နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Monday, February 27, 2012

သင်္ကြန်ဆိုတာငါနဲ့မဆိုင်သလိုပါပဲနော်

တာသင်္ကြန်မှာ လူတွေ ဟိုသွားဒီသွား ပျော်လိုက်ကြတာ

ကြည့်နေရင်းနဲ့ ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါမပျော်ခဲ့…..

သင်္ကြန်မိုးလေးရဲ့ ပျိုးထောင်မှုကြောင့်ရလာတဲ့ မြေသင်းနံ့နဲ့ပိတောက်နံ့လေးတွေလဲ မွှေးရင်းနဲ့ကို

ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါမပျော်ခဲ့…..

ရေပက်ခံသူတွေကိုကြည့်ပြီး ငါကိုယ်တိုင်ရေစိုနေသလို ခံစားလာရရင်း

ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါ့ကိုယ်မှာ ခြောက်သွေ့နေမှန်းသိခဲ့ရမှ ငါမပျော်ခဲ့…..

ရေပက်သူတွေကိုကြည့်ပြန်တော့လဲ ကိုယ်တိုင်ဝင်ပက်နေရသလိုနဲ့ ပျော်လာသလိုနဲ့ ငါမပျော်ခဲ့…..

အထီးကျန်စွာ မျက်ရည်တွေကိုအဖော်ပြုရင်း ဒီနှစ်သင်္ကြန်လဲ ကုန်သွားအုံးမယ်ထင်တယ်နော်…..

“ပိတောက်ဝါရွှေ၊ သင်္ကြန်ရေအေး၊ မြေသင်းနံ့ထူး၊ လတန်ခူးလဲ

ငါနဲ့မဆိုင်သလိုပါပဲနော်”

2011 သင်္ကြန်အမှတ်တရ

မိုး

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More