နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Sunday, December 4, 2011

Computer ကို အလိုအလျောက်ပိတ်နည်း


ဒီနည်းလေးကို သိပြီးသူတွေအတွက်မရည်ရွယ်ပါဘူး မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ရတာပါ။ မိုးရဲ့သူငယ်ချင်း က သူမရဲ့ ကလေးComputer ဂိမ်းဆော့ရင် ဘယ်လိုမှခေါ်လို့ မရပါဘူးတဲ့။ ပိတ်လို့လဲမရနဲ့ သူတော်တော်ကို စိတ်ညစ်နေတယ်လေ။ ဒီနည်းလေးသုံးပြီးဖြေရှင်းပေးလိုက်ရပါတယ်။ မိုးသူငယ်ချင်းလိုပဲ အခြားသော သူငယ်ချင်းများလဲ လိုအပ်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်နော်။

Start >> Run box တွင် shutdown.exe -s -t 3600 ဟုရိုက်ပြီး OK နှိပ်လိုက်ပါ။ နောက်တစ်နာရီကြာပြီးလျှင် သင့်ရဲ့ Computer မှာ အလိုအလျှောက်ပိတ်သွားပါလိမ့်မယ်။
မှတ် ချက် (3600) တွင် မိမိပိတ်ချင်သောအချိန်ကို စက္ကန့်ဖြင့်တွက်ပြီး ပေးနိုင်ပါသည်။
ဥပမာ။ နာရီဝက် (1800)
၁နာရီ (3600)
၁၅ မိနစ် (900) စသဖြင့် စက္ကန့်ဖြင့်တွက်ပြီး ပေးရသည်။

ဖွင့်ထားသော Program, File များကို ထိခိုက်မှု မဖြစ်စေပါဘူး။

အဲ ပြီးတော့ ဒီစနစ်ကို ပြန်ဖျက်မယ် ဆိုရင်တေ့ာ...
Start >> Run box ထဲတွင် shutdown.exe -s -t a လို့ရိုက်ပြီး OK နှိပ်လိုက်ပါ။

အားလုံး အဆင်ပြေကြပါစေနော်။

မိုး

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More