နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Showing posts with label စိတ်ခွန်အား. Show all posts
Showing posts with label စိတ်ခွန်အား. Show all posts

Friday, November 18, 2011

မှတ်သားစရာ စကားလေးတွေပါ

မိုးငယ်စဉ်ကတည်းကလေ့လာမှတ်သားခဲ့တဲ့ စကားပုံလေးတွေပါ။ မိုးအရမ်းကြိုက်သလို လိုက်လဲလိုက်နာသင့်တာမို့ မိတ်ဆွေတို့ကို ပြန်လည်မျှဝေခြင်းပါ။

1. The insincere will get no sincere in return.
မရိုးဖြောင့်သည့်ဒဏ် ကိုယ်သာပြန်ခံ။

2. No matter how big the problem is, it can be solved with wise thinking.
မည်မျှကြီးမားသည့် ပြဿနာဖြစ်နေပါစေ။ ချင့်ချိန်တိုင်းထွာတတ်သော ဉာဏ်ပညာဖြင့် ဖြေရှင်းနိုင်သည်။

3. Wisdom is better than beauty.
ဉာဏ်ပညာဟူသည် လှပတင့်တယ်ခြင်းထက် သာလွန် ကောင်းမွန်သည်။

4. Forceful manner cannot always influence people.
ခွန်အားသက်သက်ဖြင့် အရာရာတိုင်းကို မအောင်မြင်နိုင်ပါ။

5. Anyone who has bad intention will always suffer bad results.
မကောင်းကြံစည်သူသည် ဒုက္ခဆိုးကျိုးများဖြင့်သာ ဆုံးခန်းတိုင်ရလိမ့်မည်။

6. Are you trying real hard? (John Harold Johnson)
သင်တကယ်ကြိုးစားနေတာလား
တကယ်ကြိုးစားနေရင် မအောင်မြင်စရာမရှိဘူး။ အောင်မြင်လိမ့်မယ်။ မကြိုးစားတော့ဘူးဆိုမှသာ တကယ်ရှုံးသွားမည်။

7. ငိုမနေနဲ့ပြီသွားလိမ့်မယ်၊ ကြွားမနေနဲ့ ပြီးသွားလိမ့်မယ်၊ ဆင်းရဲတာရော ချမ်းသာတာရော အမြဲမဟုတ်ဘူး တစ်ချိန်ကျရင် ပြီးသွားလိမ့်မယ်။ (ဒါကတော့ မိုးအကြိုက်ဆုံးပါပဲ)

8. ပညာရေးမှာ လူတန်းစား ကွဲပြားမှုမရှိ။ (ကွန်ဖြူးရှပ်)


လေ့လာမှတ်သားရင်း လိုက်နာနိုင်ကြပါစေ

မိုး Rate this posting:
{[['']]}

Monday, October 31, 2011

ကြီးပွါးချမ်းသာရန်လမ်းစများ (2)

လူတိုင်းဟာ မွေးကတည်းက ချမ်းသာလာတာမဟုတ်ပါဘူး။ ပညာလဲတတ်လာကြတာမဟုတ်ပါဘူး။ ဒါပေမယ့် မိမိ လိုချင်တာကို နည်းလမ်းကောင်းတွေလိုက်နာပြီး ကြိုးစားမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာမလွဲပါဘူး။ မိုးဒီပို့စ်လေးတွေကိုရေးရတာဟာ ချမ်းသာဖို့တစ်ခုထဲမဟုတ်ပါဘူး။ ပညာလဲချမ်းသာဖို့ပါပါတယ်။

* မပျင်းရ။
* မည်သည့်အရာကိုမဆို အကောင်းမြင်စိတ်ရှိရမည်။
* အချိန်ကိုမဖြုန်းတီးပါနှင့်။
* အလုပ်လုပ်ရာတွင် ပျော်ပျော်ရွှင်ရွှင်သွက်သွက်လက်လက်ရှိရမည်။
* Custmar များ စိတ်ကျေနပ်စေရန် အထူးစွမ်းဆောင်ရမည်။
* လောကတွင် အမြဲတမ်း ရွှင်ရွှင်လန်းလန်း နေတတ်သော အကျင့်ကို မွေးမြူရမည်။
* အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင် တတ်ရမည်။
* စကားပြောဆိုရာတွင် ရိုးရိုးသားသားပြောဆိုပြီး လူအချင်းချင်း လေးလေးစားစား ဆက်ဆံရမည်။
* သူတစ်ပါး၏ အခက်အခဲများကို တတ်စွမ်းသ၍ ကူညီပေးရမည်။
* မိတ်ဆွေကောင်းရရန်ကြိုးစားပါ။
*မည်သည့်အလုပ်ကိုမဆို ပေါ့ပေါ့ဆဆမလုပ်ရ။
* ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိရမည်။
* ဂုဏ်သိက္ခာကိုထိန်းသိမ်းရမည်။ Rate this posting:
{[['']]}

ကြီးပွါးချမ်းသာရန်လမ်းစများ (1)

* အိတ်ထဲထည့်လိုက်တဲ့ ပိုက်ဆံဆယ်ပြားမှ ကိုးပြားပဲသုံးရတယ်။
* ငွေကြေးကို စနစ်တကျသုံးစွဲခြင်း။
* ဥစ္စာဓနကို ဆတိုးပွါးအောင် ဆောင်ရွက်ပါ။
* ဥစ္စာဓနများကို မဆုံးပါးအောင် ထိန်းသိမ်းကာကွယ်ပါ။
* ကိုယ်ပိုင်အိမ် တည်ဆောက်ခြင်းကို အကျိုးအမြတ်ရှိသော ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ် ဆောင်ရွက်ပါ။
* အနာဂတ်အတွက် ဝင်ငွေသေချာအောင်ဆောင်ရွက်ပါ။
* အို၊ နာ၊ သေ ရေးကိစ္စများအတွက် ကြိုကြိုတင်တင်ပြင်ဆင်ထားပါ။ (မြေယာတွေဝယ်ထားပါ)
* လုပ်ငန်းမှာ ပိုပြီး ပါးနပ်ကျွမ်းကျင်အောင် မပြတ်ဆည်းပူးလေ့လာခြင်းအားဖြင့် မိမိရဲ့ လုပ်ငန်းစွမ်းရည် (သို့) ငွေရှာမှုစွမ်းရည် တိုးတက်ရန် ဆောင်ရွက်ရန်နှင့် မိမိကိုယ်ကိုလေးစားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် မိမိ၏ အပြုအမူများကို စောင့်ထိန်းလေ့ကျင့်ပါ။

မိုး ငယ်စဉ်ကတည်းက လေ့လာမှတ်သားခဲ့တာတွေကို အများကိုမျှဝေချင်လို့ ဒီပို့စ်လေးကိုတင်လိုက်ရတာပါ။ Rate this posting:
{[['']]}

Twitter Facebook More