နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Showing posts with label Web. Show all posts
Showing posts with label Web. Show all posts

Wednesday, March 14, 2012

Start Blog

မိုးရဲ့ Blog လေးကို Blogger ရေစီးကြောင်းထဲ မြောမသွားချင်လို့၊ Professional site တစ်ခုဖြစ်အောင် Hardware ပိုင်းနဲ့ Blog ပိုင်းလေးကို မိုးရွေးချယ်လိုက်ရပါတယ်။ ဒီ post လေးကတော့ Blog အတွက် ပထမဆုံး သော Post လေးပါ။ Blogger ဖြစ်ချင်သူတွေအတွက် ရည်စူးပြီး တင်ပေးလိုက်ရပါတယ်။

Blog တစ်ခုကို အကောင်းဆုံးရေးဖို့အတွက် Google က ပေးထားတဲ့ www.blogger.com လေးကို မိုးရွေးချယ်လိုက်ပါတယ်။ ဘာကြောင့်ရွေးချယ်ရလဲဆိုရင် သုံးရတာ လွယ်ကူတယ်၊ domain name ပြောင်းရလွယ်ကူတယ်။ ဒါကြောင့်မိုးအကြိုက်ဆုံးကိုရွေးချယ်လိုက်ရပါတယ်။

Sign in ပုံ(၁)
Blog ရေးဖို့ www.blogger.com ကိုရိုက်ပြီးဝင်လိုက်ပါ။ ပြီးရင် Get Started ကိုနှိပ်ပါ။













ပုံ (၁)














ပုံ (၂)
Form လေးဖြည့်ရအောင်နော် ပုံ (၂)
Email Address .......................... (Email လိပ်စာ)
Retype Email Address .................................. ( Email လိပ်စာကို နောက်တစ်ခေါက်ထပ်ရေးပါ)
Enter a password ............................... (Email password ကို ရိုက်ထည့်ပေးရပါမယ်)
Retype password ............................... (Password ကို နောက်တစ်ခေါက်ထပ်ရိုက်ပါ)
Display name .................................. ( Website ပေါ်မယ့်နာမည်လေးပါ၊ နှစ်သက်ရာပေးနိုင်ပါတယ်)
Email notification လေးကို အမှန်ခြစ်ပေးခဲ့ပါ။
Gender .................................... ( Male or Female ရွေးပေးပါ)
Birthday .................................. (မွေးနေ့ကို ရိုက်ပေးပါ)
Word Verification ............................ (ဒါကတော့ သူပေးထားတဲ့ စကားလုံးလေးကို သေချာမှန်ကုန်စွာရိုက်ပါ)
Acceptance of Terms ကို အမှန်ခြစ်ပေးခဲ့ပါ။
Continue ကိုနှိပ်ပါ။

Title and Address ပုံ(၃)

1. ဒါကတော့ မိမိရေးမယ့် Blog ရဲ့ Title လေးပါ။ ဒါကအရေးကြီးတယ်နော်။ ကိုယ်ဘာအကြောင်းအရာရေးမယ်ဆိုတာကို သေချာရွေးချယ်သင့်တယ်။ မိုးကတော့ နည်းပညာအကြောင်းရေးမှာမို့ PC Knowledge လို့ပဲပေးလိုက်ပါတယ်။
2. ဒါလဲအရေးကြီးတယ်နော်။ ကိုယ့်ရဲ့ Blog လိပ်စာလေးပါ။ လိပ်စာကို အများမှတ်မိလွယ်တဲ့ နာမည်ကို ရွေးချယ်ပေးပါ။ စာလုံးပေါင်းလွယ်ကူရာကို ရွေးချယ်ပေးပါ။
၃. ဒါကတော့ သူပေးထားတဲ့စကားလုံးတွေကို မှန်ကန်အောင်ရိုက်ပေးပါ။

















ပုံ (၃)

ကဲ ခုတော့ Blog တစ်ခုကိုစရေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဆက်လက်ပြီး လေ့လာပေးပါရန်....................

လေးစားစွာဖြင့်
မိုး Rate this posting:
{[['']]}

Twitter Facebook More