နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Friday, May 20, 2016

Nyi Nay Min - Animals 1 Font

ဒီဖောင့်နာမည်ကို ခေါ်မယ်ဆို ကျနော့်နာမည်ကို ခေါ်ပြီး တွံတွေးတစ်ချက် မြိုချပြီးမှ နောက်က Animals ကို ထပ်ခေါ်ပါ .. တစ်ခါတည်း တွဲပြီး မခေါ်ပါနဲ့။ ဖောင့်က တစ်ခြားနာမည်ပေးမလို့ဟာ တော်ကြာ ဒီဇိုင်းဆွဲတဲ့အခါကျ ဖောင့်တွေကို နာမည်မမှတ်မိမှာစိုးလို့ Animals font လို့ပေးလိုက်တာပါ။ အကြောင်းကတော့ ဒီ Font ထဲမှာ တိရိစ္ဆာန်မျိုးစုံပုံတွေကို ထည့်ထားပေးလို့ပါ။ :D :P ကိုယ်တိုင်လုပ်ထားတဲ့ ဖောင့်လေးတွေပါ။ တကယ်တော့ ကျနော့်ဆိုင်အတွက်ဆိုပြီးတော့ လုပ်လိုက်တာပါ။ ပြီးတော့မှတစ်ခြားသူတွေကိုလည်း သုံးစေချင်လို့ ပြန်တင်ပေးလိုက်ပါတယ်။

ကဲ Download လုပ်မယ်ဆိုရင်တော့ အောက်မှာတင်ပေးထားပါတယ်။ အဲ့ကနေ ယူလိုက်ပါ။ Google Drive ကနေ တင်ပေးထားပါတယ်။ အဆင်မပြေတာရှိရင်ပြောပါ။

Download NyiNayMin Animals 1 Font
Rate this posting:
{[['']]}

Nyi Nay Min Knote font

ကဲကဲ ဟိုတစ်ရက်က ဖောင့်ကလဲ တစ်ခုတည်းလားလို့ မေးနေကြတဲ့ ညီအစ်ကိုတွေ အတွက် ဒီကနေ့ ကနုတ်ဖောင့် ၁ ကိုတင်ပေးလိုက်ပါတယ်။ အားလုံးလည်း ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အချောသတ်ပြီးပါပြီ။ ဒီတစ်ခါတော့ ဖုန်းသမားတွေပါ download လုပ်လို့ရအောင် winrar နဲ့ချုံ့ပြီးတင်ပေးထားပါကြောင်း။ ယခုဖောင့်သည် ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားသော ဖောင့်ဖြစ်တာကြောင့် အပြင်မှာ ရောင်းစားတာမျိုးတွေ မလုပ်စေချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ကိုယ့်ဖက်ကနေ တတ်နိုင်သလောက်ပေးဖို့ပဲ ကြည့်ပါတယ်။ အခုလို အပင်ပန်းခံလုပ်ပေးနေတာကလည်း ဘာကိုမှ မမျှော်လင့်ပါဘူး။ ကျွန်တော်ဝဘ်ဆိုက်စရေးတုန်းကလိုပေါ့။

တစ်နေကုန်ဝဘ်ဆိုက်မှာ ရေးနေတာ ပိုက်ဆံတွေအများကြီးရမှာပဲနော်တဲ့ အင်္ဂလန်ကနေလာလည်တဲ့ နိုင်ငံခြားသား သူငယ်ချင်း တစ်ယောက်က မေးပါတယ်။ ကျွန်တော်က ငါတို့နိုင်ငံက မင်းတို့လိုမဟုတ်ဘူး နည်းပညာပိုင်းဆင်းရဲကြတယ်လို့။အဲ့တာကြောင့် ငါနိုင်သလောက် ပြန်ကူညီပေးတာလို့။ ပရဟိတအနေနဲ့လုပ်တာလို့ပြောတော့။ အာငါတို့နိုင်ငံမှာပရဟိတအနေနဲ့ လုပ်တယ်ဆိုရင်လည်း ပိုက်ဆံရတာပဲတဲ့။ ကဲထုံးစံအတိုင်းအောက်မှာ Download လုပ်လိုက်ကြပါဦး။

Download Nyi Nay Min Knote
Rate this posting:
{[['']]}

Nyi Nay Min 01 Font ပါ

Nyinaymin 001 font (version 1.0)ပါ ကိုယ်တိုင်လုပ်ထားတဲ့ဖောင့်လေးမို့ အားလုံးပဲ စိတ်လွတ်ကိုယ်လွတ်သုံးလို့ရပါတယ်။ ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတစ်ခါတော့ လိုအပ်တာတွေကိုပြန်ပြီး ပြုပြင်ပေးထားတဲ့ ဖောင့်ကို တင်ပေးလိုက်ပါတယ်။ ဒီဇိုင်နာသမားတွေ ဒီဇိုင်းဆွဲရ အခက်အခဲဖြစ်မှာ စိုးလို့ ဒီဇိုင်းပြန်ဆွဲပြီး ဖောင့်တစ်ခါတည်းလုပ်ပေးလိုက်ပါတယ်။ ကဲ လိုချင်တဲ့သူများ အောက်မှာ ယူနိုင်ပါတယ်။


Download Nyi Nay Min 01 Font
Rate this posting:
{[['']]}

Twitter Facebook More