နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Wednesday, February 29, 2012

Mozilla Firefox 7.0.1 Software


ဒါကတော့ Mozilla Firefox 7.0.1 Browser လေးပါ။Link
















Download
Rate this posting:
{[['']]}

GOM Player


ဒါကတော့ VCD, DVD အပြင် Format တော်တော်များများကို ဖွင့်လို့ရတဲ့ Player လေးပါ။ အသုံးဝင်မယ်ထင်လို့
မိုး တင်ထားပေးတာပါ။










Download Rate this posting:
{[['']]}

Computer ပြဿနာ အမေးအဖြေစာအုပ်


ဒီစာအုပ်လေးကတော့ ပုံထဲကအတိုင်းပေါ့။

Computer ပြဿနာတွေကို ပြေလည်

အောင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အမေးအဖြေနဲ့

ရေးထားတာပါ။ မိုး online ပေါ်ကရှာတွေ့ထားတာပါ။




Download Rate this posting:
{[['']]}

Picasa38 Software


ဒါကတော့ Internet ကနေ ဓါတ်ပုံပို့ချင်သူတွေအတွက်ပါ။

Gmail ထက်မြန်တယ်နော်။ စမ်းပို့ကြည့်လိုက်ပေါ့။

မိုးအမြဲသုံး တဲ့ Software လေးပါ။ အောက်က

Dowload လေးကို Click နှိပ်လိုက်ပါ။


Download Rate this posting:
{[['']]}

Alphazawgyi မြန်မာ Font


နိုင်ငံခြားရောက် မြန်မာများအတွက် မြန်မာ Font လေး

အလွယ်တကူရရန်တင်ပေးလိုက်ပါတယ်နော်။

အောက်က download လေးကို click နှိပ်ပြီး download

လုပ်နိုင်ပါတယ်။


download Rate this posting:
{[['']]}

Monday, February 27, 2012

HaHaHa Gtalk Virus သတ်နည်း


http://bit.ly/zgkSep?Facebook.com-IMG12..........JPG (သတိ လုံးဝမနှိပ်ရ)

Gtalkမှာ အပေါ်ကမြင်နေရတဲ့ Link မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင် gtalk ဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီ Virus Link တွေလျှောက်ပို့နေတော့မှာဖြစ်ပါတယ်..

hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီ Link လေးက Virus ပါ။ လုံးဝကိုမဖွင့်ပါနဲ့ Software ရှိခဲ့ရင် Auto သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။ အကယ်၍ Gtalk ဖွင့်ထားမယ်ဆိုရင် သူငယ်ချင်းတွေကို မိမိမပို့ဘဲ သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ မိမိကိုယုံကြည်တဲ့ သူငယ်ချင်းများက (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် Gtalk မှတစ်ဆင့် Virus ကူးစပ်သွားပါမယ်။
Virus သတ်နည်းလေးကတော့ ...........
အောက်မှာပေးထားတဲ့ Malwarebytes လေးကို download လုပ်လိုက်ပါ။

download

၁.. desktop မှာ Save ပါ။
၂..ပြီးလျှင် R- Click မှ Install လုပ်ပါ။
၃..ပြီးလျှင် Computer ကို ပိတ်လိုက်ပါ။ ပြီးလျှင်
၄..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..Computer ကို Restartချပါ။ ပြန်တက်လာလျှင်...Anti Maleware ကို ပြန်ပြီး Scan နှစ်ကြိမ် ဖတ်လိုက်ပါ။ ပေါ်လာသမျှ Malewareတွေကို အကုန် သတ်လိုက်ပါ။
ပြီးသွားပါပြီ။ ကဲဒီလိုဆိုရင် ဟဟဟ ဗိုင်းရပ် မတွေ့နိုင်တော့ပါဘူး။ နောက်နောင် သူများ ပို့လာခဲ့လျှင်..လက်ခံ ရရှိခဲ့လျှင် စဉ်းစားပြီးမှ ဖွင့်ပါလို့ ပြောလိုက်ချင်ပါတယ်။


မိုး
Rate this posting:
{[['']]}

သင်္ကြန်ဆိုတာငါနဲ့မဆိုင်သလိုပါပဲနော်

တာသင်္ကြန်မှာ လူတွေ ဟိုသွားဒီသွား ပျော်လိုက်ကြတာ

ကြည့်နေရင်းနဲ့ ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါမပျော်ခဲ့…..

သင်္ကြန်မိုးလေးရဲ့ ပျိုးထောင်မှုကြောင့်ရလာတဲ့ မြေသင်းနံ့နဲ့ပိတောက်နံ့လေးတွေလဲ မွှေးရင်းနဲ့ကို

ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါမပျော်ခဲ့…..

ရေပက်ခံသူတွေကိုကြည့်ပြီး ငါကိုယ်တိုင်ရေစိုနေသလို ခံစားလာရရင်း

ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါ့ကိုယ်မှာ ခြောက်သွေ့နေမှန်းသိခဲ့ရမှ ငါမပျော်ခဲ့…..

ရေပက်သူတွေကိုကြည့်ပြန်တော့လဲ ကိုယ်တိုင်ဝင်ပက်နေရသလိုနဲ့ ပျော်လာသလိုနဲ့ ငါမပျော်ခဲ့…..

အထီးကျန်စွာ မျက်ရည်တွေကိုအဖော်ပြုရင်း ဒီနှစ်သင်္ကြန်လဲ ကုန်သွားအုံးမယ်ထင်တယ်နော်…..

“ပိတောက်ဝါရွှေ၊ သင်္ကြန်ရေအေး၊ မြေသင်းနံ့ထူး၊ လတန်ခူးလဲ

ငါနဲ့မဆိုင်သလိုပါပဲနော်”

2011 သင်္ကြန်အမှတ်တရ

မိုး
Rate this posting:
{[['']]}

Sunday, February 26, 2012

နွေဝေဒနာ

သရက်ကင်းတွေလည် မြက်ခင်းမှာကြွေပြီခင်။
နွေလေပူတစ်ချက်သုတ်လေတော့ အရွက်ပြုတ်သရက်ပင်။
ချစ်သူမေ့ပြီလား .....
အရွက်နုစဉ်က မောင့်ဥယျာဉ်သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလဲ
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ သရက်ကင်းနဲ့မှ ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့ နေ့တိုင်းပင် ဘိုစာမက်ပါလို့ အနောက်ဟန် ဖောက်ပြန်ဖျက်လေတော့
မောင့်သရက်သူမမင် မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလဲ ..... အချစ်ရယ်.....မေ့လောက်ပြီပေါ့.....


ရေးသူ
အမည်မသိ
Rate this posting:
{[['']]}

Twitter Facebook More