နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Wednesday, August 6, 2014

windows 8 64 မှာ net frame work 3.5 ကို offline တင်နည်း (၁)

မမိုးတို့ windows 8 64 bit မှာ net frame work က 4.0 နဲ့ အလုပ်လုပ်ပါတယ်။ တစ်ခါတလေ GPS software တို့လို software တချို့ တွေသုံးတော့မယ်ဆိုရင် net frame work 3.5 ရှိမှ တင်လို့ရတာပါ။ net frame work 3.5 တင်နည်းတွေ အများကြီးပါပဲ။ online ရော offline ရော ၂မျိုးလုံးပါပဲ။ ခက်တာက online မရနိုင်တဲ့သူတွေ အဆင်မပြေနိုင်တဲ့သူတွေ (ဥပမာ မမိုးတို့) အတွက်တော့ offline နဲ့ ဘယ်လိုတင်လို့ရနိုင်မလဲ ဆိုတာကို ရှာရတော့တာပေါ့။ ထုံးစံအတို်င်း မမိုးရဲ့ ဆရာက google ပါပဲ။ google ထဲဝင်ရှာရင်း cmd ကနေ command နဲ့လဲစမ်းပါတယ်။ error တက်လို့ အခြားနည်းလမ်း ၂ခုလောက်စမ်းပါသေးတယ်။ မရခဲ့ပါဘူး။ နောက်ဆုံး ဆိုဒ်တခုက ဆော့ဝဲရယ် အခြားဆိုဒ်တခုက တင်နဲ့ နည်းလမ်းကို ရောသမပြီး (၁၀)မိနစ်တောင် အချိန်မပေးလိုက်ရဘူး အဆင်ပြေသွားပါတယ်။ စက်တိုင်းကို ဒီနည်းလမ်းနဲ့ တင်လို့ ရချင်မှရမယ်၊ အားလုံးကို ရမယ်လို့ အာမမခံရဲပါဘူး။ ခုမှ ဒီတလုံးပဲ စမ်းရသေးလို့ပါ။ 
ကဲ စလိုက်ရအောင်နော်
ပထမဆုံး အောက်မှာပေးထားတဲ့ ဆော့ဝဲကို ဒေါင်းလိုက်ပါ၊ windows 8 DVD တချပ်တော့ လိုမယ်နော်။




ပြီးရင် zip file ကို ဖြည်ပြီး ပုံပါအတိုင်း right click >> Run as administrator နဲ့ run ပေးပါ။ error တက်ခဲ့ရင် စက်ကို restart တချက်ချပေးပါ။ ပြန်တက်လာရင် ပြန်ပြီး run ကြည့်ပါ။



ဆော့ဝဲတက်လာပြီဆိုရင် ပုံပါအတိုင်း ခွေထည့်ထားသော drive ကို ရွေးပေးပါ။


ပြီးရင် Start Installation ကို နှိပ်ပေးပါ။ အလုပ်လုပ်နေပါမယ်။ ခဏစောင့်ပေးပါ။ မမိုးစက်မှာတော့ (၁၀) မိနစ် နီးပါး စောင့်လိုက်ရပါတယ်။ 


ပြီးသွားရင်တော့ successful ဆိုပြီး net frame work 3.5 installation အောင်မြင်စွာ ပြီးဆုံးပါပြီ။


နည်းပညာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ကြပါစေ
( www.moepcservice.blogspot.com )


Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More