ဒီနည်းက တစ်ခုလုပ်တတ်တာနဲ့ တခြားတစ်ခုကို လုပ်တတ်ပါတယ် ..
ဒီပို့စ်မှာတော့ ကျွန်တော်က Blog Archive ကို Scroll Box လေးနဲ့
ထားတဲ့နည်းကို မျှဝေပေးပါမယ် ..
Label ကို Scroll Box နဲ့ထားချင်ရင်လည်း ဒီနည်းအတိုင်းပဲ လုပ်ပေးလိုက်ရုံပါပဲ ...
ကဲ .. စကြစို့ ...
အရင်ဆုံး Blogger ကို Sign In ဝင်လိုက်ပါ
ပြီးရင် Layout ကိုသွားပါ
Blog Archive မထည့်ရသေးဘူးဆိုရင် Add a widget ကနေ Blog Archive ကိုရွေးပြီး Save လုပ်ပါ
တကယ်လို့ Blog Archive ထားပြီးသားဆိုရင်တော့ အဲဒီ Blog Archive ရဲ့ နံမည်ကို ဘယ်လိုထားထားသလဲဆိုတာကို မှတ်ခဲ့ပါ
အောက်ကပုံထဲမှာတော့ ကျွန်တော်က ရှာရလွယ်အောင် Archive In This Blog လို့ နံမည်ပေးထားပါတယ်
Blog Archive ကို Save လုပ်ပြီးပြီဆိုရင်တော့ Template ကိုသွားပါ
Edit HTML ကိုနှိပ်ပါ
ပွင့်လာတဲ့ Template Coding တွေထဲက ကိုယ်ပေးထားတဲ့ Blog Archive ရဲ့နံမည်ကို လိုက်ရှာပါ
ကျွန်တော်ကတော့ Archive In This Blog ဆိုတာကို ရှာလိုက်ပါမယ်
တွေ့ပြီဆိုရင်တော့ အဲဒီ Code တွေကို ဖြန့်ပေးရပါမယ် ..
ဆိုလိုတာက ကျွန်တော်တို့မြင်နေတဲ့ကုဒ်တွေဟာ ချုံ့ထားတာပါ ..
ဘယ်နေရာတွေမှာချုံ့ထားတာလဲဆိုတော့ > .... </widget> အဲဒီလိုမျိုးပုံစံထဲက အစက်ကလေးတွေထဲမှာ ကုဒ်တွေကို ချုံ့ထားတာပါ ..
သူ့ကိုဖြန့်ချင်ရင် အဲဒီ အစက်ကလေးတွေပေါ်မှာ ကလစ်တစ်ချက်နှိပ်ပေးလိုက်ရင် ကုဒ်တွေကျလာပါမယ်
အဲဒီလိုကျလာတဲ့ကုဒ်တွေထဲက
ကို ရှာပါ
တွေ့ပြီဆိုရင် အဲဒီကုဒ်ရဲ့နောက်နားမှာ ကလစ်တစ်ချက်ပေးပြီး Enter နှိပ်လိုက်ရင် အောက်မှာတစ်ကြောင်းစာ လွတ်သွားပါမယ်
အဲဒီလွတ်သွားတဲ့တစ်ကြောင်းနေရာမှာ အောက်က ကုဒ်ကို ကော်ပီကူးပြီးထည့်လိုက်ပါ

အဲဒီလိုထည့်လိုက်တဲ့အခါမှာ လောလောဆည် ကုဒ်မှားနေတဲ့အတွက် အောက်မှာရှိတဲ့ </...> ပုံစံကုဒ်တွေဟာ အနီရောင်တွေ ဖြစ်ကုန်ပါမယ် ..
စိုးရိမ်စရာမရှိပါဘူး ...
နောက်ထပ် အဲဒီ ကုဒ်အုပ်စုထဲက

အဲဒီလို နှစ်ခုထပ်နေတဲ့အောက်မှာ တစ်ကြောင်းစာနေရာပေးပြီး နောက်ထပ်
တစ်ခုထပ်ထည့်ပေးလိုက်ပါ
အဲဒီလိုဆိုရင်

<b:include name='quickedit'/>
အဲဒီလို သုံးခုဆင့်သွားပါမယ်
ဒါဆိုရင် မှားနေတဲ့ကုဒ်အနီရောင်တွေအားလုံး အစိမ်းရောင် ပြန်ပြောင်းသွားပါမယ် ..
အောက်ပုံကတော့ လိုအပ်တဲ့ကုဒ်တွေ ထည့်ပြီးသားပုံပါ
အားလုံးပြီးရင်တော့ Save template ကိုနှိပ်လိုက်ပါ ...
ဒါဆိုရင် ဘလော့ထဲက Archive List လေးတွေဟာ Scroll Box လေးထဲမှာ သပ်သပ်ရပ်ရပ် ရှိနေတာကို တွေု့ရပါလိမ့်မယ် ...
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
အိုင်တီမုဆိုး
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိ်ုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com
www.ledimyethar.com
www.ninilayy.blogspot.com

0 comments:
Post a Comment