နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Friday, May 16, 2014

Blogger တွင် ZawGyi နှင်. Unicode Font များကို Embed လုပ်နည်း( ရှယ်နည်းလေးပါ)


မင်္ဂလာပါနော်  သည်နေ့ ရေးဖြစ်တာလေးကတော့  ဖုန်းတွေမှာ မြန်မာစာ မှရိတောင် ကျွန်တော် 


တို့ဘလော့မှာ ဝင်တာနဲ့ မြန်မာစာမြင်နိုင်မယ့် နည်းလမ်းကောင်းလေးပါဘဲ.. သည်နည်းလေးကိုတော့ 


ပထမ ကုဒ်နမူနာပြသလမ်းညွှန်ပေးထားသော  ကို မိုးသကြား  နဲ့  ကိုမြင့်မင်းစိုး တို့အား 


ကျေးဇူးတင်ရှိပါကြောင်း


Mobile အတော်များများတွင် မြန်မာဖောင်.သွင်းလို.ရသော်လည်း အချို.ဖုန်းများ/Jailbreak မရသေးသော 


IOS User တို.အတွက် မိမိ တို.၏ ဆိုဒ် ကိုဝင်ရောက်.ကြည်.ရှုရန် အခက်အခဲးတွေရပါလိမ်မည်။ဒီနေ.


 ကျွန်တော်. ဆိုဒ် ကို ပြုု.ပြင်ရင်း  ဘလော့ကာ ညီအကို အချို.လုပ်ထားသောနည်းလမ်းကို 


စမ်းကြည့်လိုက်ရာ အောင်မြင်သွားသဖြင်. မသိသောသော ဘလော. ပိုင်ရှင်ဘော်ဘော် တို.အတွက် 


ပြန်ရှယ်ပေးလိုက်ပါတယ်......ထည်.သွင်းလိုပါက အောက်မှာဆက်ဖတ်ပေးပါ ခင်ဗျ။



အသုံးပြုရန် ကုဒ်များ


မြန်မာ Unicode Font ကို သွင်းချင်ပါက အောက်က Code ကိုသုံးပါ။


@font-face {
font-family:'MON3 Anonta 1';
src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}

မှတ်ချက်   ။          ။ မြန်မာ ယူနီ ကုဒ်ထည့်သွင်းပါက  မိမိဘလော့မှာ စာလုံးတွေ 

ကမောက်ကမ ဖြစ်နေပါမည်...ပြင်ဆင်ဖို့လိုပါမည်... ကျွန်တော်ကတော့ Zawgyi Font 

ကိုဘဲသွင်းပါသည်။

မြန်မာ Zawgyi Font ကို သွင်းချင်ပါက အောက်က Code ကိုသုံးပါ။
@font-face {
font-family:'Zawgyi-One';
src:local('Zawgyi-One'),url('http://mmwebfonts.comquas.com/fonts/zawgyi.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'Zawgyi-One'!important;}


 

Blogger တွင်မိမိတို.သွင်းလိုသော blog ၏ template ကို နှိပ်လိုက်ပါ။




မိမိတို့ လုပ်လိုသော ဘလော့ရဲ့  Template ကိုဝင်လိုက်ပါနော်  ပု့လေးတွေနဲ့ တဆင့်ဆီ သွားပြပါ့မယ်..





ရောက်တာနဲ့ Customise  ဆိုတာလေးကိုကလစ်ပေးလိုက်ပါ..


အိုကေ ဘယ်ဘက်တန်းထဲက Advance  ဆိုတာကိုဆက်ကလစ်ပေးလိုက်ပါ။


အိုကေ scorrl ဘားလေးဆွဲချလိုက်ပါ အောက်ဆုံးက Add CSS  ဆိုတာကိုကလစ်ပေးပါ။


အထဲမယ် ကုဒ်ဒင်းတွေတွေ့နိုင်ပါလိမ့်မယ်  အဲကုဒ်တွေရဲ့ အောက်ကနေ အပေါ်က ကူးလာသော

Union Code (သို့) zawgyi one ကုဒ်ကို ထည့်ပေးနိုင်ပါတယ်...

၂.. ခုစလုံးထည့်လိုပါက.. တစ်ခုကို ထည့်ပြီး တာနဲ့ အပေါ်ညာထောင့်က Apply to Blog  

ဆိုတာကလစ်ဆေ့ပြီး မှ  နောက် တကြိမ်  ပထမကုဒ်ထည့်သလို ပြန်ဝင်ထည့်နိုင်ပါတယ်နော်....

ဘယ်ကုဒ်ကို ထည့်ထည့်  အပေါ်က Apply   to  Blog  ဆိုတာတော့ ကလစ်ပေးရမှာဖြစ်ပါတယ်...

အိုကေ  ဒါဆို ထည့်နည်းတော့ အဆင်ပြေလောက်ပါပြီနော်...နောက် တစ်ခုကျန်ပါသေးတယ်နော်..

Mobile Theme ကို enable လုပ်ထားရင် mobile မှာမြင်ရလိမ်မည်မဟုတ်ပါ။


iPhone , iPad , Android (firefox) တို့တွင်မြင်လိုလျှင် mobile theme ကို disable လုပ်ထားပါ။


လုပ်နည်းကတော့


ဘလော့ကာ Template  ကိုကလစ်ပြီး  ညာဘက်မှာ ရှိတဲ့  Customise Mobile Template  ဆိုတာလေးကို  ကလ်စပေးရမှာ ဖြစ်ပါတယ်...


အိုကေ အပေါ်က ပုံလေးတိုင်း No. Show desktop template mobile device  ဆိုတာကို အမှတ်ပေးပြီး

Save ပေးလိုက်တာနဲ့ မိမိတို့ လုပ်ဆောင်ချက် ပြီးဆုံးခဲ့ပါပြီနော်

အဆင်ပြေကြပါစေ






<<<တာဝန်မလေးပါကတချက်လောက်ကလစ်ပေးခဲ့စေလို>>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Rate this posting:
{[['']]}

Monday, May 12, 2014

Batch Basic Commands (Batch File Programming သင်ခန်းစာ-၅)



ရိုးစင်းသော batch program တစ်ခုတည်ဆောက်ဖို့အတွက် မကြာခဏသုံးလေ့ရှိသောအခြေခံ command တွေကိုရှင်းပြမှာဖြစ်ပါတယ်။ ဒီအခြေခံ Command များဖြင့် Batch Program တည်ဆောက်မှာဖြစ်တဲ့အတွက် လုံးဝအသုံးဝင်တဲ့ Command များဖြစ်ပါတယ်။ မသိမဖြစ်သိထားရမယ့် Command တွေဖြစ်ပါတယ်။ Command တွေကိုလေ့လာတော့မယ်ဆိုရင် သိသင့်တဲ့အခြေခံလေးတွေရှိပါတယ်။ အဲဒါတွေကတော့ sub-commands, switches နှင့် parameters တို့ပါပဲ။

Sub-commands

Sub-commands ဆိုတာ supportive commands ဖြစ်ပြီး အဓိက main command ကိုထောက်ပံ့ပေးပါတယ်။ ဥပမာ…မိမိတို့ computer မှာ user account များကိုကြည့်ချင်ပါက “net” ဆိုသော main command နှင့် “users” ဆိုသော sub command ကိုတွဲသုံးရပါတယ်။ မိမိလိုချင်တဲ့ ပိုမိုတိကျတဲ့ ရလဒ်ကိုရမှာဖြစ်ပါတယ်။ အဲဒါဆို computer ထဲမှာရှိသော account များကိုတွေ့ရမှာဖြစ်ပါတယ်။

Switches

Switch တွေက ထပ်ပြီးပိုမိုတိကျတဲ့ ရလဒ် လုပ်ဆောင်ချက်တွေ ရရှိဖို့တွက်သုံးပါတယ်။ switch ရဲ့ရှေ့မှာ အများအားဖြင့် “/” (back slash) ဒါမှမဟုတ် “-“ (hyphen) ပါပါတယ်။ ဥပမာ.. “magicmyo” ဆိုတဲ့ account ကို “P4$$w0rd” ဆိုပြီး လျှို့ဝှက်နံပါတ်ပေးပြီး “/add” switch ထည့်ပေးလိုက်ပါတယ်။ User account ကို password (လျှို့ဝှက်နံပါတ်) ထည့်ခြင်းပါ။


Parameters

          Parameter ကို “command line argument” လို့လည်းခေါ်ပါတယ်။ Program အလုပ်လုပ်နေချိန်မှာ အသုံးပြုသူက ၎င်းထဲကို input များထည့်သွင်းခြင်းဖြင့် ၎င်းထည့်သွင်းလိုက်တဲ့ input parameter ပေါ်မူတည်ပြီး Program က ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ကဲ… ဥပမာလေးတစ်ခုရေးစမ်းကြည့်ကြရအောင်..

@echo off
cd\
echo Welcome %1% !!!
pause
pause

အထက်ပါ code များကို notepad မှာရေးပြီး file ကို “welcome.bat” နာမည်နှင့် C: အောက်မှာသွား Save ထားပါ။ ကိုယ် run ချင်တဲ့ နေရာမှာ ၎င်း “welcome.bat” file ရှိရပါမယ်။ ကျွန်တော်က disk C: ကိုသွား run မှာမို့ C: အောက်မှာသိမ်းထားတာပါ။
          ပြီးရင် cmd (command prompt) ဖွင့်လိုက်ပါ။ C: အောက်ကို “cd\” ရိုက်ပြီးသွားလိုက်ပါ။ ပြီးရင် “welcome MyoThuHtet” လို့ရိုက်ပါက program စပြီးအလုပ်လုပ်ပါပြီ။ “welcome” သည် batch file နာမည်ဖြစ်ပြီး MyoThuHtet သည် parameter ဖြစ်ပြီး မိမိနှစ်သက်ရာစာသားရိုက်နိုင်ပါသည်။
Parameter တွေကို နံပါတ်တွေနှင့်ကိုယ်စားပြုနိုင်ပါတယ်။ ဒီ program မှာဆို “%1%” ဆိုတာ ပထမဆုံး parameter ကိုရယူခြင်းဖြစ်ပါတယ်။ “welcome Myo Thu Htet” ဟုရိုက်ပါက “Welcome Myo !!!” သာပေါ်မှဖြစ်တယ်။ Input ထည့်တုန်းမှာ space တစ်ချက်ခြားရင် နောက်ထပ် parameter တစ်ခုအဖြစ်သတ်မှတ်သွားပါတယ်။ “%1%” အစား “%2%” ရေးပါက ဒုတိယ parameter ကိုဖော်ပြပေးပါလိမ့်မယ်။ “%0%” ဆိုရင်တော့ ၎င်း batch file နာမည်ကိုဖော်ပြပေးမှာဖြစ်ပါတယ်။
Window OS ရဲ့ Internal Command တွေသိချင်ရင် “help” command ရိုက်ပြီးလေ့လာနိုင်ပါတယ်။ Command တစ်ခုချင်းစီရဲ့ sub-command နှင့် switch တွေသိချင်ရင် ၎င်း command ရဲ့နောက်မှာ “/?” (“” နှစ်ခုမပါ) ရိုက်ပြီး အသေးစိတ်ချက်လက်တွေကိုလေ့လာနိုင်ပါတယ်။ ဥပမာ… “find/?”

Rem

          “rem” command ကို program code တွေအတွက် မှတ်ချက်တွေ ရှင်းလင်းချက်တွေ ပေးရာမှာအသုံးပြုပါတယ်။ ဒါကြောင့် “rem” နောက်မှာရေးတဲ့ စာသားမှန်သမျှ အလုပ်မလုပ်ပဲ ကျော်သွားမှာဖြစ်ပါတယ်။ များပြားရှုပ်ထွေးလှတဲ့ batch program တွေကို ပြုလွယ်ပြင်လွယ် နားလည်မှုလွယ်ကူစေရန် program ရဲ့အလုပ်လုပ်ပုံ ရှင်းလင်းချက်များ မှတ်ချက်များရေးသားရာတွင် “rem” command ကိုအသုံးပြုပါတယ်။

@echo off
rem Program for printing Hello World.
echo Hello World.
pause
အထက်ပါဥပမာကဲ့သို့သော ရိုးရှင်းလွန်းတဲ့ program တွေအတွက်တော့မလိုအပ်လှပါဘူး။

Echo

          “echo” command ကို screen တွင် output များထုတ်ပြရာ၌အသုံးပြုပါတယ်။ “echo” command တစ်ခုတည်းသုံးလျှင် ဖော်ပြချက်တစ်ခုကို screen တွင်ဖော်ပြပေးမှာဖြစ်ပါတယ်။ ၎င်းတွင် “ON” သို့ “OFF” တစ်ခုခုနှင့်လည်းတွဲသုံးနိုင်ပါတယ်။ ၎င်း၏နဂိုအခြေနေ default သည် “ON” ဖြစ်ပါတယ်။ “OFF” သည် program အလုပ်လုပ်နေစဉ်မလိုလားအပ်တဲ့ရှုပ်ထွေးတဲ့စာကြောင်း တွေကိုမမြင်နိုင်စေရန်သုံးပါသည်။  Batch Programming ရေးသူတစ်ယောက်အတွက် ‘echo off’ သည်အကောင်းဆုံးပင်ဖြစ်သည်။
 



(မျိုးသူထက်)
Ref: Batch File Programming By Premkumar.S


Rate this posting:
{[['']]}

Twitter Facebook More