နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Thursday, April 5, 2012

Group Policy Editor အကြောင်း အပိုင်း(၂)

Account Lockout Policy
ဝင်နည်း
Start >> Run Box တွင် gpedit.msc ကိုရိုက်ပါ။
ပြီးလျှင် Computer Configuration >> Window Settings >> Security Settings >> Account Policies >> Account Lockout Policy သို့ အဆင့်ဆင့်သွားပါ။

1 . Account Lockout Duration
Account တစ်ခုကို Lock လုပ်ထားလျှင် Administrator မှ မဖွင့်ပေးမချင်း မပွင့်ပါ။
မိနစ်ဖြင့်သတ်မှတ်ထားလျှင် သတ်မှတ်ချိန်ကျော်လျှင် အလိုအလျောက်ပြန်ပွင့်လာပါသည်။ အချိန်ကို 0 မှ
99999 အထိပေးနိုင်သည်။
* Administrator Account >> Computer Management >> Local Users and Groups အောက်ရှိ
User သို့ အဆင့်ဆင့်သွားပါ။ ပြီးလျှင် Account ကို D - Cli နှိပ်ပြီး Account Lockout ရှိအမှန်ခြစ်ကို
ဖြုတ်ပေးပါ။
2 . Account Lockout Threshold
0 to 999 အထိ ပေးနိုင်သည်။ (eg : 3)
Log in ဝင်လျှင် (3) ကြိမ်ထိဝင်နိုင်သည်။ (0) ထားလျှင် Account Lockout လုပ်တော့မည်မဟုတ်ပါ။
* Security တင်းကြပ်ရန်သုံးသည်။ အိမ်သုံးအတွက်မလိုအပ်ပါ။
3 . Reset Account Lockout Counter After
Account ကို Lockout မလုပ်ခင် မှားရိုက်သောအခါ နှစ်ခုကြားထဲမှ အချိန်ကို ဆိုလိုသည်။ 1 to 99999
မိနစ်ထိပေးနိုင်သည်။ Reset Account Lockout Counter After နှင့် Account Lockout Duration သည်
Account Lockout Threshold ကို သတ်မှတ်ပေးမှ ပေးလို့ရသော Policy များဖြစ်သည်။

ချက်ချင်းနားမလည်နိုင်ခဲ့ရင် စိတ်မပျက်ပါနဲ့ လက်တွေ့ပြုလုပ်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
စေတနာဖြင့်
မိုး

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More