နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Monday, October 31, 2011

Video Graphic Adapter (VGA) အကြောင်း သိကောင်းစရာ

VGA

Output များ
ပုံမှာပြထားတာကတော့ Graphic Card ရဲ့ output တွေရှိရာနေရာပဲဖြစ်ပါတယ်။ PC ရဲ့ hardwares တွေဟာ digital နည်းပညာဖြစ်တဲ့ 0 နဲ့ 1 တွေနဲ့သာလုပ်ဆောင်ပါတယ်။ ဒါကြောင့်သူတို့ကထွက်လာတဲ့ output ဟာ digital တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို ့အရင်တုန်းကသုံးခဲ့တဲ့ CRT Monitor တွေဟာ Analog ဖြစ်ပါတယ်။ သူတို ့အတွက် digital ကနေ Analog ပြောင်းဖို့ digital to analog converter (DAC) လို့ခေါ်တဲ့ device တွေလိုလာပါတယ်။ ယခုသုံးနေတဲ့ LCD တွေကတော့ digital တွေဖြစ်ပါတယ်။ ဒါကြောင့် DAC တွေရဲ့လိုအပ်မှုဟာလည်းနည်းပါးလာပါတယ်။ ဒါပေမယ့် စံတစ်ခုအနေနဲ့analog ကိုထောက်ပံ့ပေးနေတုန်းပါပဲ။

VGA output (D-sub)
VGA output မှဆိုရင် pin အရေအတွက် 15 pins ပါပါတယ်။ သူကို သာမန်အားဖြင့် အပြာရောင်နဲ့သက်မှတ်ပါတယ်။ VGA ကတော့ Video Graphic Array ကိုဆိုလိုပါတယ်။ Hardware ပိုင်းမှာတော့ Video Graphic Adapter လို့ခေါ်ပါတယ်။ ၎င်းဟာ analog display Signal တွေကိုထောက်ပံ့ပေးပါတယ်။

DVI Output
DVI ဟာ စံသက်မှတ်ထားတဲ့ digital output ဖြစ်ပါတယ်။ DVI ရဲ့အရှည် ကတော့ Digital Visual Interface ဖြစ်ပါတယ်။ DVI ကိုများသောအားဖြင့် digital projector တွေ၊ HDTV (High Definition TeleVeision) တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ၎င်းဟာ resolution အနေဖြင့် 2560x1600 ထိထောက်ပံ့နိုင်ပါတယ်။ 2004 ခုနှစ်ထက် နောက်မကျတဲ့ ကဒ်တွေမှာဆိုရင် DVI ပေါက် တစ်ပေါက်ကတော့ ပါပါတယ်။
Composite Video Output
ဒါကတော့ Composite Video Output ဖြစ်ပါတယ်။ သူ့ကို RCA (Radio Corporation of America )လို ့လည်းခေါ်ပါတယ်။ သူ့ကို TV တွေ၊ VCRလို ပစ္စည်းမျိုးတွေနဲ့ချိတ်ဆက်အသုံးပြုပါတယ်။ဒါပေမယ့် very low resolution analog signal တွေကိုပဲ ပေးပို ့နိုင်ပါတယ်။

S-Video (S-VHS)
S-Video က Super Video သို့ Super VHS လို့ခေါ်ပါတယ်။ S-Video မှာ Pin 4 ခုပါပါတယ်။ သူကိုတော့ television industry တွေက စံအဖြစ်သက်မှက်ထားပါတယ်။ သူလည်းပဲ low resolution analog signal တွေကိုပဲပေးပို ့နိုင်ပါတယ်။ ဒါပေမယ့် composite video output ထက်စာရင်ကောင်းပါတယ်။ single cable video output မှာတော့ စံအဖြစ်ရှိနေသေးပါတယ်။

Component Video
Component Video တွေဟာ Graphic Card မှာထည့်သွင်းဖို ့အတွက် များပြားနေတာကြောင့် သက်သက် adapter တစ်ခုအနေနဲ့ပဲပါဝင်ပါတယ်။ Component Video Output မှာဆိုရင် Video အတွက်သာမကပဲ audio ပါ ပါဝင်လာပါတယ်။ အစွန်ဆုံး က အစိမ်း၊ အနီနဲ့ အပြာ က video အတွက်ဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ခုက audio အတွက်ဖြစ်ပါတယ်။ သူရဲ့ output တွေကို Y, Pb, Pr လို့ခေါ်တဲ့ output တွေအနေနဲ့ ခွဲထွက်လာတာကြောင့် HDTV တွေ၊ Digital projector တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။
သူရဲ့ signal တွေဟာ analog တွေဖြစ်ပေမယ့်လို့ သီးခြား colour output တွေအနေနဲ့ခွဲထုက်ထားတာကြောင့် High resolution ကိုရစေပါတယ်။

HDMI
HDMI ကတော့ High Definition Multimedia Interface ကိုညွှန်းဆိုတာပဲဖြစ်ပါတယ်။ HDMI ကိုသာမန် graphic card တွေမျာမတွေ့ရပဲ၊ Entertainment ဦးစားပေး ကဒ်တွေနဲ့ High end card တွေမှာပဲတွေ့ရပါတယ်။ HDMI မှာ High definition Video နဲ့ Audio တွေကို ပေးပို ့နိုင်စွမ်းရှိပါတယ်။
ဒါပေမယ့် သူ့နဲ့ချိတ်ဆက်မယ့် cable တွေကတော့ ဈေးကြီးနေပါသေးတယ်။

Graphic Card Interfaces
ပုံမှာပြထားတာကတော့ Graphic Card Interface ဖြစ်ပါတယ်။ Graphic Card Interface ဟာ graphci card နဲ့ computer ကြား ချိတ်ဆက်ပေးတဲ့ အရာပဲဖြစ်ပါတယ်။
Graphic card တွေကိုဝယ်ယူရာမှာ Interface ကအရမ်းကိုအရေးကြီးပါတယ်။ ကိုယ့် MB ရဲ့ Graphic card slot ဟာ ကိုယ်ဝယ်လာတဲ့ Graphic Card ရဲ့ Interface ချင်းကိုက်ညီမှုမရှိဘူးဆိုရင် တပ်ဆင်လို ့မရပါဘူး။ ဥပမာ အားဖြင့် PCI Express graphic card ဟာ AGP slot မှာတပ်ဆင်လို့မရသလို AGP Graphic Card ကလည်း PCI Express slot မှာတပ်ဆင်လို့မရပါဘူး။ MB နဲ့ Graphic Card အပြန်အလှန် data ပေးပို့နိုင်မှုကို Bandwidth နဲ့တိုင်းတာပါတယ်။ Bandwidth မြင့်လေ graphic card က မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်လေဖြစ်ပါတယ်။ ဒါပေမယ့်လဲ Graphic Card Industry တွေပြောသလောက် Interface တစ်ခုနဲ့တစ်ခု သိပ်ပြီးကွာခြားမှုမရှိပါဘူး။
Interface တွေဟာ အရင်တုန်းက အများကြီးရှိပေမယ့် လို ့အခုအခါမှာတော့ AGP နဲ့ PCI Express ပဲကျန်ပါတော့တယ်။ ဒါပေမယ့် ဗဟုသုတ အနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

ISA
ISA ဆိုတာက Industry Standard Architechure ကိုဆိုလိုပါတယ်။ သူကို ဟိုးအရင်တုန်းက ကွန်ပျုတာတွေမှာပဲ တွေ့နိုင်ပါတယ်။ အခုချိန်မှာတော့ ပျောက်ကွယ်သွားပါပြီ။ သူမှာ 8 bit wide interface နဲ့ 16 bit wide interface ဆိုပြီး graphic card နှစ်မျိုးထွက်ရှိပါတယ်။ EISA (Extended ISA) ဆိုပြီးထွက်ပေါ်လာပါသေးတယ်။ သူကတော့ 32 bit wide ရှိပါတယ်။ ဒါပေမယ့် ဈေးကြီးတဲ့အတွက် နောက်ထပ် Interface အသစ်ထွက်ပေါ်လာတဲ့အခါ မှေးမှိန်သွားခဲ့တယ်။

PCI
PCI က Peripheral Components Interconnect ကိုဆိုလိုပါတယ်။ သူက 32 bit wide interface ဖြစ်ပြီး 33MHz speed နဲ့ run ပါတယ်။ 133 MB/s Bandwidth ကိုရရှိပါတယ်။ PCI ကို ISA တွေနေရာမှာ အစားထိုးအသုံးပြုပါတယ်။ PCI တွေကို add in card တွေအတွက် ယခုထိစံထားသုံးစွဲနေသေးပါတယ်။ ဒါပေမယ့် Graphic Card တွေအတွက်ကတော့ မသုံးတော့ပါဘူး။

PCI X
PCI -X ကတော့ PCI Extended ကိုဆိုလိုတာဖြစ်ပါတယ်။ သူ့မှာ 64 bit wide interface ရှိပြီး 4266 MB/s bandwidth ရှိပါတယ်။ ဒီကဒ်တွေကို server တွေမှာပဲအသုံးပြုခဲ့ပြီး တွေ့ရခဲပါတယ်။ PCI X ကဒ်တွေကို ကျွန်တော်တို ့ရဲ့ PCI ver 2.2 slot တွေမှာတပ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် PCI Express slot တွေမှာတပ်လို ့မရပါဘူး။

AGP
AGP ကတော့ Accelerated Graphic Port ကိုဆိုလိုပါတယ်။ သူကို PCI rev 2.1 ပေါ်ကို အခြေခံပြီးထုက်လုပ်ထားတာဖြစ်ပါတယ်။ AGP မှာ system memory နဲ့ တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်နိုင်မှု၊ organization နဲ့ data transfer မှာ de-multiplexing နဲ့ simplification လုပ်ဆောင်နိုင်မှု၊ clock speed မြန်ဆန်မှုတို့ကြောင့် PCI တွေအပေါ်ကို အသာစီးရထားပါတယ်။AGP ကို verison ၃မျိုးနဲ့ထုက် ပါတယ်။ AGP x1, AGP 4x, AGP 8x တို့ဖြစ်ပါတယ်။ AGP ဟာ 32 bit wide နဲ့ 66MHz speed ရှိပါတယ်။ 266MB/s bandwidth ကိုရပါတယ်။ AGP 8x ဆိုတာက AGP 1x ထက် ၈ဆပိုမြန်တယ်လို ့ဆိုတာဖြစ်ပါတယ်။ AGP 8x ကို 4x slot မှာတပ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် 4x speed နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်။ ထို့အတူပဲ AGP 4x ကို 8x slot မှာတပ်ဆင်ပါက 4x speed နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်။

PCI Express
PCI Express ဟာ Parallel Interface Bus system တွေဖြစ်တဲ့ ISA, PCI, AGP တွေနဲ့မတူပဲ Serial Interface Bus System ရှိပါတယ်။ Parallel Bus တွေနဲ့မတူတာက စုစုပေါင်း Bandwidth ကို device တွေအားလုံးကရနိုင်တာပါပဲ။PCI Express တွေဟာ single Links တစ်ခုခြင်းစီရဲ့ speed ကို မြှောက်ခြင်းနဲ့ အလုပ်လုပ်ပါတယ်။ single link တစ်ခုမှာ 250MB/s up stream နဲ့ 250 MB/s downstream ရှိပါတယ် (upstream to the system and downstream to the device)။ PCI E x 16 က single link ရဲ့ ၁၆ ဆ ဖြစ်တဲ့ 4GB/s up stream နဲ့ 4GB/s downstream (total 8GB/s) ရှိပါတယ်။ PCI Express x16 card တွေဟာအမြဲတမ်း 16 ဆနဲ့အလုပ်လုပ်စရာမလိုပါဘူး။ ဒါကြောင့် dual Graphic card တွေကို တပ်ဆင်နိုင်အောင် ဆောင်ရွက်လာတယ်။ PCIE x16 slots နှစ်ခုပါလာပြီး slot တစ်ခုပဲသုံးမယ်ဆိုရင် 16x နဲ့ လုပ်နိုင်ပြီး card နှစ်ခုသုံးပါက 8x နဲ့အလုပ်လုပ်ကြတယ်။ ဒါကြောင့် SLI နဲ့ Crossfire နည်းပညာကိုထောက်ပံ့တဲ့ ကဒ်တွေကို PCI Express interface နဲ့ပဲလာတာဖြစ်တယ်။ ဒါပေမယ့် Bandwidth တွေကို တိုးလာတာနဲ့အမျှ Card တွေမှာလည်း power ပိုမိုလိုအပ်လာတယ်။ Slot က power နဲ့မလုံလောက်တော့တဲ့အခါမှာ card တွေမှာ Power connector တွေသက်သက်ထည့်သွင်းလာတယ်။ယခုပေါ်ထွက်နေတဲ့ Mid-range နဲ့ highend card တွေမှာဆိုရင် 4-pin, 6-Pin, 8-pin power connector တွေ တစ်ခုကနေ နှစ်ခုထိပါဝင်လာတယ်။


Graphic Processor and Memory
ကွန်ပျုတာမှာ CPU ကို ကွန်ပျုတာရဲ့ Brain အဖြစ်တင်စားရင် Graphic Card မှာ GPU ကို အသည်းနှလုံးအဖြစ်တင်စားရလိမ့် မယ်။ သူကို Cooler အောက်မှာထားတယ်။ CPU လိုသူကို ဖြုတ်တပ်လို့မရပါဘူး။ Graphic Card ထုက်လုပ်သူတွေက တခါတည်းတပ်ဆင်ပေးလိုက်တယ်။ Pixel Shaders, Vertex Shader, Pipelines, Core clock speeds တွေဟာ GPU ကလုပ်ဆောင်ပေးနိုင်တဲ့ architecture တွေပဲဖြစ်တယ်။
Graphic card တွေကိုကြည့်ရင် GPU အပြင်နောက်တစ်ခုပါဝင်လာတာက Memory ပဲဖြစ်တယ်။ Memory တွေကို တော့ GPU နဲ့အတက်နိုင်ဆုံး နီးအောင်ထားကြတယ်။ Interface Clock speed မြင့်မြင့်ရအောင်ဖြစ်တယ်။
Graphic Memory တွေဟာ DDR2, DDR3, GDDR3, GDDR4, GDDR5 ဆိုပြီးရှိကြတယ်။ အဲ့ဒီ့ Memory တွေဟာ 64 bit wide ကနေ 512 bit wide ထိရှိတယ်။ memory များလေ graphical data ကိုပိုပြီး store လုပ်နိုင်လေဖြစ်တယ်။ Memory နည်းရင် လိုအပ်တဲ့ data က graphic memory နဲ့မလုံလောက်တဲ့အခါ system memory ကနေသွားယူနေရတယ်။ ဒါပေမယ့်လည်း Graphic memory ရဲ့ပမာဏ ကသိပ်ပြီးအဓိကမကြပါဘူး။ သူ့ရဲ့ memory bus wide ကပိုပြီးတော့အဓိကကျပါတယ်။ 512MB graphic memeory ရှိတဲ့ card နဲ့ 1GB memory ရှိတဲ့ card နှစ်ခုဟာ performance သိပ်မကွာလှပါဘူး။ ဒါပေမယ့် 64 bit bus wide နဲ့ 128 bit bus wide နှစ်ခုဆိုရင်တော့ သိသိသာသာကွာခြားပါတယ်။
Cooling Devices
GPU တွေဟာ CPU တွေလိုပဲ ကွန်ပျူတာရဲ့ အပူဆုံးအစိတ်အပိုင်း တစ်ခုဖြစ်တယ်။ သူကို အအေးမပေးဘူးဆိုရင် လောင်ကျွမ်းသွားနိုင်တယ်။ ဒါကြောင့် သူမှာ Cooling Device တွေပါဝင်လာရတယ်။
Cooling Device တွေကို passive Cooling , Active Cooling, နဲ့ water cooling ဆိုပြီးရှိတယ်။
Passive Cooling မှာဆိုရင် အပူကို Cooling Device ကနေသူဘာသာသူ စွန့်ထုက်တယ်။ ဥပမာအားဖြင့် heatsink တွေဖြစ်တယ်။
Active cooling ကတော့ GPU ကအပူကို cooling device ဆီကို heatpipe လိုဟာမျိုးနဲ့ ကူးပြောင်းစေပြီးမှ စွန်ု့ထုက်တယ်။ heat sink ကနေစွန့်ထုက်တဲ့ ပမာဏနဲ့မလောက်တော့တဲ့အခါမှာ သုံးပါတယ် ဥပမာကို ပုံမှာပြထားပါတယ်။ High End card အများစုဟာ Active cooling တွေဖြစ်တယ်။
Water Cooling ကတော့ တိက်ဆိတ်ညိမ်သက်တဲ့ cooling ကိုလိုချင်သူတွေနဲ့ Overclocker တွေအတွက်ဖြစ်တယ်။ ၎င်းအမျိုးအစားတွေဟာ ဈေးနှုန်းကြီးမားပါတယ်။
GPU ကနေအပူထုက်မှုများလာတာနဲ့ သေးငယ်တဲ့ cooling device တွေကမလုံလောက်တော့ပါဘူး။ ဒီ့အတွက်ပိုမိုကြီးမားတဲ့ cooler တွေလိုအပ်လာတယ်။
Cooler အပိုင်းမှာ single slot cooler နဲ့ dual slot cooler ဆိုပြီးရှိတယ်။
Single slot cooler ဟာ သူ့ရဲ့ တပ်ဆင်တဲ့ slot နေရာတစ်ခုထဲနဲ့တင်လုံလောက်ပါတယ်။ သူဘေးမှာရှိတဲ့ card တွေအတွက်လည်းအဆင်ပြေစေပါတယ်။
Single slot cooler နဲ့မလုံလောက်တဲ့အခါ dual slot cooler ကိုတပ်ဆင်ပေးလာတယ်။ သူက slot နှစ်ခုစာနေရာယူတယ်။ ဒါပေမယ့် Dual Slot cooler တွေလေပူတွေကို case ရဲ့အနောက်ဘက်ကို သူရဲ့ backplate ကနေပြီးထုက်ပေးတဲ့အတွက် casing အတွင်းဖြစ်ပေါ်တဲ့အပူကိုလျှော့ချပေးနိုင်တယ်။

Triple Slot Cooler ဆိုတာရှိပါသေးတယ်။ သူတို့ High End Cooling အတွက်ပဲသုံးပါတယ်။

Vertex
3D game ထဲက object တစ်ခုဒါမှာမဟုတ် 3D model တစ်ခု ကို vertices တွေနဲ့ပြုလုပ်ထားပါတယ်။ Vertex ဆိုတာကတော့ X,Y,Z coordinates ရှိတဲ့ အစက်ကလေးတွေပဲဖြစ်ပါတယ်။ မျဉ်းဖြောင့်တစ်ကြောင်းရဖို ့ vertex အနည်းဆုံးနှစ်ခုလိုပါတယ်။ မျက်နာပြင်တစ်ခုဖြစ်ဆို ့ vertex အနည်းဆုံး သုံးခုလိုပါတယ်။ အောက်ပါပုံကိုကြည့်ပါ။ ကွန်ပျူတာလောကမှာ မျဉ်းကွေးဆိုတာမရှိပါဘူး။ ဒါကြောင့် မျဉ်းကွေးတစ်ကြောင်းရဖို ့ vertex တွေအများကြီးကို ဆက်ရတယ်။ ပိုမိုရှုပ်ထွေးတဲ့ 3D object တွေမှာဆိုရင် vertex တွေအများကြီးပါဝင်ပါတယ်။


Texture
Texture ကတော့ 3D မျက်နာပြင်တွေမှာပေါ်တဲ့ အသားရေလို ့ပြောရပါမယ်။ ပုံကိုကြည့်ပါ။ ပထမပုံက texture မထည့်ရသေးတဲ့ 3D box တစ်ခုဖြစ်ပြီး နောက်တစ်ပုံက texture ထည့်ထားတဲ့ ပုံဖြစ်ပါတယ်။ Texture တွေကြောင့်သာ ကျွန်တော်တို ့တွေ ဂိမ်းတွေထဲမှာ မြက်ခင်းစိမ်းတွေ၊ အုက်စီထားတဲ့ အိမ်နံရံတွေကိုမြင်ရတာပါပဲ။


Shader
Shader ဆိုတာဟာ ဥပမာရေပြင်ပေါ်မှာ နေရောင်ပြန်တာမျိုး ဖြစ်နေအောင်လုပ်ပေးတာကိုဆိုလိုပါတယ်။ ပုံဖေါ်ပေးတဲ့အရာလို ့ပဲဆိုပါတော့။ ယေဘုံယအားဖြင့်တော့ shader နှစ်မျိုးရှိပါတယ်။ Pixel Shader နဲ့ Vertex Shader တို့ဖြစ်ပါတယ်။ Vertex shader ကတော့ 3D object တွေကို ပုံဖော်ပေးတယ်။ Pixel Shader တွေကတော့ Pixel တွေရဲ့ အရောင်တွေကို ပြောင်းလဲပေးပါတယ်။ ဥပမာအားဖြင့်ပြောရရင် ဂိမ်းထဲမှာပါဝင်တဲ့ ဓါး တွေကိုအရောင်လက်အောင်လုပ်ပေးတာမျိုးပါ။


Fill rates
ကျွန်တောတို့တွေ Graphic Card ကြော်ငြာတွေမှာ Core clock တွေ၊ memory clock တွေအပြင် fill rate တွေကိုပါတွေ ့ရတက်ပါတယ်။ Fill rate မှာလည်း နှစ်မျိုးနှစ်စား ရှိပါတယ်။ Pixel Fill Rate နဲ့ Texture Fill Rate တို့ဖြစ်ပါတယ်။ Pixel Fill Rate က Graphic Card ကနေ တစ် second မှာ pixel ပေါင်း ဘယ်လောက်ထုက်ပေးနိုင်လဲဆိုတာဖြစ်ပါတယ်။ Texture Fill Rate ကတော့ Pixel တစ်ခုခြင်းစီအတွက် texture ပေါင်း ဘယ်လောက်ထုက်ပေးနိုင်လဲဆိုတာဖြစ်ပါတယ်။
Pixel Fill Rate က ROPs အရေအတွက်နဲ့ Clock Frequency မြှောက်ခြင်းနဲ့တူပါတယ်။ Texture fill rate ကတော့ nVidia နဲ့ ATI တို့ပေါ်မှုတည်ပါတယ်။ nVidia က pixel pipelines ကို clock frequency နဲ့မြှောက်ပြီး၊ ATI က Texture unit ကို clock frequency နဲ့မြှောက်ပါတယ်။


Graphic Processors
Graphic Processors တွေကတော့ nVidia နဲ့ ATI တို့မှာတစ်ခုနဲ့တစ်ခု မတူညီပါဘူး။ Nvidia က shader processor လို ့သုံးပြီးတော့ ATI က Stream processor လို ့သုံးပါတယ်။ သူတို့နှစ်ခုကို တိုက်ရိုက်နှိုင်းယှဉ်လို ့မရပါဘူး။ ဥပမာ အားဖြင့်ဆိုရင် Shader processor 128 ခုပါဝင်တဲ့ 8800 GTS က Stream processor 400 ပါဝင်တဲ့ R3870 ထက်သာပါတယ်။
သူတို့ထက်ပိုပြီးအရေးပါတဲ့အရာတွေရှိသေးပါတယ်။



Vertex Processors (Vertex Shader Unit)
Vertex Processors တွေကတော့ vertex တွေကိုဆောင်ရွက်ပေးတဲ့အရာဖြင့်တဲ့အတွက် ရှုပ်ထွေးတဲ့ 3D object တွေအများကြီးပါဝင်တဲ့ scenes တွေအတွက်အရေးကြီးပါတယ်။ ဒါပေမယ့် overall performance အတွက် တော့ pixel shader တွေလောက်အရေးမကြီးပါဘူး။


Pixel Processors (Pixel Shader Units)
Pixel shader တွေဟာ pixel တွေကိုတွက်ချက်ရာမှာအသုံးပြုပါတယ်။ Pixel တွေဟာ အရောင်တစ်ခုကို ကိုယ်စားပြုတာကြောင့် Pixel shader တွေက အံ့ဩဖွယ်ကောင်းတဲ့ graphic effect တွေကိုပြုလုပ်ရာမှာ အရေးပါပါတယ်။ ဥပမာအားဖြင့် အစစ်အမှန်နီးပါးထင်မှတ်မှားရတဲ့ ရေပြင်ကို pixel shader တွေကပြုလုပ်ပေးပါတယ်။

Unifined Shader
Unified shader တွေကိုတော့ DirectX 10 ရဲ့ unified shader architecture အတွက်အသုံးပြုပါတယ်။ ဒါကြောင့် နောက်ပိုင်း directX 10 ကိုထောက်ပံ့ပေးတဲ့ graphic card တွေမှာ shader processor တွေက unified shader တွေဖြစ်လာရတယ်။

Texture Mapping Units (TMUs)
အမှန်တကယ်တော့ texture တွေကို သူနေရာမှာသူ ရှိဖို ့ရာအတွက် address တွေလိုပါတယ်။ ဥပမာအားဖြင့် ဂိမ်းတွေမှာ အိမ်ရဲ့ ခေါင်မိုးက texture တစ်မျိုး၊ နံရံက texture တစ်မျိုး၊ တံခါးက texture တစ်မျိုး စသည်ဖြင့်ဖြစ်ပါတယ်။ ဒါတွေအတွက် TMUs တွေကလုပ်ဆောင်ပေးပါတယ်။ TMUs တွေက vertex shader နဲ့ pixel shader တွေနဲ့အတူတွဲပြီးအလုပ်လုပ်ပါတယ်။

Raster Operator Units (ROPs)
ROPs တွေက pixel တွေကို graphic memory ပေါ်ကိုရေးသားရာမှာအသုံးပြုပါတယ်။ အဲ့ဒီ့ရေးသားတဲ့ speed ကို fill rate လို့ခေါ်ပါတယ်။အရင်တုန်းက ROPs တွေရဲ့လုပ်ဆောင်ချက်က အရေးကြီးပေမယ့် အခုအခါမှာတော့ performance အပေါ်မှာတော့ သိပ်ပြီးသက်ရောက်မှုမရှိပါဘူး။


Pipelines
Pipelines လို့ပြောရာမှာ ၎င်းကို unit တစ်ခုအနေနဲ့မမှက်ယူသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ graphic processor ထဲမှာ မတူညီတဲ့ pipelines တွေပါဝင်ပြီး မတူညီတဲ့ အလုပ်တွေကို လုပ်ဆောင်လို ့ပါပဲ။ ဒီမှာတော့ pipeline တွေကို pixel shader တွေနဲ့ TMUs တွေချိတ်ဆက်အလုပ်လုပ်မှုကိုဖော်ပြပါတယ်။
ဥပမာ Radeon 9700 မှာ pixel shader ၈ခု ကို TMUs ၈ခုနဲ့ချိတ်ဆက်ထားတဲ့အတွက်ကြောင့် pipelines ၈ခု ပါဝင်တယ်လို ့ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပေါ် card တွေမှာတော့ ဒီလိုပြောလို့မရတော့ပါဘူး။ ဥပမာ အားဖြင့် ATI's Radeon X1600 မှာ ဆိုရင် pixel shader ၁၂ ခု ပါဝင်ပေမယ့် TMUs ကတော့ ၈ခုပဲပါဝင်ပါတယ်။ သူ့ကို pipeline ၁၂ ခုလို့မပြောနိုင်သလို ၈ခုလို့လဲမပြောနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် pipeline ပိုများတဲ့ကဒ်က pipeline နည်းတဲ့ကဒ်ထက် တော့ပိုမြန်ပါတယ်။


Microsoft's DirectX, OpenGL, Shader Model
ဒီ အသုံးအနှုန်းတွေကို ကျွန်တော်တို့တွေ တွေ ့နေကြဖြစ်ပေမယ့် နားလည်သူနည်းပါတယ်။DirectX နဲ့ OpenGL တို ့က graphic API တွေဖြစ်ပါတယ်။ API ဆိုတာက Application Programming Interface ကိုဆိုလိုတာပါ။ API တွေပေါ်မလာခင်တုန်းက graphic card company တွေဟာသူတို့ ရဲ့ကဒ်တွေကို သီးသန့် programmin language တွေနဲ့အသုံးပြုနိုင်တယ်။ ဆိုလိုတာက game ရေးသားသူတွေဟာ ကဒ်အမျိုးအစားတစ်ခုစီအတွက် အကုန်ရေးသားပေးရတယ်။ ဒါမှ သူတို့ရေးတဲ့ game ကို ကဒ်တွေအကုန်လုံးနဲ့ လိုက်ဖက်ညီညီ ဆော့ကစားနိုင်မှာဖြစ်တယ်။ အဓိကပြဿနာက အချိန်ကုန်ပြီးကုန်ကျစရိတ်များတာပဲဖြစ်တယ်။ ဒီ့အတွက် programming “စံ” တစ်ခုကိုသက်မှတ်ကြတယ်။ ၎င်းကို API တွေလို့ခေါ်တယ်။ graphic အတွက်မို့လို့ graphic API လို့ခေါ်ပါတယ်။ ယခုလက်ရှိသုံးနေတဲ့ APIs တွေက DirectX နဲ့ OpenGL ပဲဖြစ်တယ်။ DirectX က Graphic card တွေပေါ်မှာ ပိုပြီး လွှမ်းမိုးမှုရှိတယ်။ တကယ်တော့ Direct X ဟာ Graphic API တစ်ခုတည်းမဟုတ်ပါဘူး။ သူ့မှာ တခြား API တွေပါဝင်ပါသေးတယ်။ ဥပမာ sound, Input device, Music စတာတွေပေါ့။ ယခုလက်ရှိမှာတော့ Direct X 11 ကအမြင့်ဆုံးပါပဲ။ Direct X version တွေက တစ်ခုနဲ့တစ်ခုမတူပါဘူး။ ဆိုလိုတာက Direct X 9.0 ကို ထောက်ပံ့ပေးတဲ့ကဒ်က direct X 10.0 ကိုမထောက်ပံ့ပေးနိုင်ပါဘူး။ ဒါပေမယ့် Direct X 10.0 ကဒ်က 9.0 ကိုတော့ထောက်ပံ့ပေးပါတယ်။ တစ်ခုသတိထားရမှာက direct X 9.0 version တွေထိပဲ window XP က လက်ခံဆောင်ရွက်နိုင်တယ်။ window vista ကြမှ 10.0 ကိုလက်ခံနိုင်ပါတယ်။ နောက်တစ်ခုက Shader Model တွေပဲဖြစ်တယ်။ သူတို့က Direct X ရဲ့ function အခွဲလေးတွေလို့ဆိုရမှာပဲ။ ဘာပဲဖြစ်ဖြစ် မြင့်လေကောင်းလေပါပဲ။ Direct X model မြှင့်ခြင်းက ပိုမိုရှုပ်ထွေးတဲ့ 3D model တွေကိုလက်ခံဆောင်ရွက်နိုင်ပါတယ်။


HDR and OpenEXR HDR
HDR (High Dynamic Range) ဆိုတာကတော့ 3D application နဲ့ game တွေမှာ အစစ်အမှန်နီးပါး အလင်းကိုရရှိဖို့အတွက် အသုံးပြုကြတယ်။ Graphic Card အကုန်လုံးဟာ Direct X version တွေလိုပဲ HDR ကိုမထောက်ပံပေးနိုင်ပါဘူး။ Direct X 9.0 ပေါ်မလာခင်တုန်းက graphic ကဒ်တွေဟာ lighting ပိုင်းအတွက် 8-Bit (256 color) ထိပဲတွက်ချက်နိုင်တယ်။ Direct X 9.0 ကဒ်တွေကတော့ lighting ပိုင်းအတွက် 24 bit (16.7 million color) ထိတွက်ချက်နိုင်လာတယ်။ Shader Model 3.0 (SM 3) ကိုထောက်ပံ့ပေးနိုင်တဲ့ ကဒ်တွေကတော့ OpenEXR HDR ကိုအသုံးပြုနိုင်တယ်။ သူက 32 bit ထိတွက်ချက်ပေးနိုင်တယ်။ OpenEXR HDR ကိုတော့အဓိကအားဖြင့် ရုပ်ရှင်လုပ်ငန်း ဖြစ်တဲ့ VFX တွေအတွက်အဓိကထားပါတယ်။ အဓိကပြဿနာကတော့ ဂိမ်းတွေကို HDR နဲ့ဆော့ရင် system တစ်ခုလုံးကို နှေးကွေးသွားတာပဲ။ ဒါကြောင့် game တွေကို HDR နဲ့ဆော့ကစားချင်ရင် graphic card အမြင့်စားတွေကိုလိုပါမယ်။



Anti-Aliasing
Aliasing ဆိုတာကတော့ အထစ်ထစ်နဲ့အနားစွန်းတွေဖြစ်နေတာ၊ အတုံးလေးတွေဖြစ်နေတာကိုဆိုလိုတာပါ။ ဒါဟာ pixel တွေကြောင့်ပါ။ ကွန်ပျူတာမှာ မျဉ်းကွေးဆိုတာမရှိပါဘူး။ မျဉ်းကွေးကိုလိုချင်ရင် pixel လေးတွေကို ဆက်ပြီးလုပ်ယူရတာကြောင့် အထစ်ထစ်တွေဖြစ်ရတာပါ။ သူကို ချေဖြက်ဖို့အတွက် Anti - Aliasing (AA) ကိုအသုံးပြုလာကြတယ်။ အဓိက color တစ်ခုကို သူ့ဘေးမှာ အရောင်အနုအရင့်ပေါင်းထည့် လိုက်ပြီးပိုမိုချောမွေ့တဲ့ မျက်နာပြင်ရအောင်ပြုလုပ်တာဖြစ်ပါတယ်။ သူရဲ့ပမာဏကို “အဆ” နဲ့ တိုင်းပါတယ်။ 2x, 4x စသည်ဖြင့်ပေါ့။ 2x AA ထက် 4x AA ကပိုပြီးချောမွေ ့ပေမယ့်လို ပိုပြီး တော့လည်း graphic power ကိုသုံးပါတယ်။ graphic performance ကိုနှေးစေတဲ့ထဲမှာ ဒီကောင်ကလည်း အဓိက ပြဿနာပါပဲ။


Texture Filtering
3D game တွေအားလုံးမှာ texture တွေပါဝင်ပါတယ်။ ဒီ texture တွေဟာ ဥပမာအားဖြင့်- texture ရှိတဲ့ မျက်နာပြင်ကို အပေါ်စီးကကြည့်ရင် ပြတ်ပြတ်သားသားမြင်ရပေမယ့် ဘေးတိုက်ကဖြစ်စေ၊ တစ်ပြေးညီကဖြစ်စေကြည့်လိုက်ရင် မှုန်ဝါးသွားတာ၊ ရှင်းရှင်းလင်းလင်းမမြင်ရတာတွေ ဖြစ်လာပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် Texture Filtering ကို ထည့်သွင်းလာကြပါတယ်။ သူ့မှာ bilinear, Tri- linear နဲ့ Anistropic Filtering ဆိုပြီးရှိပါတယ်။ ဒါတွေက filtering method တွေဖြစ်ပါတယ်။ bi-linear ထက် Tri-linear ကပိုကောင်းပြီး သူတို့တွေထက် Anistropic ကပိုကောင်းပါတယ်။ ဒီ effect တွေက နောက်ပိုင်းထွက်ရှိလာတဲ့ကဒ်တွေရဲ့ performace ကိုသိသိသာသာ ထိခိုက်ခြင်းမရှိတော့ပါဘူး။ ဒါပေမယ့် texturing filtering ကိုပိုမိုသုံးရင် performance ပိုမိုလိုတယ်ဆိုတာတော့သိထားရပါမယ်။


High definition texture
Game တွေကို အပြင်လောကနဲ့တူအောင် လုပ်ဆောင်တဲ့နေရာမှာ texture တွေကလည်းအရေးပါပါတယ်။ resolution ပိုမိုကောင်းမွန်တဲ့ texture တွေကိုသုံးလေ garaphic memory များများလိုလေဖြစ်ပါတယ်။ Texture တွေကို memory တွေကအမှီမလိုက်နိုင်တဲ့အခါ game ကစားရာမှာ texture တွေကနောက်ကျ ပြီးမှ ပေါ်လာတာမျိုးတွေဖြစ်တက်ပါတယ်။ ဘာလို့လဲဆိုတော့ လိုအပ်တဲ့ texture တွေကို system memory, HDD တွေကနေခေါ်ယူနေရလို့ဖြစ်ပါတယ်။ game တွေကို texture မြင့်မြင့်နဲ့ဆော့ခြင်ရင်တော့ memory များများပါတဲ့ ကဒ်ကိုထည့်တွက်ရပါမယ်။


Choosing Graphic Card
ဒီလောက်ဆိုရင် စာဖက်သူတို့လည်း graphic card အကြောင်းကို တော်တော်များများ နားလည်လောက်ပြီထင်ပါတယ်။ ဒါဆိုရင် အခု Graphic Card တွေကိုရွေးချယ်ရာမှာ ဦးစားပေး စဉ်းစားရမယ့်အချက်တွေကိုပြောပြပါမယ်။
အခုလက်ရှိဈေးကွက်ထဲမှာ ရောက်နေတဲ့ ကဒ်အားလုံးနီးပါးဟာ PCI E တွေဖြစ်လို့ ဒါကိုတော့ ထည့်မပြောတော့ဘူး။

၁- GPU
စစခြင်း GPU ကိုစဉ်းစားရပါမယ်။ သူက Graphic performance တစ်ခုလုံးအတွက် အခရာ ကျတယ်။ သူမှာ shader processor, stream processor ဘယ်လောက်ပါသလဲ။ Pipeline တွေ၊ pixel shader တွေ၊ vertex shader တွေ၊ texture /pixel fill rate စတာတွေကိုကြည့်ရပါမယ်။

၂- Memory Interface
Graphic Memory ပမာဏထက် သူရဲ့ interface ကိုအဓိကထားရပါမယ်။ ဥပမာ- 1GB- 128bit ထက် 521MB 256 bit ကိုရွေးသင့်ပါတယ်။

၃- supporting function and output
နောက်တစ်ခုက ဘာတွေကို support လုပ်သလဲ၊ Direct X 10ရသလား၊ SM ကကော 3.0 ရရဲ့လား၊ OpenGL က ဘယ်ထိရသလဲစသည်ဖြင့်ပေါ့။ နောက်ပြီး DVI ဘယ်နှပေါက်ပါလဲ၊ HDMI ကောရရဲ့လား၊ Display Port စတာတွေကို စဉ်းစားရပါမယ်။ များသော အားဖြင့်တော့ DVI နှစ်ပေါက်၊ ဒါမှမဟုတ် DVI တစ်ပေါက်နဲ့ D-sub တစ်ပေါက်တော့ပါပါတယ်။

၄- Graphic Memory
Graphic Memory များခြင်းက graphical data တွေကို များများ လက်ခံဆောင်ရွက်နိုင်တယ်။ system ပေါ်လည်းဝန်နည်းစေပါတယ်။

၅- Monitor Resolution
Graphic card ရဲ့ performace ဟာမိမိ monitor ရဲ့ အမြင့်ဆုံး resolution မှာ ကောင်းကောင်း run နိုင်ရမယ်။ ကိုယ်ဝယ်မယ့် ကဒ်ရဲ့ performance တွေကို review site တွေမှာကြည့်ရှု့ထားသင့်တယ်။

၆- Power consumption
ကဒ်ရဲ့ လိုအပ်တဲ့ power ကို မိမိရဲ့ PSU ကထောက်ပံ့ပေးနိုင်ရဲ့လားဆိုတာ သိထားရမယ်။

၇- Multicard
ကိုယ်မှာ SLI/Crossfire တပ်ဆင်နိုင်တဲ့ MB ရှိရင် ကိုယ်ဝယ်မဲ့ ကဒ်က ၎င်းကိုထောက်ပံ့ပေးနိုင်ရမယ်။ ဒါမှ ကိုယ်က upgrade လုပ်ချင်တဲ့အခါအဆင်ပြေမယ်။

၈- Cooling
ကဒ်ရဲ့ cooling ကလည်းအရေးပါပါတယ်။ Game ဆော့နေတုန်း cooling ဂန့်သွားလို့ လောင်သွားတဲ့ကဒ်တွေကိုတွေ့ဖူးတယ်။

၉- Components
ကဒ်မှာသုံးတဲ့ပစ္စည်းတွေက Solid Capacitor တွေလား၊ militray component တွေလား ဆိုတာတွေကိုကြည့်ရမယ်။ ဒါတွေက ကဒ်ကိုကြာရှည်ခံစေပါတယ်။ အထူးသဖြင့် နောက်ထက်ကဒ်အသစ်ကိုဝယ်ယူဖို့အစီအစဉ်မရှိတဲ့သူတွေပေါ့။

၁၀-Overclocking
Overclocker များအတွက်ကတော့ဒါကအရေးကြီးတယ်။ သာမန်သုံးသူတွေကတော့ မလိုပါဘူး။ Voltage Control function ပါရဲ့လား၊ hardware overclocking ပါရဲ့လားဆိုတာကိုကြည့်ရမယ်။ Overclocking လုပ်ရင် stable ဖြစ်အောင် အပို Chipset တွေထည့်သွင်းခြင်းရှိမရှိဆိုတာကိုလည်း ကြည့်ရပါမယ်။

ဒီပို့စ်လေးကတော့ မိုးလေ့လာရင်းတွေ့ခဲ့တဲ့ ပို့စ်လေးပါ။ ဗဟုသုတအဖြစ် သူငယ်ချင်းတို့ကို မျှဝေပေးလိုက်တာပါနော်။

Read More articles on www.freemanhardwares.webs.com
Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More