နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Friday, November 18, 2011

မှတ်သားစရာ စကားလေးတွေပါ

မိုးငယ်စဉ်ကတည်းကလေ့လာမှတ်သားခဲ့တဲ့ စကားပုံလေးတွေပါ။ မိုးအရမ်းကြိုက်သလို လိုက်လဲလိုက်နာသင့်တာမို့ မိတ်ဆွေတို့ကို ပြန်လည်မျှဝေခြင်းပါ။

1. The insincere will get no sincere in return.
မရိုးဖြောင့်သည့်ဒဏ် ကိုယ်သာပြန်ခံ။

2. No matter how big the problem is, it can be solved with wise thinking.
မည်မျှကြီးမားသည့် ပြဿနာဖြစ်နေပါစေ။ ချင့်ချိန်တိုင်းထွာတတ်သော ဉာဏ်ပညာဖြင့် ဖြေရှင်းနိုင်သည်။

3. Wisdom is better than beauty.
ဉာဏ်ပညာဟူသည် လှပတင့်တယ်ခြင်းထက် သာလွန် ကောင်းမွန်သည်။

4. Forceful manner cannot always influence people.
ခွန်အားသက်သက်ဖြင့် အရာရာတိုင်းကို မအောင်မြင်နိုင်ပါ။

5. Anyone who has bad intention will always suffer bad results.
မကောင်းကြံစည်သူသည် ဒုက္ခဆိုးကျိုးများဖြင့်သာ ဆုံးခန်းတိုင်ရလိမ့်မည်။

6. Are you trying real hard? (John Harold Johnson)
သင်တကယ်ကြိုးစားနေတာလား
တကယ်ကြိုးစားနေရင် မအောင်မြင်စရာမရှိဘူး။ အောင်မြင်လိမ့်မယ်။ မကြိုးစားတော့ဘူးဆိုမှသာ တကယ်ရှုံးသွားမည်။

7. ငိုမနေနဲ့ပြီသွားလိမ့်မယ်၊ ကြွားမနေနဲ့ ပြီးသွားလိမ့်မယ်၊ ဆင်းရဲတာရော ချမ်းသာတာရော အမြဲမဟုတ်ဘူး တစ်ချိန်ကျရင် ပြီးသွားလိမ့်မယ်။ (ဒါကတော့ မိုးအကြိုက်ဆုံးပါပဲ)

8. ပညာရေးမှာ လူတန်းစား ကွဲပြားမှုမရှိ။ (ကွန်ဖြူးရှပ်)


လေ့လာမှတ်သားရင်း လိုက်နာနိုင်ကြပါစေ

မိုး

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More