချယ် ကလစ်ပေးလိုက်ပါနော်.. ကိုယ်တင်မဲ့  အကြောင်းအရာက ကိုယ့်ကွန်ပျူ တာထဲမှာ ရှိနေမှာ မို့ပါ...အိုကေနော်...ကလစ်လိုက်တာနဲ့


အပေါ်ကပုံတိုင်းကျလာမယ် ကလစ်လိုက်ပါ..ဒါဆို မိမိတို့ ကွန်ပျူ တာဖိုင် ကျလာမယ်နော်  မိမိတို့ တင်လိုတဲ့  အကြောင်းရာရှိတဲ့ သိမ်းထားတဲ့  ဖိုင်ကို အရောက်သွားလိုက်ပါနော်...


ရောက်တာနဲ့ တင်လိုသော အကြောင်းအရာကို တချက်ကလစ်ပါ  နောက် အောက်က Open  ဆိုတာဆက်ကလ်စလိုက်ပါ.. အကြောင်းအရာကို  Double  ကလစ်လိုက်လည်းရပါတယ်နော်..


အပေါ်ကပုံမှာလို  Upload  ပေးဖို့ အသင့်အနေထားဖြစ်နေပါပြီ အဲလိုဖြစ်တာနဲ့ အောက်နားက Begin Uplaod  ဆိုတာကလစ်ပေးလိုက်ရုံပါဘဲနော်...


သည်အဆင့်မှာတော့ မိမိတို့ တင်တဲ့ အကြောင်းအရာပေါ်မူတည်ပြီး အချိန်စောင့်ရပါမယ်  ဥပမာ ဆော့ဝဲလ် ဆိုဒ်ကြီးတာတွေဆို အချိန်ကြာပါမယ်  mp3..ebook  တွေကတော့ ခဏတာနဲ့ ပြီးပါမယ်..ပြီးတာနဲ့ နောက်က Copy Link ဆိုတာကလစ်ပြီး ဒေါင်းလင့်ကို ယူနိုင်ပါတယ်..
နောက်တဆင့် ယူနည်းလည်းပြလိုက်ပါမယ်...နော်


 ဒါကတော့ ဘယ်ချိန်ယူယူ ရတဲ့နည်းလေးပါ မိမိလိုခြင်တဲ့ အကြောင်းအရာ ရဲ့လင့်ကို သူ့နောက်က မျှားမည်းလေး ကလစ်ပါ နောက် Copy Link ဆိုတာကလစ်လိုက်တာနဲ့ မိမိတို့ မောက်ထဲမှာ လင့်ပါလာပါမည်... ဒါဆို အဆင်ပြေပါပြီ  အဲလင့်က ဘလော့မှာဘဲ ဒေါင်းဖို့ တင်ပေးပေး  သူငယ်ချင်းဆီဘဲပို့ပေးပေး  အသုံးပြုလို့ရပါပြီ... ဒါဆို  အကြောင်းရာတစ်ခုခုကို  သူများပေးဖို့  Uplaod  တင်တဲ့နည်းလမ်းကို  နားလည်လောက်ပါပြီနော်... အဆင်ပြေကြပါစေ..

နောက်ထပ်  မိမိတို့တင်ထားတဲ့ အကြောင်းရာကို  မိမိတို့ ဘလော့မှာ  သူများအသုံးပြုနိုင်အောင် တင်ပေးနည်းလေးကိုဆက်ပြပါမယ်...

ဘလော့မှာ  Downlaod Link  ချပေးနည်း ( ဘလော့ကာဆိုင်ရာ )

ပထမဆုံး မိမိတို့ဘလော့ရဲ့  post တင်ဖို့ အနေထားကို သွားလိုက်ပါနော်..


အပေါ်ကတိုင်း ရောက်တာနဲ့  မိမိတို့  ဒေါင်းလင့် ချပေးလိုသော အကြောင်းရာ ရဲ့ လင့်ကို တင်ပေးကြမယ်ဗျာ... တင်တာကလည်း ၂  နည်းရှိပါတယ်.. 
နံပါတ်(၁)  စာသား နဲ့ ဒေါင်းလင့်ပေးနည်း
နံပါတ် (၂)  ပုံလေးတွေနဲ့ ဒေါင်းလင့်ပေးနည်း
ဆိုပြီးပေါ့..ကြိုက်တာနဲ့  ပေးပါ...လုပ်ဆောင်ချက်ကတော့ တူတူဘဲဖြစ်ပါတယ်...နော်  ကျနော် စာသားလေးနဲ့ ပြသထားပါတယ်.... ပုံမှာပြထားသလိုပေါ့   သည်မှာ    ဒေါင်းရန်  ဆိုတာလေးမှာ
သည်မှာ   ဆိုတာလေးထဲကို မိမိတို့  ဒေါင်းလင့်ကို ဖွက်ထားရမှာဖြစ်ပါတယ်..အဲအတွ့်
သည်မှာ   ဆိုတာလေးကို  Select  လုပ်ပေးလိုက်ပါ  ပြီးတာနဲ့ အပေါ်ဘားက  link   ဆိုတာကို ကလစ်လိုက်ပါနော်... ဘော်ကလေးတခုကျလာမှာဖြစ်ပါတယ်...


ခုလို ကျလာတဲ့ ဘော်ကလေးမှာ အကွက်လေး  ၂ခု ရှိပါတယ်..အပေါ်ကတော့ မိမိတို့ စောစောကရေးသားခဲ့တဲ့  သည်မှာ   ဆိုတာလေးရဲ့ နေရာဖြစ်ပါတယ်...  သည်နေရာမှာ ပုံနဲ့ တင်တဲ့ သူတွေအတွက်  အပေါ်အကွက်လေးက ဘာမှ မပေါ်ဘဲ ဖြစ်နေမယ်  ပုံနဲ့မို့ပေါ့...
အိုကေ  အောက်က Web Adress ဆိုတာထဲမှာဘဲ  မိမိတို့  ဒေါင်းစေခြင်သော  လင့်အမှန်ကို
ထည့်ပေးလိုက်ပါနော်.. စောစောက  Upload  တင်တုန်းက နေရာမှာ  လင့်ကို ကော်ပီ သွားယူလိုက်ပါ သည်မှာ ထည့်ပေးလိုက်ပါ... အဲလိုနဲ့  ပို့စ်ထဲက သည်မှာ   ဆိုတာလေးက ပုံမှန်စာသားမဟုတ်တော့ဘဲ
လင့်အဖြစ် ပြောင်းလည်းနေပါပြီ...နော်....ဒါဆို သဘောပေါက်ရောပေါ့....ဟူးးးးမောထာာာာေိေိ
မှတ်ချက်   ။      ။  ပုံနဲ့ ဒေါင်းလင့်ပေး တာလည်း တူတူပါဘဲ ကြိုက်တဲ့ ပုံထည့်ပါ... ပြီးတာနဲ့  အဲပုံကို ကလစ်ပါ.. နောက် အပေါ်က link ကလစ်ပါ..တူတူပါဘဲဗျာ..

အစစအဆင်ပြေပါစေလို့  ဆုတောင်းလို်ကပါတယ် မရှင်းတာများရှိပါက  ချက်ဘောက်မှာ အော်ခဲ့ပါနော်...

စာအုပ်အဖြစ် ဒေါင်းယူလိုပါက

( OR )


ဘလော့ခရီးသည်





Rate this posting:
{[['']]}

Wednesday, November 19, 2014

ဘလော့မှာ စာမျက်နှာ လှလှလေးတွေ ထားကြမယ်နော်..လွယ်ကူတဲ့နည်းလေးပေါ့


မင်္ဂလာပါနော်...ကွှန်တော် သည်နေ့ ရေးသားဖြစ်တာလေးကတော့  ဘလော့တွေမှာ ပို့စ်အောက်က စာမျက်နှာ နံပါတ်လေးတွေ ထားတဲ့ စတိုင်လေး တွေနဲ့ထားမယ်ဆို နည်းလမ်းလေး အလွယ်တကူအသုံးပြုနိုင်ရန် ပြန်လည် မျှဝေလိုက်ပါတယ်နော်..လု်ပနည်းတွေနဲ့အတူ သေသေခြာခြာ ရှင်းပြထားတာမို့ စမ်းသတ်လိုက်ပါ ...စမယ်နော်..
ပထမဆုံး မိမိတို့ ဘလော့ကာကို  Sing In  ဝင်လိုက်ပါနော်... ရောက်တာနဲ့ အောက်ပါတိုင်း ဆက်သွားလိုက်ပါ...

►1-  Blogger Singin ဝင်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ..
►5- Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

အဆင့် ( ၁  )     အနေနဲ့  မိမိတို့ ဘလော့ကာရဲ့ Html  Code  တွေထဲရောက်တာနဲ့..လိုအပ်တာတွေ ဆက်လုပ်ကြပါမယ်နော်...

ကုဒ်တွေထဲမှာ မောက်တချက်ချကလစ်ပါနောက်  Ctrl + F ဆိုတာတွဲကလစ်လိုက်ပါ..
ကုဒ်တွေရဲ့ ညာအပေါ်ထောင့်မှာ  Search Box  လေးတခုကိုတွေ့ရမှာဖြစ်ပါတယ်..
အဲဘောက်ထဲမှာ  အောက်ကရှာခိုင်းတဲ့ကုဒ်ကို ထည့်ပြီး Enter ခေါက်ရှာလိုက်ပါနော်...
</body>  ိုတဲ့ကုဒ်လေးကို ထည့်ပြီးရှာလိုက်ပါ..တွေ့ပြီဆိုတာနဲ့ အောက်ကပုံလေးတိုင်း
ပေးထားတဲ့ကုဒ်တွေကို  </body>  ရဲ့အောက်မှာ ကပ်ထည့်ပေးလိုက်ပါ။

    ထည့်ရန်အတွက်ကုဒ်များ   

<b:if cond='data:blog.pageType != &quot;item&quot;'>
<b:if cond='data:blog.pageType != &quot;static_page&quot;'>
<script type='text/javascript'>
  /*<![CDATA[*/
    var perPage=7;
    var numPages=6;
    var firstText ='First';
    var lastText ='Last';
    var prevText ='« Previous';
    var nextText ='Next »';
    var urlactivepage=location.href;
    var home_page="/";
  /*]]>*/
</script>
  <script src="http://helplogger.googlecode.com/svn/trunk/page-navigation2.js"/>
</b:if>
</b:if>
 သည်ပုံလေးအတိုင်း လုပ်လိုက်ပါနော်



ပြီးတာနဲ့   Save Template  ဆိုတာကလစ်ဆေ့ပေးလိုက်ပါနော်။

 အဆင့်   (  ၂  )   အနေနဲ့ကတော့ နောက်ထပ်  ဘလော့ရဲ့ စာမျက်နှာ ကုဒ်တွေ ဒီဇိုင်းတွေ ဆိုင်ရာ ထည့်ရမှာဖြစ်ပါတယ်..။အောက်ကတိုင်းပေါ့
 မိမိတို့ ကုဒ်တွေထဲက  ကုဒ်တစ်ခုကို ထပ်ရှာရမှာဖြစ်ပါတယ် ရှာရမဲ့ကုဒ်နဲ့ ရှာနည်းကို ရှင်းပြပါ့မယ်..

]]></b:skin>  ဆိုတဲ့ကုဒ်လေးကို အပေါ်ကရှာတဲ့အတိုင်း Search  Box  ထဲမှာထည့်ရှာရမှာပါ..
သည်ကုဒ်လေးရှာတဲံအခါသတိထားစေလိုပါတယ်..တော်တော် များများက ရှာမတွေ့တတ်ကြပါဘူး ဒါကလည်း ခုနောက်ပိုင်း ကုဒ်တွေ ခေါက်ထားတဲ့  ပြသနာလေးကြောင့်ဘဲဖြစ်ပါတယ်.. အဲတာကိုရှင်းပြမယ်နော်..  ရှာတဲ့အခါ    b:skin   လေးကိုဘဲ ရေးထည့်ရှာပါ။ အဲခါမှာ တွေ့လာတဲ့ကုဒ်ရှေ့မှာ  မျှားအမည်းလေးကိုတွေ့မယ် အဲတာ ကျနော်တို့လိုခြင်တဲ့ကုဒ်ကို ခေါက်ထားတဲ့ မျှားလေးပါ သူ့ကိုကလစ်ပြီး ဖြေပေးလိုက်ပါ..
အိုကေ ဒါဆို Search Box မှာ မောက်တချက်ကလစ် Enter  တချက်ထပ်ခေါက်လိုက်ပါ..
ဒါဆို ကျနော်တို့လိုခြင်တဲ့  ]]></b:skin>   ကုဒ်  တိုင်းတွေ့ရပါပြီ....။
တွေ့တာနဲ့ သူ့အပေါ်မှာကပ်လျှက်  အောက်က မိမိတို့ ကြိုက်တဲ့ ဒီဇိုင်း ပုံစံ  နံပါတ် ( ၁ )...( ၂ )...( ၃  )
ထဲက ကြိုက်ရာပုံစံရဲ့ ပေးထားတဲ့ ဘောက်လေးထဲက ကုဒ်ကို ထည့်ပေးလိုက်ယုံပါဘဲဗျာ...
ပုံလေးကို ကြည့်လိုက်ပါ


 ပြီးတာနဲ့  မိမိတို့ Template  ကို Save  နိုင်ပါပြီနော်...အဆင်ပြေမယ်ဆိုတာ ယုံပါတယ်..
စတိုင်တွေရဲ့ ကုဒ်တွေအောက်မှာ ယူလိုက်ပါ.. အဆင့် ( ၂ ) မှာ ထည့်ရမဲ့ ကုဒ်တွေနော်...

    ထည့်ရန်အတွက်ကုဒ်များ   

ဒါလေးကတော့ ကျွန်နော်ကိုယ်တိုင်သုံးထားတဲ့  Style ( 1 ) ပုံစံလေးပါ

 


 နောက်ထပ် စတိုင်ပုံစံ  ( ၂ ) အနေအထားလေးပါနော်

  

ဒါကတော့ စတိုင်လေးနောက်တခု ပုံစံ  ( ၃ )  ပေါ့ဗျာ.
  

 အားလုံး အဆင်ပြေ ကြပါစေလို့ ဆုတောင်းလျှက်
ဘလော့ခရီးသည်
ဆင်မပြေပါက ချက်ဘောက်မှာ အော်ခဲ့ပါ။

Rate this posting:
{[['']]}

Tuesday, November 18, 2014

ကျွန်ပျူ တာမှ Backup & Restore လုပ်နည်း ( pdf download )






ကွန်ပျူတာ ဆိုင်ရာ စာအုပ်လေးနဲ့ ပို့စ် လေးတခုကိုသည်နေ့ အားနေတာနဲ့ ရေးဖြစ်တယ်ဗျာ
တော်တော်များများသိထားတဲ့နည်းပညာလေးပါဘဲ ကျွန်တော် သိမ်းဆည်းထားတာ ကြာပါပြီ  ခုမှ အမှတ်ရလို့ တင်လိုက်တယ်... ဒါလေးကတော့  ကွန်ပျူ တာမှ  Backup & Restore လု်ပဆောင်နည်းလေးဘဲဖြစ်ပါတယ်....


စာအုပ်အဖြစ်ဒေါင်းယူလိုပါက  အောက်မှာ  Backup  လုပ်နည်း နဲ့ Restore လုပ်နည်းဆိုပြီး  ၂ အုပ်ခွဲရေးထားပါတယ်..နော်

ကွန်ပျူ တာ Backup လုပ်နည်း

(or)

ကွန်ပျူတာ Restore လုပ်နည်း

(or)


 ကျနော်ရေးသော အခြားစာအုပ်များ ဒေါင်းယူလိုပါက    သည်မှာ    ဝင်ဒေါင်းလိုက်ပါနော်
ဘလော့ခရီးသည်
Rate this posting:
{[['']]}

Sunday, November 16, 2014

How To Backup & Restore Your Pc ( ကွန်ပျူတာမှာဘက်အပ်လုပ်ယူနည်း & ပြန်သွင်းနည်း)

 မင်္ဂလာပါ ကျွန်တော် ကွန်ပျူတာမှာ ဘက်အပ် လုပ်ဆောင်ခြင်း ကဏ္ဍကို အရှင်းလင်းဆုံး၊ နားလည်နိုင်ဆုံး ဖြစ်စေရန်အတွက် အသေးစိတ်တစ်ဆင့်ချင်းကို   ပုံလေးတွေနဲ့ တကွ ရှင်းလင်းဖေါ်ပြပေးထားတာပါ။

ကဲစလိုက်ကြရအောင် back up ဘာလို ့လုပ်ရသလဲဆိုတာကို အရင် သိသလောက်ပြောပြပါ့မယ်နော်....
ကွန်ပျူတာတွေရဲ့ ဝင်းဒိုးပြဿနာတွေ ခဏခဏတက်နေတဲ့အတွက် အစကနေပြန်ပြန်ပြီး Windows မတင်ချင်တာရယ်၊ ကိုယ်ထည့်သွင့်ထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြားပြဿနာ တစ်ခုခုကြောင့် ဖြစ်စေ မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ back up Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား ဖြစ်သလို  Software တွေလည်း တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တကယ်တော့  Windows Partition အပိုင်းတစ်ခုလုံးကို Image file အဖြစ် copy ကူးယူလိုက်ခြင်းဖြစ်ပါတယ်...ဒါလေးကို ကျွန်တော် စတင်လုပ်ခဲ့စဉ်က  နေမင်းမောင်  ဆိုဒ်မှာ တွေ့ပြီး လေ့လာလုပ်ဆောင်ခဲ့ဘူးပါတယ်...

သိထားရမှာကတော့   back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ ထည့်ပြီးတဲ့ အချိန် မှာ လုပ်ထား တာပိုကောင်းပါမယ်နော်...အချိန်ကာလကြာလာမှ လုပ်ကြမယ်ဆို  ဝင်းဒိုးထဲမှာလဲ program တွေများလာမှာဖြစ်တဲ့အတွက် ဒီအချိန်ကြမှ back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ ့အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီးတဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ ၊ program တွေ ၊ Driver တွေ ထည့်သွင်း ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ ့ပြောရမယ်ဆိုရင် ဝင်းဒိုးတစ်ခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့  program ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို ့ back up လုပ်တဲ့အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်ရှိတာကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင်တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။ restore ပြန်လုပ်မယ်ဆိုရင်လဲ မိမိအသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။
သည်လို နည်းလမ်းလေးတွေကိုလည်း ကျွန်တော်ကိုယ်တိုင်  စတင်လေ့လာစဉ်က  မှတ်သားခဲ့ဖူးတာလေးတွေကို  ယခုချိန် ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်...
မူပိုင်နည်းပညာတွေ မဟုတ်ပေမယ့်  လက်ဆင့်ကမ်းတဲ့အနေနဲ့  မှတ်သားထားမိသလောက်တော့ ပြန်လည် ဝေမျှသွားမှဖြစ်ပါတယ်နော်...
လေးစားစွာဖြင့်....ဘလော့ခရီးသည်

 How To Backup Your Pc

 ပုံနှင့်တစ်ကွ  ကျွန်တော် လုပ်ထားတာလေးတွေကို တဆင့်ခြင်းရှင်းသွားပါ့မယ်နော်..
စဖို့ရာအတွက် မိမိတို့ ကွန်ပျူတာမှ  Contropanel  ကိုသွားလိုက်ပါ

အဆင့် (၁)          အနေနဲ့ Backup and  Restore  ဆိုတာကိုကလစ်လိုက်ပါ။


အဆင့်  (၂)             အနေနဲ့ဆက်လက်ပြီး Set Up Backup  ကိုကလစ်လိုက်ပါ။


အဆင့် (၃)                အနေနဲ့ကတော့ အပိုင်းတွေ မြင်နေရပါမယ် မိမိတို့ သိမ်းလိုသောအပိုင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်


အဆင့်  (၄)       အနေနဲ့ကတော့ Let Me Choose  ဆိုတာအမှတ်ပေးကာ အောက်က Next ဆိုတာကလစ်ပါ။


အဆင့်  (၅)           အနေနဲ့ကတော့မိမိတို့ Backup  လု်ပလိုသော အပိုင်းတွေ ဖိုင်တွေ ကိုရွေးချယ်နိုင်ပါတယ်။


အဆင့် (၆)           အနေနဲ့Change schedule ဆိုတာကလစ်ပြီး ဆက်သွားပါ။


အဆင့်  (၇)               အနေနဲ့ အချိန်ကာလ နေ့ရက်တွေ ရွေးချယ်နိုင်ပါတယ်။


အဆင့်  (၈)          အနေနဲ့ မိမိတို့ Backup လုပ်ငန်းစတင်နေပါပြီ....စောင့်နေလိုက်ပါနော်။



အချိန် အသင့်တင့်တော့ ကြာပါမည်... စောင့်နေရပါမယ်နော်...ဒါဆို မကြာခင်မှာ မိမိတို့  ကွန်ပျူတာမှ Backup  ကိုရရှိမှာဖြစ်ပါတယ်... သည်လောက်ဆို  Backup   လုပ်ဆောင်ခြင်း ကို နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. BACKUP  လုပ်ဆောင်ချက်လေးများကို စာအုပ်အဖြစ် ဒေါင်းယူလိုပါက.....

How To Backup Your Pc ( PDF-DOWNLAOD)

Restore  လုပ်နည်းကိုလည်း ဆက်လက် ရေးသား ပေးပါ့မယ်...နော်..


ကွန်ပျူ တာမှာ RESTORE  ပြုလုပ်နည်း

အဆင့်  ( ၁ )  အနေနဲ့  မိမိတို့ ကွန်ပျူတာ နဲ့ Contropanel ကိုဝင်ပြီး Backup and restore  ကိုဝင်ပါ။

 
အဆင့်  ( ၂ )        အနေနဲ့  Recover system setting or your computer   ကို Click ပါ။


 အဆင့်  ( ၃ )         အနေနဲ့ကတော့   Advance recovery method    ကိုရွေးချယ်လိုက်ပါ


အဆင့်  ( ၄ )        အနေနဲ့ဆက်လက်ပြီး ( Choose Advance recovery method ) တွင် မိမိသိမ်းထားခဲ့ တဲ့ Back up file မှတစ်ဆင့် Restore လုပ်မှာဖြစ်တဲ့အတွက် Use a system image you created earlier to recover your computer ကိုရွေးပြီး Click ပေးလိုက်ပါ။


အဆင့်  ( ၅ )                  ကတော့ Restart ဆိုတာကလစ်လိုက်ပါနော်.



အဆင့် ( ၆ )                 မှာဆက်လက်ပြီးတော့  Next  ဆိုတာကလစ်ပါ။


အဆင့်  ( ရ )                     ကတော့ အောက်ကပုံတိုင်း
back up လုပ်ထားတဲ့ image file တည်နေရာကို  အလိုအလျောက် ဖေါ်ပြပေးပါလိမ့်မယ်။ Next က်ို ဆက်ပြီး Click ပါ။


အဆင့် ( ၈ )                     မှာက Next ဆိုတာနဲ့ဆက်သွားလိုက်ပါ။


အဆင့် ( ၉ )            ကိုူဆက်လက်ကြည့်လိုက်ပါ  အောက်ကတိုင်း Finish  ဆိုတာပေါ့ဗျာ..


အဆင့်  ( ၁ဝ )                 အနေနဲ့ လုပ်ဆောင်ချက် နောက်ဆုံး ဖြစ်ပါတယ် Restore  လုပ်ငန်းစဆင်နေပါပြီ.. စောင့်နေလိုက်ပေတော့နော်...အိုကေ


စာအုပ်အဖြစ်ဒေါင်းယူလိုပါက  အောက်မှာ  Backup  လုပ်နည်း နဲ့ Restore လုပ်နည်းဆိုပြီး  ၂ အုပ်ခွဲရေးထားပါတယ်..နော်

ကွန်ပျူ တာ Backup လုပ်နည်း

(or)

ကွန်ပျူတာ Restore လုပ်နည်း

(or)


 ကျနော်ရေးသော အခြားစာအုပ်များ ဒေါင်းယူလိုပါက    သည်မှာ    ဝင်ဒေါင်းလိုက်ပါနော်
ဘလော့ခရီးသည်

Rate this posting:
{[['']]}

Saturday, November 15, 2014

ဘလော့မှာ မည်သည့်ဆော့ဝဲလ်မှ မသုံးဘဲ 3 D Text စာလုံးတွေရေးနည်း

မင်္ဂလာပါ  သည်နေ့ ရေးဖြစ်တာလေးကတော့ မိမိတို့ဘလော့မှာ  မည့်သည့်ဆော့ဝဲလ်တွေမှ  အသုံးမပြု ဘဲနဲ့  3D  Text  စာလုံးလေး ရေးနည်းကိုဘဲ ဖြစ်ပါတယ်... ဒါလေးကတော့  Css3 ကုဒ်နဲ့ အသုံးပြု ရေးသားထားခြင်းဖြစ်တာကြောင့်  အသင့်ပေးထားတဲ့ ကုဒ်တွေကိုဘဲ အသုံးပြု  ရေးသားလိုက်ပါနော်..  နှစ်သက်တယ်ဆို အောက်မှာ ထည့်နည်းနဲ့ လိုအပ်တဲ့  ကုဒ်တွေကို ပေးထားပါတယ်တော်....လေ့လာလိုက်ပါနော်

အသုံးပြု နည်း
=======

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

             


မှတ်ချက်  ။     ။  ကုဒ်တွေထဲမှာ   http://www.aungsanmks.com  နေရာ မိမိတို့ 

ဘလော့အမည်အစားထိုးနိုင်ပါတယ်... အောက်ဆုံး ကုဒ်တွေထဲက
WELCOME
FROM
MY
BLOGS
ဆိုတာတွေမှာ နှစ်သက်ရာ စာသားကို ရေးနိုင်ပါတယ်... မြန်မာ စာနဲ့လည်း အသုံးပြုနိုင်ပါတယ်။
 ကုဒ်တွေမှာ  FONT  အရွယ်အစားတွေ  အကျယ်အဝန်း စတာတွေ  နံပါတ်တွေပါ  ပါတယ်.. ကြိုက်သလို  မိမိဘလော့ Widget  နဲ့ ကိုက်ညီအောင် ချိန်းနိုင်ပါတယ်...

ဘလော့ခရီးသည်

Rate this posting:
{[['']]}

Saturday, November 8, 2014

Email & Facebook အကောင့်အလွယ်တကူဖွင့်နည်း

မင်္ဂလာပါနော်...သည်နေ့ ကျွန်တော် ရေးသား ဖြစ်တာလေးကတော့  အကောင့်ဖွင့်လိုသူတွေအတွက် အခက်ခဲ များစွာကို ကျော်ဖြတ် စေပြီး အလွယ်တကူဖွင့်နိုင်မဲ့ နည်းလမ်းလေးတစ်ခုလို့ ယုံကြည်လို့ ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်.. ဒါလေးကတော့  ကျနော် စမ်းသတ် ဖွင့်နေတာ အကောင့်  ၃  ခု တိတိ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ.... ဟိုနေ့ကဘဲ  fb  ပေါ်တင်ပေးပါသေးတယ်..နောက် သူငယ်ချင်းတွေက  ဘလော့ကနေ ပုံလေးတေနဲ့ ခါတိုင်းလို ရှင်းပြပါဆိုလို့  တခုထပ်ဖွင့်ရင်း ရှင်းပြလိုက်တာပါ.... ကဲ  စကြမယ်နော် လေကြောရှည်နေမယ်..ေိေိ

ပထမဆုံး အနေနဲ့ မေးအကောင့်တခုလိုအပ်ပါတယ် အဲအတွက် အလွယ်ဆုံးမေးကို ဖွင့်ကြမယ်.....

သည်နေရာကို    ကလစ်ပြီးသွားလိုက်ပါနော်...  ( http://www.mail.com/int/  )

ဒါဆို အောက်ကပုံလေးတွေတိုင်း ရှင်းသွားမယ်နော်...

အဲလိုတွေ့တာနဲ့ အနီ ကွက်ပြတဲ့ Get Free Email Account  ဆိုတာကိုကလစ်ပြီး စလိုက်ကြရအောင်

အဲမှာ လိုအပ်တဲ့ အမည်တွေ မွေးနေ့တွေ စသဖြင့် လိုက်ဖြည့်ပေးလိုက်ပါ... အဲမှာ သတိထားရမှာကတော့ အနီးဝိုင်းထားတဲ့ နေရာလေးပါဘဲ... အဲမှာ down arrow လေးကလစ် ပြီး မိမိဖွင့်လိုတဲ့ အမည်ကိုလိုက်ရွေးပါ  အများကြီး လု်ပနိုင်ပါတယ်.. သူကတော့  @ လေးရဲ့နောက်က ပါလာမဲ့ အမည်ပေါ့နော်... ဥပမာ  ခုကျနော်ဖွင့်လိုက်တာက...
abcxyz  ဆိုတဲံအမည်နဲ့ပါ အဲတာကို ရေးပါ ရှေ့အကွက်မှာ နောက်က  မျှားကနေ  တခုခုရွေးလိုက်ပါ ကျနော် ရွေးလိုက်တာက @ dr.com ကိုပါ ဒါပေမယ့်  သူကလည်း မရဘူးဆို ရနိုင်တဲ့ အမည်တွေကို ဖေါ်ပြပေးတာကြောင့်  ရတာကို ထပ်မံရွေးချယ်နိုင်ပါတယ်.. dr.com နဲ့မရလို့ သူပေးထားတဲ့  ရနိုင်တာတွေ ထဲက  @ ingineer.com  ဆိုတာနဲ့ ကစ်လိုက်တယ်.ေိေိ အိုကေ
အားလုံးအိုကေတာနဲ့ အောက်ဆုံးမှာ  I Accept ဆိုတာကလစ်ပေးလိုက်ပါ...ခဏစောင့်ပါ

အဲတာဆို  အောင်မြင်ပါပြီ.. သင့်အတွက် မေးတခုရရှိပြီဖြစ်ပါတယ်နော်... အိုကေနော်  ဒါဆို
မေးရပြီ ဆိုမှတော့  facebook  အတွက် ဖွင့်နည်းကတော့ လူတိုင်းလိုလိုသိနေတော့ မဖေါ်ပြလိုတော့ပါဘူး  ပုံမှန်တိုင်းဆက်လက် ဖွင့်နိုင်ပါတယ်... အဆင်ပြေပါတယ်..
facebook  အကောင့်ပြီးတာနဲ့  အတည်ပြုဖို့ မေးထဲဝင်ရပါတယ်.. ခုဏ လုပ်နေတဲ့ မေးရဲ့ email ထဲဝင်ထားလိုက်ပါ.... ဒါဆို  facebook   ကလာတဲ့ စာတွေ့မယ် ဖွင့်လိုက်ပါ အောက်ကလိုတွေ့မှာပါ

ဒါဆို  Compirm Your  Account  ဘဲကလစ်အတည်ပြု ပြု
အောက်က  ကုဒ်နံပါတ်ကိုဘဲ  ယူထည့်ပေးပေး  facebook  အကောင့်အတည်ဖြစ်ဖို့ လုပ်ပေးလိုက်ပါ..တခု လုပ်ပေးတာနဲ့ ရပါပြီ...အောင်မြင်ပါပြီနော်..
အားလုံးးအဆင်ပြေကြပါစေ
တာ့တာ....ဘိုင်ဘိုင်
ဘေလာ့ခရီးသည်




Rate this posting:
{[['']]}

Twitter Facebook More