နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Showing posts with label Networking. Show all posts
Showing posts with label Networking. Show all posts

Saturday, November 8, 2014

Email & Facebook အကောင့်အလွယ်တကူဖွင့်နည်း

မင်္ဂလာပါနော်...သည်နေ့ ကျွန်တော် ရေးသား ဖြစ်တာလေးကတော့  အကောင့်ဖွင့်လိုသူတွေအတွက် အခက်ခဲ များစွာကို ကျော်ဖြတ် စေပြီး အလွယ်တကူဖွင့်နိုင်မဲ့ နည်းလမ်းလေးတစ်ခုလို့ ယုံကြည်လို့ ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်.. ဒါလေးကတော့  ကျနော် စမ်းသတ် ဖွင့်နေတာ အကောင့်  ၃  ခု တိတိ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ.... ဟိုနေ့ကဘဲ  fb  ပေါ်တင်ပေးပါသေးတယ်..နောက် သူငယ်ချင်းတွေက  ဘလော့ကနေ ပုံလေးတေနဲ့ ခါတိုင်းလို ရှင်းပြပါဆိုလို့  တခုထပ်ဖွင့်ရင်း ရှင်းပြလိုက်တာပါ.... ကဲ  စကြမယ်နော် လေကြောရှည်နေမယ်..ေိေိ

ပထမဆုံး အနေနဲ့ မေးအကောင့်တခုလိုအပ်ပါတယ် အဲအတွက် အလွယ်ဆုံးမေးကို ဖွင့်ကြမယ်.....

သည်နေရာကို    ကလစ်ပြီးသွားလိုက်ပါနော်...  ( http://www.mail.com/int/  )

ဒါဆို အောက်ကပုံလေးတွေတိုင်း ရှင်းသွားမယ်နော်...

အဲလိုတွေ့တာနဲ့ အနီ ကွက်ပြတဲ့ Get Free Email Account  ဆိုတာကိုကလစ်ပြီး စလိုက်ကြရအောင်

အဲမှာ လိုအပ်တဲ့ အမည်တွေ မွေးနေ့တွေ စသဖြင့် လိုက်ဖြည့်ပေးလိုက်ပါ... အဲမှာ သတိထားရမှာကတော့ အနီးဝိုင်းထားတဲ့ နေရာလေးပါဘဲ... အဲမှာ down arrow လေးကလစ် ပြီး မိမိဖွင့်လိုတဲ့ အမည်ကိုလိုက်ရွေးပါ  အများကြီး လု်ပနိုင်ပါတယ်.. သူကတော့  @ လေးရဲ့နောက်က ပါလာမဲ့ အမည်ပေါ့နော်... ဥပမာ  ခုကျနော်ဖွင့်လိုက်တာက...
abcxyz  ဆိုတဲံအမည်နဲ့ပါ အဲတာကို ရေးပါ ရှေ့အကွက်မှာ နောက်က  မျှားကနေ  တခုခုရွေးလိုက်ပါ ကျနော် ရွေးလိုက်တာက @ dr.com ကိုပါ ဒါပေမယ့်  သူကလည်း မရဘူးဆို ရနိုင်တဲ့ အမည်တွေကို ဖေါ်ပြပေးတာကြောင့်  ရတာကို ထပ်မံရွေးချယ်နိုင်ပါတယ်.. dr.com နဲ့မရလို့ သူပေးထားတဲ့  ရနိုင်တာတွေ ထဲက  @ ingineer.com  ဆိုတာနဲ့ ကစ်လိုက်တယ်.ေိေိ အိုကေ
အားလုံးအိုကေတာနဲ့ အောက်ဆုံးမှာ  I Accept ဆိုတာကလစ်ပေးလိုက်ပါ...ခဏစောင့်ပါ

အဲတာဆို  အောင်မြင်ပါပြီ.. သင့်အတွက် မေးတခုရရှိပြီဖြစ်ပါတယ်နော်... အိုကေနော်  ဒါဆို
မေးရပြီ ဆိုမှတော့  facebook  အတွက် ဖွင့်နည်းကတော့ လူတိုင်းလိုလိုသိနေတော့ မဖေါ်ပြလိုတော့ပါဘူး  ပုံမှန်တိုင်းဆက်လက် ဖွင့်နိုင်ပါတယ်... အဆင်ပြေပါတယ်..
facebook  အကောင့်ပြီးတာနဲ့  အတည်ပြုဖို့ မေးထဲဝင်ရပါတယ်.. ခုဏ လုပ်နေတဲ့ မေးရဲ့ email ထဲဝင်ထားလိုက်ပါ.... ဒါဆို  facebook   ကလာတဲ့ စာတွေ့မယ် ဖွင့်လိုက်ပါ အောက်ကလိုတွေ့မှာပါ

ဒါဆို  Compirm Your  Account  ဘဲကလစ်အတည်ပြု ပြု
အောက်က  ကုဒ်နံပါတ်ကိုဘဲ  ယူထည့်ပေးပေး  facebook  အကောင့်အတည်ဖြစ်ဖို့ လုပ်ပေးလိုက်ပါ..တခု လုပ်ပေးတာနဲ့ ရပါပြီ...အောင်မြင်ပါပြီနော်..
အားလုံးးအဆင်ပြေကြပါစေ
တာ့တာ....ဘိုင်ဘိုင်
ဘေလာ့ခရီးသည်




Rate this posting:
{[['']]}

Tuesday, October 22, 2013

Wifi ကို ဖွက်ထားခြင်း


ခေါင်းစဉ် ကို ကြည့် ပြီးတော့ လဲ အထင် မကြီး ပါနဲ့ ဗျာ

တကယ် တော့ ကျွန်တော် လဲ ဘာ မှ သိတာ မဟုတ်ဘူးရယ်
ဒါပေမဲ့ ကျွန်တော် သိသလောက်လေး ပြန်ပြီးတော့ ဝေ မျှတာ ပါ

ဘာတွေ ကောင်း လဲ ဆိုတာတော့   ကို ရဲ့ လိုင်း ကို သူများတွေ ရုတ်တရက် အလွယ်တကူ မသိနိုင် ဘူး ပေါ့ ဗျာ ... ဒီ ထက် ကောင်းတာ တွေ လဲ ရှိမှာပါ                   


အရင်ဆုံး ကိုရဲ့ Router Setting ထဲ ကို ဝင် ဖို့ သက်ဆိုင်ရာ
Ip address ကို ရိုက်လိုက်ပါ
Default ip address ကတော့  (192.168.1.1) ပါ



ဒါပေမဲ့ ကို ပြောင်း ထား ရင် ပြောင်း ထား သလို ဖြစ် နေမှာပါ

အဲ့ဒီလို ip ရိုက် ပြီးရင် သက်ဆိုင်ရာ
User name
Password ကို ရိုက်ပြီးတော့ ဝင်လိုက်ပါ


အဲ့တာ ဆိုရင် …… ကျွန်တော် တို့ Router Setting ထဲ ကို ရောက်ပါပြီ …. အဲ့ဒီ ထဲ က မှ ….. ကျွန်တော် တို့  wireless ထဲ ကို ဝင်လိုက်ပါ


အဲ့ဒီ မှာ Hide access Point (or) Hide acc ….. စ သည် ဖြင့် ရှိ ပါတယ် …..


အဲ့တာ လေး ကို အမှန် ခြစ်ပြီးတော့ ……. Apply (or) Save လုပ် ပေးလိုက် ပါ

အဲ့တာ ဆိုရင် ရပါ ပြီ ……

ကဲ အဆင် ပြေ ကျ ပါ စေ ဗျာ ........


ကျွန်တော် တော့ ဆက်ပြီးတော့ အပျင်း ထူလိုက် ပါ အုံးမယ် ..... :) :)
Rate this posting:
{[['']]}

Thursday, June 27, 2013

NAS (Network Attached Storage)

Desktop NAS (network-attached storage) ဆိုတာကတော့ ကွန်ရက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေရဲ့ file-level data တွေကိုသိုလှောင်ထားနိုင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ Desktop NAS ထုတ်ကုန်တစ်ခုမှာ သိုလှောင်ခြင်းအပြင် ဖိုင်အချက်အလက်တွေကို backup လုပ်ခြင်းကိုပါ လုပ်ဆောင်နိုင်ပါတယ်။

ဒီထုတ်ကုန်ဟာ ကြီးမားတဲ့ Enterprise NAS စနစ်များနဲ့နှိုင်းယှဉ်ရင် ဈေးနှုန်းသက်သာပြီး အသုံးပြုရာမှာလည်း လွယ်ကူစေကာ အခြေခံ RAID အချက်အလက်ကာကွယ်ခြင်းနဲ့ စီမံထိန်းချုပ်မှုလုပ်ဆောင်နိုင်စွမ်းတို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ အချို့ Desktop NAS ထုတ်ကုန်များမှာ Storage Snapshots နဲ့ Replication လိုမျိုး Enterprise NAS Feature တွေပါဝင်ပါတယ်။ Desktop NAS ဟာ Storage device တစ်ခု (သို့မဟုတ်) အနည်းငယ်နဲ့တည်ဆောView blogက်ထားတဲ့ Hardware ထုတ်ကုန်တစ်ခုဖြစ်ပြီး Operating System (OS) တစ်ခု၊ ဖိုင်စနစ်တစ်ခုအပြင် Windows အခြေခံစနစ်များအတွက် Common Internet File System (CIFS), Linux eJY Unix အခြေခံစနစ်များအတွက် Network File System (NFS) နဲ့ Mac OS အခြေခံစနစ်များအတွက် Apple Filing Protocol (AFP) စတဲ့ Protocol တွေကိုအသုံးပြုပါတယ်။ အချို့ NAS ထုတ်ကုန်တွေဟာ Block-based Data Access, Web Serving နဲ့ Cloud Storage Access အတွက် အပိုဆောင်း Protocol ကိုအထောက်အပံ့ပေးပါတယ်။ Desktop NAS တစ်ခုကို အသေးစားစီးပွားရေးများ၊ ရုံးဌာနများနဲ့ အကြီးစားလုပ်ငန်းများရဲ့ ရုံးခွဲများမှာ အသုံးပြုရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ သုံးစွဲသူတစ်ဦးအနေနဲ့လည်း ကွန်ရက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေကိုသုံးတဲ့ အိမ်သူအိမ်သားများထံ ဖိုင်များနဲ့ သိုလှောင်မှုစနစ်တို့ကို ဝေမျှလိုတဲ့အခါမှာ Desktop NAD ထုတ်ကုန်ကို ဝယ်ယူဖို့လိုပါတယ်။


ရေးသားသူ - နောင်နောင် Rate this posting:
{[['']]}

Twitter Facebook More