နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Wednesday, September 28, 2011

မိမိ password ကိုလုံခြုံအောင်ဘယ်လိုပေးရမလဲ?


မိမိတို့ Computer ရဲ့ Password ဘဲ ဖြစ်ဖြစ် မိမိရဲ့ Gtalk Password ကိုဘဲ ဖြစ်ဖြစ် လုံခြုံစိတ်ချရအောင် Password ပေးတဲ့ အခါ ရှောင်ရန်လေးတွေနဲ့ ပေးသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Guess တွေရဲ့ ရန်မှ ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။

ရှောင်ရန်

ဒီလိုမပေးမိပါစေနဲ့


*Common elements တွေ ပေးခြင်းမှ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်*

Common Elements ဆိုတာကတော့ (i.e., words, names, sports, movies and shows, groups, songs etc) စတဲ့ အတိုင်း ပေးခြင်းမှ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ အခုလို ပေးခဲ့ရင် အလွယ်တကူ cracking tools တွေကို အလွယ်လုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။

*Personal life နဲ့ ဆိုင်တဲ့ ရေးသားခြင်းမျိုးကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်*

ဥပမာ (i.e. graduation year, birthdays, phone numbers, etc) ဖြစ်ပါတယ်။

*Keyboard patterns တွေ ပေးခြင်းမှလည် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်*

Crack တွေအနေနဲ့ အလွယ်ရနိုင်တဲ့ (i.e. 1q2w3e4r) စသည့် ပေးခြင်းမျိုးကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ဒီ Command တွေက အလွန် Crack ရလွယ်ကူလို့ ဖြစ်ပါတယ်။

*Repeating patterns တွေ ပေးခြင်းမှလည် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်*

ဥပမာ – (i.e. ah*fjDS1, ah*fJDS2, etc) စသည့်အတိုင်း ပေးခြင်းမှ ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိရဲ့ Computer Password ကို အလွယ် ရရှိနိုင်လို့ ဖြစ်ပါတယ်။

ဒီလိုပေး

*မိမိ Password ကို အခြားသူတွေ ခန့်မှန်းခြင်းမှ ကာကွယ်နိုင်အောင် အနည်းဆုံး (8) Character နှင့် Lower Case, Upper Case, Numeric Characters and Special charactersတို့နှင့် ပေါင်းစပ်ပေးပါ*

ဥပမာ – (i.e. *,!,@,& etc ) နဲ့ ပေါင်းစပ်ပေးပါ။

ကဲ မိမိ password ကို လုံခြုံအောင်ပေးနိုင်ကြပါစေနော်။

မိုး

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More