နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Showing posts with label Service. Show all posts
Showing posts with label Service. Show all posts

Wednesday, August 6, 2014

windows 8 64 မှာ net frame work 3.5 ကို offline တင်နည်း (၁)

မမိုးတို့ windows 8 64 bit မှာ net frame work က 4.0 နဲ့ အလုပ်လုပ်ပါတယ်။ တစ်ခါတလေ GPS software တို့လို software တချို့ တွေသုံးတော့မယ်ဆိုရင် net frame work 3.5 ရှိမှ တင်လို့ရတာပါ။ net frame work 3.5 တင်နည်းတွေ အများကြီးပါပဲ။ online ရော offline ရော ၂မျိုးလုံးပါပဲ။ ခက်တာက online မရနိုင်တဲ့သူတွေ အဆင်မပြေနိုင်တဲ့သူတွေ (ဥပမာ မမိုးတို့) အတွက်တော့ offline နဲ့ ဘယ်လိုတင်လို့ရနိုင်မလဲ ဆိုတာကို ရှာရတော့တာပေါ့။ ထုံးစံအတို်င်း မမိုးရဲ့ ဆရာက google ပါပဲ။ google ထဲဝင်ရှာရင်း cmd ကနေ command နဲ့လဲစမ်းပါတယ်။ error တက်လို့ အခြားနည်းလမ်း ၂ခုလောက်စမ်းပါသေးတယ်။ မရခဲ့ပါဘူး။ နောက်ဆုံး ဆိုဒ်တခုက ဆော့ဝဲရယ် အခြားဆိုဒ်တခုက တင်နဲ့ နည်းလမ်းကို ရောသမပြီး (၁၀)မိနစ်တောင် အချိန်မပေးလိုက်ရဘူး အဆင်ပြေသွားပါတယ်။ စက်တိုင်းကို ဒီနည်းလမ်းနဲ့ တင်လို့ ရချင်မှရမယ်၊ အားလုံးကို ရမယ်လို့ အာမမခံရဲပါဘူး။ ခုမှ ဒီတလုံးပဲ စမ်းရသေးလို့ပါ။ 
ကဲ စလိုက်ရအောင်နော်
ပထမဆုံး အောက်မှာပေးထားတဲ့ ဆော့ဝဲကို ဒေါင်းလိုက်ပါ၊ windows 8 DVD တချပ်တော့ လိုမယ်နော်။




ပြီးရင် zip file ကို ဖြည်ပြီး ပုံပါအတိုင်း right click >> Run as administrator နဲ့ run ပေးပါ။ error တက်ခဲ့ရင် စက်ကို restart တချက်ချပေးပါ။ ပြန်တက်လာရင် ပြန်ပြီး run ကြည့်ပါ။



ဆော့ဝဲတက်လာပြီဆိုရင် ပုံပါအတိုင်း ခွေထည့်ထားသော drive ကို ရွေးပေးပါ။


ပြီးရင် Start Installation ကို နှိပ်ပေးပါ။ အလုပ်လုပ်နေပါမယ်။ ခဏစောင့်ပေးပါ။ မမိုးစက်မှာတော့ (၁၀) မိနစ် နီးပါး စောင့်လိုက်ရပါတယ်။ 


ပြီးသွားရင်တော့ successful ဆိုပြီး net frame work 3.5 installation အောင်မြင်စွာ ပြီးဆုံးပါပြီ။


နည်းပညာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ကြပါစေ
( www.moepcservice.blogspot.com )


Rate this posting:
{[['']]}

Saturday, March 22, 2014

d3dx9_43.dll is missing error ဖြေရှင်းနည်း


chat box ထဲက မေးခွန်းလေးတခုကို ဒီကနေပဲ ဖြေပေးလိုက်ပါတယ်နော်။ 


Question :   game သွင်းရင်းနဲ့ ဒီ error တက်လာလို့ ဘယ်လိုဖြေရှင်းရမလဲ ?

error [d3dx9_43.dll is missing from your computer. Try reinstalling to fix this problem.]

Answer : ပုံမှာပြထားတဲ့အတိုင်း အောက်မှာပေးထားသော websiet မှ dll file ကို download လုပ်ပါ။ 




ပြီးရင် 


download လုပ်ထားတဲ့ zip file ကို ဖြေပြီးd3dx9_43.dll ကို copy ကူးပြီး  
C:\Windows\System 32        အဆင့်ဆင့်ဝင်ပြီး paste လုပ်လိုက်ပါ။ 

Windows ကို restart ပေးလိုက်ပါ။


အဆင်ပြေပါစေ

မိုး
Rate this posting:
{[['']]}

Wednesday, October 23, 2013

Software and Driver error ဖြေရှင်းနည်း (၁)


Software မှားတင်ပြီး Window error တက်သွားသည်ဖြစ်စေ၊ Driver တင်ပြီးမှ မကိုက်လို့ error တက်သွားသည်ဖြစ်စေ Window ပြန်ပြီးတင်တတ်တဲ့သူတွေကို အကြံလေးတခုလောက်ပေးချင်ပါတယ်ရှင်။ ဘယ်လိုအမှားကြောင့်ပဲဖြစ်ဖြစ် အဓိက အမှားမပြုလုပ်မီ အနေအထား ပြန်ရောက်ဖို့ပဲ။ ဘယ်လိုနည်းလမ်းတွေ သုံးသင့်လဲ?
(1) System Restore
(2) Window Safe Mode
Window တက်သေးတယ်ဆိုရင်တော့ System Restore ကိုသုံးနိုင်ပြီး မတက်တော့ဘူးဆိုရင် Window Safe Mode မှ System Restore ကို ပြုလုပ်ပေးနိုင်ပါတယ်။ တခုတော့ရှိတယ် System Restore ကိုသုံးမယ်ဆိုရင် Restore Point ကို သုံးထားမှ ဖြစ်မယ်နော်။ Window 7 Auto Restore မှလဲ software တွေကို Auto Restore ဖြင့် ရှင်းနိုင်ပါတယ်။
Software error and Driver conflig တွေ ဖြစ်လာပြီဆိုရင် Computer ကို Power on ပြီး F8 ကို နှိပ်ပါ။ Window Safe Mode နဲ့ window တက်လာပြီဆိုရင် System Restore လုပ်မလား? ဒါမှမဟုတ် မိမိနောက်ဆုံး အမှားလုပ်ခဲ့တဲ့ Software installation or driver installation ပြန်ဖြုတ်မလား။ Driver error ဆိုရင်တော့ System Restore လုပ်ပေးပြီး error ရှိတဲ့ Software ကိုဖြုတ်မယ်ဆိုရင်တော့ Software ကို Uninstall လုပ်ပေါ့။ ပြီးပြီးဆိုရင် Computer ကို Restart ပေးပြီး Start Window Normally နဲ့ ပြန်တက်ပေါ့။
Rate this posting:
{[['']]}

Twitter Facebook More