နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Wednesday, March 5, 2014

ဘလော့မှာ Video တင်နည်း ( အသစ်များအတွက်)

မင်္ဂလာပါဗျာ... သည်နေ့ရေးမဲ့နည်းပညာလေးကတော့ ဘောလ့ကာ အသစ်လေးတွေအတွက် လာရောက်
တောင်းဆိုထားလို့   ဘလော့မှာ Video တွေတင်တဲ့နည်းလေးဖြစ်ပါတယ်... အရင်ကလည်းတင်ဖူးပါတယ်
ဒါကတော့ video တင်နည်းဘဲ သီးသန့် တင်ပေးလိုက်ပါတယ်နော်... အောက်မှာ ပုံလေးတွေနဲ့ သေသေခြာခြာ ရှင်းပြထားပါတယ်.....လေ့လာလိုက်ပါနော် သိသူများကျော်သွားပေးကြပါ

   အဆင့်  (၁) ....................  မိမိဘလေးကာကို   Sing In   ဝင်လိုက်ပါနော်....
                                      ဒါဆို အောက်မှာ ပြထားသလို မိမိ ဘလော့ကာရဲ့ New Post ဆိုတာလေး.

 ပုံမှာ ပြထားသလိုဘဲ  အပေါ်က ပုံလေးကလစ်ပေးလိုက်ရမှာ ဖြစ်ပါတယ်...နော်...အဲခါမှာ  ဆက်ကြည့်ပါ

   အဆင့်  ( ၂ )  ..................ကတော့ ကွန်ပျူတာထဲကတင်မလား ယူကျုကလားပေါ့

အဲလိုကျလာပါမယ်... မိမိအနေနဲ့ ဒေါင်းယူထားပြီးသော မိမိ စက်ထဲမှာ video များကိုတင်မည်ဆိုပါက
အလယ်က Choose a video upload  ဆိုတာကိုကလစ်ပြီးတင်ရမှာဖြစ်ပါတယ်..
ယူကျုကနေ တင်မယ်ဆိုပါက  From YouTube ဆိုတာကိုကလစ်ရပါမယ်.....နော်

   အဆင့်  (၃ )  .........................  ကတော့ ကွန်ပျူတာကတင်တဲ့ခါ ကျလာတဲ့ ဖိုင်ပါ..

ကွန်ပျူတာက တင်တဲံခါ  ကွန်ပျူတာ ဇယားလေးခုလိုကျလာပါတယ်.. အဲထဲက မိမိတို့တင်လိုသော video ဖိုင်သိမ်းရာနေရာ အရောက်သွားလိုက်ပါ တွေကတာနဲ့ တင်မဲ့ ဟာကို တချက်ကလစ်ပါ အောက်က Open ဆိုတာကိုကလစ်ပြီးတင်လိုက်ရုံပါဘဲနော်....

   အဆင့်  (၄ ) ..................ကတော့ တင်ထားတာလေး upload နေတာပါေ အာက်မှာ တင်နေတဲ့ အခြေနေလေးပြထားပါတယ်....

 ကွန်ပျူတာက တင်တဲ့အခါ အချိန်သင့်တင့် ကြာပါလိမ့်မယ်.. စောင့်ပေးလိုက်ပါ  Uploading Video ဆိုပြီး
အော်တို တင်နေပါမည်.... စောင့်ဆိုင်းနေလိုက်ပါနော်....

   အဆင့် (၅)..............ယူကျုကနေတင်မယ်ဆိုရင်တော့ အောက်ကလိုလေးကျလာမှာ ဖြစ်ပါတယ်နော်..

ဒါဆို အပေါ်က ဘောက်လေးမှာ ကိုယ်တင်ခြင်သော video ရဲ့ link ကိုဖြစ်စေ  တင်ခြင်တဲ့ သီချင်း...အဆိုရှင်   ...ဇာတ်လမ်း  အမည်ကိုဖြစ်စေ ရေးပြီးရှာလိုက်ပါ..ရှိတယ်ဆို ပုံမှာ ပြသလို ကျလာမှာဖြစ်ပါတယ်... ကျလာတာထဲက တင်ခြင်တာတခုူကို  ကလစ်လိုက်ပါ  နောက် အောက်က Select ကိုကလစ်ပြီးတင်ပေးလိုက်ပါနော်..
    အဆင့်  (၆ ) ..........  အနေနဲ့ကတော့   တင်ထားတဲ့ Video ဆိုဒ်ကို ထပ်ပြီးချဲ့မယ် ဆိုတဲ့ နည်းလေးပါ


အဲလို Video ိကုတင်ပြီးပြီဆိုတာနဲ့ သေးနေပါက ချဲ့ လို့ရပါတယ်.. အဲတာကတော့ အပေါ်က Html ဆိုတာလေးကို ကလစ်ပေးလိုက်ပါ ဒါဆို အောက်မှာပြထားသလိုကုဒ်တွေ ဘဲမြင်နေရမယ်...နော်


ဒါဆို ကုဒ်တွေထဲကနေ ချဲ့ရပါမယ်... အဲမှာ ရှာလိုက်ပါ  widget  နဲ့ hight ဆိုတာတွေပါနေမယ်... အဲထဲက နံပါတ်တွေကိုဘဲပြုပြင်ရမှာ ဖြစ်ပါတယ်... widget ဆိုတာကတော့ အလျှား ရဲ့ နံပါတ်တွေပေါ့
hight ဆိုတာကတော့ အပေါ်အောက် ပေါ့နော်... ဒါဆို လိုအပ်သလိုချဲ့ပေးလိုက်ပါ.... ကျွန်တော် အမြဲ ချဲကနေကျကတော့  widget 550  နဲ့ hight  400 ဘဲဖြစ်ပါတယ်.. ဒါတော့ မိမိတို့ တက်ပလက် အပေါ်မူတည်ပြီး လိုသလို ချဲကနိုင်ပါတယ်...ပြီးတာနဲ့ html ရှေ့က compose ဆိုတာကို ကလစ်ကြည့်ပါ..


ကဲကဲကဲ ဗျာ................သည်လောက်ဆို အဆင်ပြပါပြီနော်.... မိမိတင်သော video ရဲ့အမျိုးအစားကို
ညာဘက်က labels ကိုကလစ်ပြီး ထည့်ပါ... ဥပမာ။    ။ အချစ်သီချင်း။ မြန်မာသံစဉ်။ခေတ်ပေးတေး။
ဘာဘာညာညာ ပေါ့ဗျာ...ေိေိ... မိမိတင်တဲ့ သီချင်း (သို့) video ရဲ့ခေါင်းစဉ်အမည်ကိုတော့ အပေါ်က
post title ဆိုတဲ့နေရာမှာ ရေးပေးရမှာ ဖြစ်ပါတယ်...နော်...အိုခေ..
အားလုူံးအဆင်ပြပါပြီ.... အားလုံးသေခြာ စီစစ်ပြီးးတာနဲ့   Publish ကိုကလစ်တင်လိုက်ပေါ့နော်..
ဘိုင်....ဘိုင်......တာ့တာ.....ပျော်ပါစေ


Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More