နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Friday, October 11, 2013

Internet သုံးသော Computer များအတွက် Virus, Maleware, Keylogger ရန်တို့မှ ကင်းဝေးရန်




၁) ကျွန်မသုံးသော သုံးလေ့ရှိသော ... Virus, Keylogger, Malwarebytes, Hacking tool တွေ ရှာသော ကျွန်မရဲ့ အပေါင်းအသင်းများ

(1) Microsoft Security Essential
(2) Malwarebytes
(3) USB Disk Security
(4) CCleaner
(5) www.virustotal.com

(1) Microsoft Security Essential ကတော့ အများလက်ခံထားတဲ့ Virus တော်တော်များများကို သတ်ပေးနိုင်တယ်။ ဥပမာ (Win 32...)

 (2) Malwarebytes ကတော့ Internet မှာ ပါလာသော Trojan, Malware များ, Keylogger နှင့် Hacking tooll များကို Malwarebytes နဲ့ စစ်ရင် ပေါ်ပါတယ်။ မသင်္ကာဖွယ် Website တွေကိုလဲ ဖွင့်ခွင့်မပေးဘူး။

(3) USB Disk Security ကတော့ Computer သုံးသူတိုင်း USB Thumb Drive များ SD Card များကို မလွဲမသွေ သုံးရမှာပါ။ သူက Virus အားလုံးကို မသတ်နိုင်ပေမယ့် တကယ်ကို အသုံးဝင်ပါတယ်။ ကျွန်မတော့ Window တင်ပြီးတိုင်း သူ့ကို မပါမဖြစ်ကို ခေါ်ထားရတယ်။ တခုတော့ရှိတယ်နော် Activate လုပ်ထားမှ သူက သတ်ပေးတာပါ။

(4) CCleaner ကို Recent file များ၊ Temp File များ၊ Recycle Bin မှ File များ အားလုံးကို ရှင်းလင်းရန်၊ Registry Error များကို ရှင်းရန်၊ မိမိမလိုအပ်သော Program များကို Uninstall လုပ်ရန်အတွက် အဓိက သုံးပါတယ်။ ပုံမှန်ဆိုရင် ၂ရက်တခါ ၃ရက်တခါလောက် CCleaner လေးနဲ့ သန့်ရှင်းရေးလုပ်ဖြစ်တယ်။ Registry Error ကိုတော့ မိမိစက်မှာ Virus တွေ့ထားတဲ့အခါ Full Scan နဲ့ စစ်ပြီးရင်တော့ သုံးပါတယ်။ ဒီကောင်လေးက ကြည့်တော့သာဘာမှ မဟုတ်တာ တကယ့်ဆရာပဲနော်။

(5) www.virustotal.com ကို File များ Virus, Maleware, Keylogger, ... တို့ပါမပါစစ်ရန်၊ ခု ဒီဘက်ခေတ်မှာ အကောင့်ဟက်ချင်သူတွေရဲ့ လက်စွဲ RAT, Keylogger ကပ်ထားတဲ့ အမြင်ကပ်စရာကောင်းတဲ့ လင့်တွေကိုလဲ Download မလုပ်မီ အရင် စစ်သင့်ပါတယ်။ မစစ်ပဲ Download လုပ်ပီးပါလာရင် တယောက်နဲ့တယောက် မုန်းတာပဲရမယ်လေ။ ကြိုပြီးစစ်ပါလို့ ပြောချင်ပါတယ်ရှင်...

အကြံပြုချက်
အသုံးပြုနေရင်း စက်က ပုံမှန်ထက် ပိုလေးလာသည်ဖြစ်စေ၊ File တွေ Software တွေ ဖွင့်ရတာ အနှောက်အယှက် တခုခု ဖြစ်လာရင် MSD (or other antivirus) update ဖြစ်နေသော Software ဖြင့် Full Scan စစ်စေချင်ပါတယ်။ အချိန်ပေးရသလို တကယ်လဲ ထိထိရောက်ရောက် ရှာပေးပါတယ်။ နောက်တဆင့် Malwarebytes နဲ့လဲ Scan စစ်ပေးပါ။ အားလုံးစစ်လို့ပြီးရင် Compuer ကို Restart ချပေးပါ။ ပြီးရင် CCleaner နဲ့ Clean လုပ်ပေးပါ။ (Virus effect ကြောင့် error ဖြစ်နိုင်သဖြင့်) CCleaner နဲ့ Registry Error ကိုလဲ ရှင်းပေးပါ။ အားလုံးပြီးပြီဆိုရင် Computer ကို Restart ပြန်လုပ်ပေးပါ။

ကျွန်မရေးသားသော နည်းပညာအတွေ့အကြုံများကို နှစ်သက်သလို ဖြန့်ဝေနိုင်ပါတယ်

လေးစားစွာဖြင့်
မိုး
Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More