မင်္ဂလာပါဗျာ သည်နည်းလမ်းလေးကတော့ ကွန်ပျူတာအတွက် လုပ်ဆောင်သင့်သော နည်းလမ်းလေးများထဲ နံပါတ်စဉ် (၄) ခုမြောက်ဖြစ်ပါတယ်... အရင်က ၁-၂-၃ ဆိုပြီး ရေးခဲ့ပြီးပါပြီနော်
ကဲ ဒါလေးကတော့ ကွန်ပျူတာ မှာ မလိုအပ်တဲ့ အမှိုက်တွေ ဝင်းဒိုးလော့ တွေကို ရှင်းလင်းပေးဖို့
နည်းလမ်းကောင်းလေးဘဲ ဖြစ်ပါတယ်... လုပ်နည်းလေးကို အောက်မှာ သေခြာ ရှင်းပြထားပါတယ်..
ပထမဆုံး မိမိတို့ကွန်ပျူတာ start ကနေဖြစ်စေ Win + R တွဲလို့ဖြစ်စေ run box ကိုခေါ်လိုက်ပါနော်
ပထမဆုံး နမူနာလေးတစ်ခုနဲ့ ရှင်းပြလိုက်ပါ့မယ်... အလားတူ လုပ်ဆောင်ရမှာကတော့ အောက်ကဖေါ်ပြထားတဲ့ အချက် ငါးချက်ကိုပါဘဲ...တခု လုပ်ပြတာနဲ့ ကျန်တာ အကုန် အလားတူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်နော်... ကဲစမယ်နော်.....
၁။ temp ကို ရိုက်select all(ctrl+A)ပြီးရင်(shift+delete..)
၂။ %temp% ကို ရိုက် select all(ctrl+A)ပြီးရင်(shift+delete.)
၃။ prefetch ကိုရိုက် select all (ctrl+A) ပြီးရင် (shift+delete)
၄။ recent ကိုရိုက် selete all (ctrl+A) ပြီးရင် (shift+delete)
၅။ cookies ကိုရိုက် selete all(ctrl+A) ပြီးရင် (shift+delete)
ပထမဆုံး နံပါတ် (၁) ကိုနမူနာ ထားလုပ်ပြပါ့မယ်နော် ခုလို ထည့်ပြီး အိုကေ ပေးလိုက်တာနဲ့...
ဇယားကွက်ကြီးနဲ့ အတူ အထဲမှာ မလိုလားအပ်သော အမှိုက်များ ရှိနေပါတယ်.. ဖိုင်တွေ တွေ့လို့ နှမျော မနေနဲကနော် အဲတာတွေက သင့်ကွန်ပျူတာကို လေးလံစေတာတွေပါ..အချိန်ကြာလာလာလေလေ
အရမ်း များလာလေလေ လေးလံ လာလေလေဘဲဆိုတာ နားလည်ထားပေးပါနော်....
အဲအထဲက ဖိုင်တွေ အားလုံးကို select all ( Ctrl + A ) နဲ့ အကုန် အပြာခဲ ခြစ်လိုက်ပါ...နောက်
Delete လိုက်ပါနော်...ရဲရဲ သာ ဖျက်ပြစ်လိုက်ပါဗျာ.... အသုံးမဝင်တာတွေကို စက်အလေးခံ ထားဖို့မလိုပါ
အဲလို ဖျက်တဲ့ခါမှာ ဘောက်လေးတခု ကျကျလာမယ်ဗျ...သူကတော့ အောက်မှာ ကြည့်လိုက်ပါ.....ခုလိုလေး ကျလာတဲ့အခါမျိုးမှာ တိုင်းးပေါ့နော်... အနီဝိုင်းပြတဲ့နေရာ အမှန်ခြစ်ပေးပါ Skip ကိုကလစ်ပေးပါ...သူ ကျကျလာတိုင်း ထို့နည်းတူ လုပ်ပေးလိုက်ပါနော်... နောက် ပြောခြင်သေးတယ်
တချို့ ဖျက်လို့ မရတဲ့ ဖိုင်လေးတွေ ကျန်နေတတ်တယ်... တခု ချင်းးး စီ မောက်နဲ့ ညာကလစ် delete လုပ်ကြည့်ပါအုံးး မရတော့ဘူးဆိုရင်တော့ ထားခဲ့လိုက်ပါနော်... ဖျက်မရတော့လို့ပါ ပြဿနာမရှိပါ..
ကဲ အပေါ်က ပြထားတဲ့ အချက် နံပါတ်စဉ် (၅) ခုစလုံး သည်နည်းနဲ့ဘဲ ကစ်လိုက်တော့ဗျာနော်....
နောက် Window Clear Logs ဆိုတာကို ရှင်းပေးကြရအောင်နော်....သူကိုလည်း run box ခေါ်လိုက်ပါ
အဲထဲမှာဘဲ eventvwr ဆိုတဲံစာသားလေး ထည့်ပြီး အိုကေ ပေးလိုက်ပါနော်....
အဲခါမှာ အောက်မှာ ဇယားကြီးတခု ကျလာမှာဖြစ်ပါတယ်
လွယ် ကူစေဖို့ နံပါတ်စဉ်လေး လုပ်ပေးထားပါတယ် အစဉ်လိုက်သွားလိုက်ပါနော်....အဆင်ပြေမှာပါ
Window Logs ဆိုတာကို နှစ်ချက် ကလစ်ပေးလိုက်ပါ ဒါဆို အောက်မှာ သူနဲ့ ဆိုင်တဲ့ စာကြောင်း
applacation
security
setup
system
forwarded events ဆိုပြီးကျလာတာတွေ့ရမယ်.. အဲစာ တန်းတွေကိုဘဲ တခုချင်းစီပေါ့ မောက်တင် ညာကလစ်ပေး clear logs ဆိုတာကလစ်လိုက်ပါ...ဒါဆို ဘောက်သေးသေးလေးကျလာမယ်.....
Clear ဆိုတာကလစ်ပေးပြီး ရှင်းပေးလိုက်ပါနော်..ဒါဆို ပြီးပါပြီဂျာာာာာာ
ဆက်လက်လေ့လာလိုပါက
==============
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၃)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
{[['']]}
0 comments:
Post a Comment