ကဲစလိုက်ကြရအောင် back up ဘာလို ့လုပ်ရသလဲဆိုတာကို အရင် သိသလောက်ပြောပြပါ့မယ်နော်....
ကွန်ပျူတာတွေရဲ့ ဝင်းဒိုးပြဿနာတွေ ခဏခဏတက်နေတဲ့အတွက် အစကနေပြန်ပြန်ပြီး Windows မတင်ချင်တာရယ်၊ ကိုယ်ထည့်သွင့်ထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြားပြဿနာ တစ်ခုခုကြောင့် ဖြစ်စေ မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ back up Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား ဖြစ်သလို Software တွေလည်း တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တကယ်တော့ Windows Partition အပိုင်းတစ်ခုလုံးကို Image file အဖြစ် copy ကူးယူလိုက်ခြင်းဖြစ်ပါတယ်...ဒါလေးကို ကျွန်တော် စတင်လုပ်ခဲ့စဉ်က နေမင်းမောင် ဆိုဒ်မှာ တွေ့ပြီး လေ့လာလုပ်ဆောင်ခဲ့ဘူးပါတယ်...
သိထားရမှာကတော့ back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ ထည့်ပြီးတဲ့ အချိန် မှာ လုပ်ထား တာပိုကောင်းပါမယ်နော်...အချိန်ကာလကြာလာမှ လုပ်ကြမယ်ဆို ဝင်းဒိုးထဲမှာလဲ program တွေများလာမှာဖြစ်တဲ့အတွက် ဒီအချိန်ကြမှ back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ ့အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီးတဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ ၊ program တွေ ၊ Driver တွေ ထည့်သွင်း ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ ့ပြောရမယ်ဆိုရင် ဝင်းဒိုးတစ်ခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့ program ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို ့ back up လုပ်တဲ့အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်ရှိတာကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင်တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။ restore ပြန်လုပ်မယ်ဆိုရင်လဲ မိမိအသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။
သည်လို နည်းလမ်းလေးတွေကိုလည်း ကျွန်တော်ကိုယ်တိုင် စတင်လေ့လာစဉ်က မှတ်သားခဲ့ဖူးတာလေးတွေကို ယခုချိန် ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်...
မူပိုင်နည်းပညာတွေ မဟုတ်ပေမယ့် လက်ဆင့်ကမ်းတဲ့အနေနဲ့ မှတ်သားထားမိသလောက်တော့ ပြန်လည် ဝေမျှသွားမှဖြစ်ပါတယ်နော်...
လေးစားစွာဖြင့်....ဘလော့ခရီးသည်
back up လုပ်ထားတဲ့ image file တည်နေရာကို အလိုအလျောက် ဖေါ်ပြပေးပါလိမ့်မယ်။ Next က်ို ဆက်ပြီး Click ပါ။
12:38 AM
Nyi Nay Min



















