နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Sunday, November 3, 2013

Batch File Programming မိတ်ဆက်


Batch Programming ဆိုတာကတော့ Microsoft Windows Operating မှာ တိုက်ရိုက်အသုံးချနိုင်တဲ့ programming အမျိုးအစားဖြစ်ပါတယ်။ Notepad တို့လို Word Pad တို့ကဲ့သို့သော text editors တစ်ခုခုကိုသုံး၍ ရေးသားနိုင်ပါတယ်။ CLI (Command Line Interpreter) ဖြစ်တဲ့ cmd.exe (သို့) command.exe မှာ Batch program အလုပ်လုပ်ပါတယ်။ Batch file မှာရေးသားသော code တွေသည် case insensitive ဖြစ်တဲ့အတွက် small letter ရော capital letter ရောလက်ခံပါတယ်။
DOS(Disk Operating System) မှာ Mode နှစ်မျိုးကို support လုပ်ပါတယ်။

  1.  Interactive Mode
  2. Batch Mode (Silent Mode)

    Interactive Mode

    Interactive Mode ဆိုတာက အသုံးပြုသူနှင့် အပြန်အလှန်ဆက်သွယ်လုပ်ဆောင်ခြင်းပါ။ User ဆီက input တောင်းမယ်၊ တစ်ခုခုကိုလုပ်ဆောင်တော့မယ်ဆိုရင် user ကိုလုပ်မလား မလုပ်ဘူးလား ပြန်မေးမယ်။
    ဥပမာ.. folder တစ်ခုကို ‘del’ command နှင့်ဖျက်တယ်ဆိုပါစို့။ ဖျက်မလားမဖျက်ဘူးလားလို့ ပြန်မေးပါတယ်။
    C:\>del waste
    C:\waste\*, Are you sure (Y/N)? y

    Batch Mode

    Batch Mode ကို “Silent Mode” (သို့်) “Quiet Mode” လို့လည်းခေါ်ပါတယ်။ User နှင့် ဆက်သွယ်မှုကိုမလုပ်ဆောင်ဘူး။ လုပ်ဆောင်စရာရှိတာကိုသာလုပ်ဆောင်ပြီး user ကို ပြန်မမေးပါဘူး။
    ဥပမာ.. folder တစ်ခုကို ‘del’ command နှင့်ဖျက်ပါမယ်။ ဒါ့ပြင် ‘/q’ ဆိုတဲ့ switch ကိုထည့်ပေးလိုက်ရင် ဖျက်မလား မဖျက်ဘူးလား ပြန်မမေးတော့ ဘဲ တိုက်ရိုက်ဖျက်ပစ်လိုက်ပါတယ်။
    C:\>del waste /q
    C:\>

    ရိုးရှင်းသော အခြေခံ Batch Program တစ်ခုဖန်တီးခြင်း

    Text editor တစ်ခုခုကိုသုံးပြီး Batch Program တစ်ခုဖန်တီးကြည့်ရအောင်။ Notepad ကိုဖွင့်ပြီးအောက်ပါ code တွေကိုရိုက်ထည့်လိုက်ပါ။

    @echo off
    color 0a
    echo Hello Batch Programming
    pause 

    ပြီးရင် ကိုယ်ကြိုက်တဲ့နာမည်နှင့် ‘.bat’ extension နှင့် save ရပါတယ်။ အခု ‘hello.bat’ နှင့် save ထားလိုက်မယ်။ အဲဒါဆိုရင် Window7 တွင်အောက်ဖော်ပြပါ icon လေးအဖြစ်ပြောင်းလဲသွားပါမယ်။

    အဲဒီ icon ကို double click လုပ်လိုက်ရင်အောက်ဖော်ပြပါအတိုင်းတွေ့ရမှာပါ။ key တစ်ခုခုနှိပ်လိုက်ရင် ပြန်ပိတ်သွားပါမယ်။


    ရှင်းလင်းချက်

    ပထမအကြောင်းက ‘@echo off’ သည် program အလုပ်လုပ်နေစဉ်မလိုလားအပ်တဲ့ရှုပ်ထွေးတဲ့စာကြောင်း တွေကိုမမြင်နိုင်စေဖို့ပါ။  ‘@echo off’ မသုံးပဲ command တိုင်းရဲ့အရှေ့မှာ ‘@’ လိုက်ထည့်ရင်လည်း အလားတူအကျိုးသက်ရောက်မှုရှိပါတယ်။ ‘@echo on’ လည်းရှိပါတယ်။ ကွာခြားချက်သိချင်ရင်တော့ စမ်းသပ်ကြည့်ပါ။ ‘echo off’ ဆိုပြီး ‘@’ မပါဘဲသုံးလို့ရပါတယ်။ ‘@’ က ‘echo off’ command ကို User အမြင်မှာမရှုပ်ထွေးစေဖို့ဖျောက်ထားပါတယ်။

    ဒုတိယစာကြောင်းက ‘color 0a’ ပါ။ ဒီ command က batch file ရဲ့ font နှင့် background color ကိုပြောင်းရာမှာသုံးပါတယ်။ Run Box (Window key + r) ထဲမှာ cmd ရိုက်ပြီး OK button နှိပ်လိုက်ပါ။ command prompt ပေါ်လာရင် ‘color /?’ ဆိုပြီးရိုက်ပါက color code တွေကို သိနိုင်ပါတယ်။ အရှေ့က ‘0’ သည် black ဖြစ်ပြီး background ၊ အနောက်က ‘a’ သည် green ဖြစ်ပြီး foreground ကိုကိုယ်စားပြုပါတယ်။

    တတိယစာကြောင်းမှ ‘echo’ command သည် သူ့နောက်တွင်ရိုက်သော စာသားများကို command prompt တွင်ပေါ်စေလိုသော output များကိုဖော်ပြရာတွင်သုံးပါသည်။ 
    စတုတ္ထစာကြောင်းမှ 'pause' ကတော့ User ရဲ့ လုပ်ဆောင်ချက်ကို စောင့်ဆိုင်းရာတွင်သုံးပါတယ်။ 'pause' command သာ မခံထားရင် program အလုပ်လုပ်ပြီးတာနှင့် တစ်ပြိုင်နက် ချက်ခြင်းပိတ်သွားမှာ ဖြစ်တယ်။

    (မျိုးသူထက်)

    Ref: Batch File Programming
    Rate this posting:
    {[['']]}

    4 comments:

    Walay Sait Pot hek said...

    အမ ကျေးဇူးအများကြီးတင်တယ်

    Walay Sait Pot hek said...

    အမရေ SAMSUNG Galaxy Mini ဖုန်း Android Version ဘယ်လောက်ထိမြင့်လို့ရလဲ အမ
    တင်ပေးပါလား Plz

    Hein Mynn said...

    လေ့လာသွားပါတယ်ခင်ဗျာ။

    sandar win said...

    ​ကျေးဇူးပါရှင်​့

    Post a Comment

    Twitter Facebook More