နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Sunday, November 27, 2011

Networking (Basic)


မိုးလေ့လာထားသလောက်Networking အကြောင်း များကို အခြေခံမှစပြီ ဖြည်းဖြည်းချင်းရေးပြသွားပါ့မယ်။ ခုတော့ အခြေခံလေးစပြီးတော့ လေ့လာရအောင်နော်။
Networking ဆိုတာ Computer ကနေစခဲ့တာပါ။ ကမာ္ဘ့ပထမဆုံး Computer စပေါ်ချိန်တွင် network ဆိုတာမရှိသေးပါဘူး။ ဒုတိယမြောက် Computer ပေါ်လာချိန်တွင် File နဲ့ Folder တွေကို စက်တစ်လုံးနှင့်တစ်လုံး ရွှေ့ပြောင်းရာတွင် လူမလိုပဲ ရွှေ့ပြောင်းနိုင်ရန် အမျိုးမျိုး တီထွင်ခဲ့ကြပါတယ်။ ပထမတော့ Data များကို ရွှေ့ပြောင်းဖို့ Floppy and CD တို့ကို အသုံးပြုခဲ့ကြသည်။ ထိုကဲ့သို့ စက်တစ်လုံးမှတစ်လုံး ရွှေ့ပြောင်းသုံးနည်းကို Sneakernet ဟုခေါ်ဆိုခဲ့ကြသည်။ Sneakernet ၏အားနည်းချက်ကတော့ အချိန်ကုန်၊ လူပင်ပန်းခြင်းပင်ဖြစ်သည်။ ထိုအချိန်မှစပြီး network ကို စတင်တီထွင်ခဲ့ကြပါသည်။
network တစ်ခုကို သုံးပြီး အနည်းဆုံး Computer ၂ လုံး မှ ရာထောင်ချည်သော Computer များသို့ Dataများ၊ Printerများ၊ Driveများကို မျှဝေအသုံးပြုနိုင်ပါသည်။ တနည်းဆိုရလျှင် network ဆိုသည်မှာ Computer တစ်လုံးရှိ information များကို လူကိုယ်တိုင်သယ်ဆောင်ရန်မလိုဘဲ ထိုင်ရာမထ ယူသုံးနိုင်ခြင်းပင်ဖြစ်ပါသည်။

(1) Network အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ?
Network အမျိုးအစားကို အခြေခံအားဖြင့် LAN, MAN, WAN ဆိုပြီး (၃) မျိုးခွဲခြားထားပါတယ်။

(a) LAN (Local Area Network)
LAN ကို အဆောက်အဦးတစ်ခုအတွင်း (သို့) ရုံးတစ်ရုံး အတွင်း ချိတ်ချက်အသုံးပြုနိုင်သည်။ အကွာ အဝေးအားဖြင့် ယခင်က Hub/ Switch မှ 185m (၆၀ဝ ပေ) နှင့် Computer အရေအတွက် (၃၀) ထိ သတ်မှတ်ထားပါသည်။ ယခုခေတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ LAN အသုံးပြုနိုင်သည် အကွာ အဝေးနှင့် Computer အရေတွက် ပိုမို များပြားလာပါပြီ။
(b) MAN (Metropolitan Area Network)
MAN Network ကတော့ LAN ထက်ကြီးပြီး WAN ထက်တော့ ငယ်ပါတယ်။ တစ်နည်းဆိုရလျှင် LAN (၂)ခု သို့မဟုတ် (၂) ခုထက်ပိုပြီး ချိတ်ဆက်ထားခြင်းပင်ဖြစ်ပါသည်။ MAN ကို မြေပြင်ဧရိယာအကျယ်အဝန်းအားဖြင့် မြို့တစ်မြို့အတွင်း အသုံးပြုနိုင်ပါတယ်။ ယနေ့ခေတ်တွင် MAN ဆိုသော အခေါ်အဝေါ်သည် ပျောက်ကွယ်လုနီး ဖြစ်နေပါပြီ။
(c) WAN (Wide Area Network)
WAN Network ကတော့ LAN ပေါင်း များစွာကို ချိတ်ဆက်အသုံးပြုထားခြင်းဖြစ်ပါသည်။ အကွာအဝေး ဧရိယာ အကန့်အသတ်မရှိဘဲ မြို့တစ်မြို့မှ တစ်မြို့ ကမာ္ဘအနှံ့ဆက်သွယ်ထားသော ကွန်ယက်ကြီးတစ်ခုပင်ဖြစ်ပါတယ်။ LAN တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာတွင် Backbone (ပင်မဆက်ကြောင်း)အဖြစ် Radio link, Satellite Link, Fiber cable တို့ဖြင့်အသုံးပြုကြသည်။ မိုးတို့သုံးနေတဲ့ internet ဆိုတာ WAN ဆိုသော ကမာ္ဘ့အကြီးဆုံး Network ကြီးကို ဆိုလိုခြင်းပါ။ ဒါကြောင့်လူတွေက Internetကိုသုုံးပြီး ကမာ္ဘကြီးကို ရွာကြီးတစ်ရွာသဖွယ်အသုံးပြုလာနိုင် ကြပြီလေ။


ဗဟုသုတတိုးပွားနိုင်ကြပါစေလို့ဆုတောင်းရင်း...
မိုး

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More