နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Showing posts with label Android Root ဆိုင်ရာ. Show all posts
Showing posts with label Android Root ဆိုင်ရာ. Show all posts

Friday, July 4, 2014

Android ဖုန်းများကို ကွန်ပျူတာမလိုဘဲ Root ကြမယ်.. ( S4..V-4.3 ကိုစမ်းသတ်အောင်မြင်ထား)

မင်္ဂလာပါနော်.... ကျွန်တော် သည်နေ့ ရေးဖြစ်တာလေးကတော့  ကျွန်တော် ကိုယ်တိုင် ကလိပြီး စမ်းသတ် အောင်မြင်ထားတဲ့  PermRoot လေးအကြောင်းပါဘဲ...သည်ကောင်လေးကတော့ ကျွန်တော် ခု ကျွန်တော့်ရဲ့  Samsaung Galaxy S4 Version- 4.3 လေးကို ထပြီးကလိမိရာကနေ  တကယ် Root ပေါက်သွားတဲ့အတွက် ပျော်မိတယ်... ကိုယ်ပျော်သလို အများပျော်စေဖို့ကို  ဆော့ဝဲလ်တင်မကဘဲ
လုပ်ဆောင်ချက်နည်းလမ်းလေးကိုပါ ပုံလေးတွေနဲ့ အသေးစိတ် ရှင်းပြလိုက်ပါတယ်နော်...

ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...

ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )

အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....

အဆင့် ( ၂ )

ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့

( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...

အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...

အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...

 အဆင့် ( ၄ ) 

 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်


အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ

အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ဝမ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........


<<<တာဝန်မလေးပါကတချက်လောက်ကလစ်ပေးခဲ့စေလို>>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Rate this posting:
{[['']]}

Saturday, April 5, 2014

How To Fix Android 4.3 Jelly Bean Rooting Problem For Galaxy S2-S4-Note2-Note3

မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးသားဖြစ်တဲ့ နည်းပညာလေးကတော့ ခုနောက်ဆုံးထွက် ဗားရှင်းတွေရဲ့
Rooting ပြဿနာတွေ ကိုဘဲဖြစ်ပါတယ်.. ဒါကလည်းကျနော် root လိုက်တဲ့ Note 2 တလုံးကနေ အတွေ့ကြုံရလိုက်ခြင်းဖြစ်ပါတယ်..သည်လိုနဲ့ ရှာဖွေရင်း အဆင်ပြေသွားတဲ့ နည်းလမ်းလေးကို ပြန်လည် တင်ပြလိုက်ရဖြင်းဖြစ်ပါတယ်..သည်လိုပြသနာ ကြုံခဲ့ပါက အဆင်ပြေစေလိုပါတယ်..နော်

Android 4.3 တွေဖြစ်တဲ့  S3-S4-NOTE2-NOTE3 တွေမှာ ဖြစ်တတ်တာတွေ့ရပါတယ်
ဖြစ်ပုံကတော့ Root လိုက်တဲ့အခါမှာ Root  မပေါက်ဘဲ Error တက်သလိုမျိုးပေါ့နော် ပုံလေးနဲ့
ပြပါ့မယ်နော်... မပြောပြတတ်ဘူးးးဟီးးးးးးးးးးးးးးးးးးး

KNOX security, it block/disable SuperSu app
KNOX security, it block/disable SuperSu app
KNOX security, it block/disable SuperSu app
အဲလိုတွေ ဖြစ်တတ်တယ်လေ...အဲတော့ ကျွန်တော် တို့ root ကမပေါက်ဖြစ်နေတာပေါ့ ဒါဆို ကျွန်တော် တို့အနေနဲ့  ဘာဆက်လုပ်ရမလဲ ဆိုတာ ကျနော် လုပ်ခဲ့တဲ့ နည်းလေးတိုင်းပြောခြင်ပါတယ်

ဘာကြောင့်ဖြစ်လည်းဆိုတော့ 
KNOX security, it block/disable SuperSu app
ဖြစ်တာပါ..အဲတာကို ကျနော်တို့ ဖြေရှင်းရပါမယ်..အဲအတွက် လိုအပ်တာကိုလည်း အောက်မှာ ကြည့်လိုက်ပါ
Settings / More / Application manager, Swipe to DISABLED tab and Enable SuperSU app. - See more at: http://www.w0lfdroid.com/2013/12/Fix-Root-Problem-on-Android-4.3-for-Galaxy-S3-S4-Note2-Note3.html#sthash.LXn6R3r4.dpuf
"Unfortunately, SuperSU has stopped"

 ကျနော်တို့ ဖုန်းထဲကိုတချက် ဝင်ကြည့်ပါ 
Settings / More / Application manager, Swipe to DISABLED tab and Enable SuperSU app
ဆိုပြီးတချက် ကလ်စကြည့်ပါ...နော်  အိုကေ သည်တော့ ဖြစ်နေတဲ့  Knox Problem ကို
ဘယ်လို ဖြေရှင်းကြမလဲ...အောက်ကတိုင်းပေါ့..
မိမိတို့ ဖုန်းကနေ Playstore ကိုဝင်ပြီး SuperSu app လေးကို ဒေါင်းရမှာဖြစ်ပါတယ်...
သည်မှာ ဒေါင်းယူနိုင်ပါတယ်

အိုကေ ဒေါင်းပြီးတာနဲ့ Install လိုက်ပါ သူကပထမဆုံးမေးလာမှာကတော့
 သူက ဖွင့်လိုက်တာနဲ့ Update မေးလာမယ် အဲခါ Continue ကိုကလစ်ပေးလိုက်ပါ..

SuperSU will  detect Samsung KNOX security  သူကမေးလာမယ်  disable KNOX
 အဲခါ မှာတော့ "OK"  ပေးလိုက်ယုံပါဘဲနော်။
အိုကေ ပြီးတာနဲ့ Knox is successfully ဆိုပြီးပြလာပါမယ် ok  ပေးလိုူက်ပါနော်။
Install Successfully ဖြစ်တဲ့အတွက် reboot now မှာ  ok ပေးတာနဲ့ ဖုန်း reboot  ကျလာမယ်
အိုကေ နော်...မိမိတို့ ဖုန်းမှာ Root ပေါက်သွားပါပြီဗျာ....
ကဲ အောက်မှာ လိုအပ်တဲ့ ဆော့ဝဲလ် app လေးတွေကို လက်ဆောင်ပေးလိုက်ပါတယ်နော်
     Android အတွက် အသုံးတည့်တာလေးတွေပါ

  1. Odin3 v3.09
  2. Samsaung Driver
  3. Samsaung Kies
  4. Update SuperSu
  5.  Vroot
  6. Cf Auto Root
  7. MMSD Smart Zawgyi
  8. MMFont Installer
  9. Bagankeyboard Pro

ကဲ လက်ဆောင်လေးတွေကို ဒေါင်းပြီး သိမ်းထားကြပါနော်..အချိန်ရမှဘဲ
Android တွေအတွက် လိုအပ်တဲ့ App လေးတွေကို အကုန် စုထားပေးပါ့မယ်...တာ့တာ

<<<တာဝန်မလေးပါကတချက်လောက်ကလစ်ပေးခဲ့စေလို>>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Rate this posting:
{[['']]}

Twitter Facebook More