နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Saturday, January 18, 2014

Programming လေ့လာတော့မယ်ဆိုရင်




Developer(programmer) တယောက် လုပ်တော့မယ်ဆိုရင် ပထမဆုံး မိမိ ဝါသနာပါတာကို အရင်စဉ်းစားသင့်တယ်။ 
Software ပိုင်းကို စိတ်ဝင်စားလား? ဒါမှမဟုတ် Web ပိုင်းကို စိတ်ဝင်စားလားပေါ့။ မိမိစိတ်ဝင်စားရာကို အခြေခံမှ စပြီး လေ့လာဖို့အတွက် မမိုးဖတ်ထားတာလေးတွေကို နားလည်လွယ်အောင် ပြန်ပြီး မျှဝေပါတယ်။

Programming ကို ယေဘုယျအားဖြင့် ၂ပိုင်းခွဲနိုင်တယ်
1. Software Programming နဲ့
2. Web Programming ပေါ့။

မိမိက Software Programmer တယောက်ဖြစ်ချင်တယ်ဆိုရင် Software Programming ပိုင်းကို လေ့လာပေါ့။ ဒါမှမဟုတ် Web developer တယောက်ဖြစ်ချင်တယ်ဆိုရင် Web Programming ပိုင်းကို လေ့လာပေါ့။

နည်းပညာသမား အားလုံးက developer ဖြစ်ချင်လားမေးရင် ၉၉% က ဖြစ်ချင်ကြသူတွေကြီးပါ။ ဘယ်ကစရမယ်ဆိုတာကို မသိကြလို့သာ ရှေ့မဆက်ဖြစ်ကြတာပါ။ မမိုးက developer တယောက်လဲမဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်ပညာမဆို လေ့လာရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တော့ရှိပါတယ်။ ဒါကြောင့် စာတွေကို ရှာဖွေဖတ်ပြီး ဒီပို့စ်လေးကို တင်ပေးလိုက်ရတာပါ။ 

Software Programmer တယောက်လုပ်တော့မယ်ဆိုရင် အောက်ပါ programming တွေကို လေ့လာသင့်ပါတယ်။ 
eg. 1. C#
      2. C ++
      3. Java
      4. VB
      5. PHP ... 
 program အားလုံးက သဘောတရားတူတူတွေပါပဲ။ condition စစ်မယ်၊ looping ပတ်မယ် စသည်ဖြင့် တူတူပါပဲ။ မမိုးက java ကို ၃လလောက်တော့ လေ့လာဖူးပါတယ်။ အကြောင်းကြောင်းကြောင့်ဆက်ပြီး မလေ့လာဖြစ်ခဲ့ဘူး။ ကဲထားတော့။ ဆက်ပြောမယ်နော်။ programmer တယောက်အတွက် ပထမဆုံး အလွယ်ကူဆုံးလု့ိပြောလို့ရတဲ့ C ++ ကို အရင်ဆုံး လေ့လာသင့်ပါတယ်။ အချို့က ပြောတာတော့ Java ကအရှုတ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောကြတယ်။ အများလက်ခံထားတာပဲ ဆက်ပြောတာပေါ့နော်။ ဒါဆိုရင် C ++ ကို စပြီးလေ့လာပေါ့။ ပြီးမှ နှစ်သက်ရာ language တွေကို ဆက်ပြီးလေ့လာပေါ့။ မမိုးတတ်နိုင်သလောက် ပို့စ်တွေ၊ စာအုပ်တွေ၊ websiteတွေ၊ software တွေ ရှာဖွေပြီး တင်သွားပေးပါ့မယ်။

Web developer တယောက်လုပ်မယ်ဆိုရင်တော့ အောက်ပါ programming တွေကို လေ့လာသင့်ပါတယ်။
eg. 1. HTML/XHTML
      2. CSS
      2. C#.net
      3. JavaScript
      4. Python
      5. PHP
      6. ASP ...

စသဖြင့် အများကြီးရှိပါတယ်။ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးက HTML ပေါ့။ HTML ကို လေ့လာပြီးမှ တခြား language တွေကို ဆက်ပြီးလေ့လာကြတာပေါ့။ ဒီလောက်ဆို မိမိဘာဖြစ်ချင်တယ်ဆိုတာ ဆန်းစစ်လို့ရပါပြီ။ ဆက်ပြီးလေ့လာဖို့အတွက် မမိုးတတ်နိုင်သလောက် ပို့စ်များ၊ စာအုပ်များ၊ software များ၊ website များကို ရှာဖွေပြီး  တင်သွားပေးပါ့မယ်။



Rate this posting:
{[['']]}

6 comments:

Wai Yan said...

ကျေးဇူးပါ ခင်ဗျာ.....မကြီးမမိုး လာလည်ပါတယ်ခင်ဗျာ........

Brang Wunpawng said...

Tips & Tricks of computer and more....
Explore all you want
And paint your days with colorful dreams
Follow us and touch the world
with http://atsammarai.blogspot.com

Ye Htut said...

လာလည်တယ်နော်မမိုး

EC clone said...

Thz pr ma moe

NayMin Thura said...

ကျနော်လည်ပါတယ်အမကြီးမိုး အများအကျိုးသည်ထက်သည်ပိုးနိုင်ပါစေဆုတောင်းပါတယ်

Zay Pai said...

အစ်မ .....မောင် လေးကို ကူညီ ပါဦးဗျာ ..မောင် လေး ရဲ့ ဆက် မှာ Internet Low-MIC Utility has stop working လို့ ပြ နေတယ် ..အဲ လို ပြ ရင် ဘာဖိုင် မှ ဒေါင်းလို့ မရဘူး....ကူညီ ပေးပါဦးဗျာ...

Post a Comment

Twitter Facebook More