နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Showing posts with label Group Policy Editor (Operating System). Show all posts
Showing posts with label Group Policy Editor (Operating System). Show all posts

Thursday, April 5, 2012

Group Policy Editor အကြောင်း အပိုင်း(၂)

Account Lockout Policy
ဝင်နည်း
Start >> Run Box တွင် gpedit.msc ကိုရိုက်ပါ။
ပြီးလျှင် Computer Configuration >> Window Settings >> Security Settings >> Account Policies >> Account Lockout Policy သို့ အဆင့်ဆင့်သွားပါ။

1 . Account Lockout Duration
Account တစ်ခုကို Lock လုပ်ထားလျှင် Administrator မှ မဖွင့်ပေးမချင်း မပွင့်ပါ။
မိနစ်ဖြင့်သတ်မှတ်ထားလျှင် သတ်မှတ်ချိန်ကျော်လျှင် အလိုအလျောက်ပြန်ပွင့်လာပါသည်။ အချိန်ကို 0 မှ
99999 အထိပေးနိုင်သည်။
* Administrator Account >> Computer Management >> Local Users and Groups အောက်ရှိ
User သို့ အဆင့်ဆင့်သွားပါ။ ပြီးလျှင် Account ကို D - Cli နှိပ်ပြီး Account Lockout ရှိအမှန်ခြစ်ကို
ဖြုတ်ပေးပါ။
2 . Account Lockout Threshold
0 to 999 အထိ ပေးနိုင်သည်။ (eg : 3)
Log in ဝင်လျှင် (3) ကြိမ်ထိဝင်နိုင်သည်။ (0) ထားလျှင် Account Lockout လုပ်တော့မည်မဟုတ်ပါ။
* Security တင်းကြပ်ရန်သုံးသည်။ အိမ်သုံးအတွက်မလိုအပ်ပါ။
3 . Reset Account Lockout Counter After
Account ကို Lockout မလုပ်ခင် မှားရိုက်သောအခါ နှစ်ခုကြားထဲမှ အချိန်ကို ဆိုလိုသည်။ 1 to 99999
မိနစ်ထိပေးနိုင်သည်။ Reset Account Lockout Counter After နှင့် Account Lockout Duration သည်
Account Lockout Threshold ကို သတ်မှတ်ပေးမှ ပေးလို့ရသော Policy များဖြစ်သည်။

ချက်ချင်းနားမလည်နိုင်ခဲ့ရင် စိတ်မပျက်ပါနဲ့ လက်တွေ့ပြုလုပ်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
စေတနာဖြင့်
မိုး Rate this posting:
{[['']]}

Group Policy Editor အကြောင်း အပိုင်း (၁)

Group Policy Editor ကို တစ်စုံတစ်ခု မှားယွင်း စွာပြုပြင်မိလျှင် Operating System ကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ အစိတ်အပိုင်းအချို ့ ပျောက်နေခြင်း၊ Operating System လုံးဝမတက်တော့ခြင်းတို့ ဖြစ်တတ်သည်။

Group Policy Editor ဖွင့်နည်း
Start >> Run >> gpedit.msc သို့ အဆင့်ဆင့် ဝင်ပါ။

ကဲ Group Policy ထဲမှ ပထမဆုံး Password Policy လေးကို လေ့လာကြည့်ရအောင်နော်။
Computer Configuration ကို D-Cli နှိပ်ပါ။ Window Settings >> Security Settings >> Account Policies >> Password Policy ကို အဆင့်ဆင့်သွားပါ။

1 . Enforce Password History = Password အဟောင်းပြန်မပေးရန် တင်းကြပ်ထားသော Policy
* Enable လုပ်ထားလျှင် ပေးခဲ့ပြီးသော Password များကို အများဆုံး ၂၄ ခုထိ မှတ်ထားပေးသည်။

2 . Maximum Password Age = Password ကို ရက်သတ်မှတ်ပြီးပြောင်းရသော Policy
* Maximum Security Network - 45 ရက်မှ ရက် 90 အတွင်း ပြောင်းရန်။
High Security Network - 14 ရက်မှ 45 ရက်အတွင်း ပြောင်းရန်။
(မှတ်ချက် ။ ။ Internet ဆိုင်များတွင် သုံးရန်၊ တစ်ကိုယ်ရေသုံး Computer များတွင် အသုံးပြုရန်မလိုပါ။)

3 . Minimum Password Age = Password တစ်ခုကို ရက်အနည်းဆုံး မည်မျှသုံးမည်ကို သတ်မှတ်ရန်
* Minimum Password Age သည် Maximum Password Age တွင် ပေးထားသောရက်ထက် ပိုမပေးရ။

4 . Minimum Password Age = Password အရေအတွက်သတ်မှတ်ရန်
* Password အရေအတွက်ကို အများဆုံး 14 လုံးထိသတ်မှတ်နိုင်သည်။

5 . Password must meet complexity requirements Properties = Password ကို
သတ်မှတ်ချက်အတိုင်း ပေးရန်။
* Password ကို User name ပေါ်မူတည်ပြီးမပေးရပါ။
* Characters အနည်းဆုံး 6 လုံးရှိရမည်။
* Characters များကို Uppercase Alphabet (eg: A, B, C, ..., Z)
Lowercase Alphabet (eg: a, b, c, ..., z)
Nonalphanumeric (!, @, #, ...) များဖြင့် ပေးရမည်။
(မှတ်ချက်။ ။ Security တင်းကြပ်ရန် သုံးသည်)

6 . Store Password Using Reversible Encryption all user in domain - Password ကို ပုံမှန်မဟုတ်ဘဲ
Fomulaတစ်မျိုးဖြင့် သိမ်းနည်း
* Enable လုပ်လျှင် Remote Access Service နှင့် Internet Information Service တို့ လိုအပ်သည်။


မှတ်ချက် း D-Cli ဆိုသည်မှာ Double Click (နှစ်ချက်မြန်မြန်နှိပ်ခြင်း) ကိုဆိုလိုသည်။

အပိုင်း(၂)မှာ ဆက်လက်လေ့လာကြပါလို့ ...
မိုး Rate this posting:
{[['']]}

Twitter Facebook More