နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Tuesday, March 4, 2014

ဘလော့တွေမှာ ပို့စ်တင်တာနဲ့ မိမိတို့ရေးလိုသော စာသားများ (သို့) Link ကို အော်တို ရှိနေစေရန် ထည့်သွင်းနည်း

 မင်္ဂလာပါ သည်နေ့ရေးဖြစ်တာကတော့ ဘလော့ကာ တော်တော် များများသိနေပြီးနည်းလမ်းလေးပါ
ဒါပေမယ့် fb ကနေ ညီငယ်တစ်ယောက် အကူညီလာတောင်းတာနဲ့ ပြောပြဖို့ထက် ပို့စ်တခုအဖြစ် ရေးလိုက်တယ်ဆို မသိသော ညီငယ် များသိစေရန်  ခုလိုရေးဖြစ်တာပါ.. နည်းလမ်းလေးကတော့  ကျွန်တော့်ဘလော့မှာ အောက်ဆုံးက  ကျွန်တော် ပိုင်ဆိုင်သောနေရာများအား လည်ပါတ်လိုပါက ဆိုတဲ့ စာသားများ (သို့ ) လင့်များကို ဘလော့ ပို့စ်တင်တိုင်း မိမိ new post page ထဲမှာ အော်တို ရှိနေပြီးဖြစ် အောင် လုပ်ထားနည်းပါဘဲ...ကဲ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..

အပေါ်ကပုံအတိုင်း မိမိတို့ ဘေလာ့ကာရဲsetting ကိုဝင်လိုက်ပါနော်... အဲခါမှာ နောက်တဆင့်အနေနဲ့
အောက်ကပုံတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်


သည်လို ဖြစ်လာတာနဲ့ အနီရောင်ပြထားသလို Post and comments ဆိုတာကလစ်လိုက်ပါ
အပေါ်နားကိုကြည့်ပါနော်... Post Template ဆိုတာ တွေ့မယ် သူ့နောက်က Add ကိုကလစ်ပါ

ခုလို ဘောက်လေးတစ်ခုကျမယ်...အဲဘောက်ထဲမှာဘဲ  မိမိတို့ ရေးသားလိုသော စာသားများကို ရေးသားနိုင်ပါတယ်...ပြီးတာနဲ့ အပေါ်ကနေ save ပေးလိုက်ပါ။
=============================
ကျွန်တော့် ဘေလာ့မှာ ပို့စ်တွေအောက်ဆုံး အမြဲတွေကနေရတဲ့ ဆိဒ်လမ်းညွှန်လေးတွေကို
ထည့်မယ်ဆိုပါက ကုဒ်လိုပါတယ်  သူက လင့်အဖြစ် ထည့်ပေးရမှာ မို့ ကုဒ်နဲ့ ထည့်မှ အဆင်ပြေပါလိမ့်မယ်  လိုအပ်တဲ့ ကုဒ်တွေကို အောက်မှာ ပေးလိုက်ပါတယ်

<br/><br/><br/><center><font color="blue"
size="3">စာသားရေးပါ<a href="လင့်ထည့်ပါ"
>{  ဒီမှာ  }</a> သွားလိုက်ပါ</font></center>
သည်ကုဒ်လေးတွေ ထည့်ပေးပါ...အဆင်ပြေပါပြီ...နမူနာကတော့ ကျနော့်အောက်ဆုံးက ကျနော့်ကိုယ်ပိုင်နေရာလေးများ လမ်းပြထားတဲ့ တိုင်း ဖြစ်လာမှပါ လင့်တွေစာသားတွေတော့
ကြိုက်သလို အစားထိုးသုံးနိုင်ပါတယ်...
အဆင်ပြေပါစေ

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More