နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Wednesday, March 5, 2014

Windos OS Version များနှင့် ဗဟုသုတများ


ဒီစာလေးတွေကို မမိုးမှတ်စုထဲမှာ မှတ်ထားတာတော်တော်ကြာပါပြီ။ online ပေါ်ကရထားတာပါပဲ။ အနည်းငယ်ဆီလျော်သလို ပြုပြင်ပြီး လိုအပ်သည်များကို google မှ ပြန်လည်ဖြည့်စွက်ပြီး ပြန်လည် မျှဝေလိုက်ပါတယ်။ မူရင်းရေးသားသူကို ကျေးဇူးတင်ပါတယ်။


Windows XP Editions

- လူသုံးအများဆုံးဖြစ်တဲ့ Windows XP Professional Edition and Windows Home Edition

- Windows XP Starter Edition

- Windows XP Media Center Edition

- Windows XP Tablet Edition ဆိုပြီး (၅)မျိုးကို တွေ့နိုင်ပါတယ်။ အသေးစိပ်ကိုတော့ Windows 7 ရဲ့ ရှင်းလင်းချက်တွေမှာပဲ ဖော်ပြပေးပါမယ်။

Windows 7 6 Editions
  • Windows 7 Starter 
  • Windows 7 Home Basic 
  • Windows 7 Professional 
  • Windows 7 Enterprise 
  • Windows 7 Ultimate 


1. Windows 7 Starter

  • Aero user interface, DVD Playback, Window Media Center, Internet Connection Sharing စသော လုပ်ဆောင်ချက်များ မပါဝင်ပါ။ 
  • Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စသော Enterprise Feature များလဲ မပါဝင်ပါ။ 
  • Windows XP တွင်ပါဝင်သော IIS Web Server ကိုလဲ သုံးမရနိုင်ပါ။ အများအားဖြင့် IIS Feature ကို Window Server Version တွေမှာသာ အသုံးအများဆုံးပါ။ Windows 7 တွင် Professional, Enterprise, Ultimate စသော Editions များတွင် ပါဝင်ပြီး Web Developer များ အသုံးအများဆုံးပါပဲ။ 
  • CPU တလုံးသာခွင့်ပြုထားပြီး core ကို unlimited ခွင့်ပြုထားပါသည်။ 
  • Windows 7 Editions အားလုံးသည် Dual Core, Quad Core, ... အားလုံးကို support လုပ်ပါသည်။ 


2. Windows 7 Home Basic

  • Emerging Market Country (ဖွံ့ဖြိုးစနိုင်ငံများတွင် တွေ့ရသည်) 
  • Aero user interface, DVD Playback, Window Media Center, Internet Connection Sharing စသော လုပ်ဆောင်ချက်များ မပါဝင်ပါ။ 
  • Domain System join ၍ မရနိုင်ပါ။ 
  • Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုလဲ မရနိုင်ပါဘူး။ IIS Web Server ကိုလဲ သုံး၍ မရနိုင်ပါ။ 
  • Physical Processor (CPU) တလုံးသာ ခွင့်ပြုထားပြီး 32bit Version တွင် Memory 4GB အထိ သုံးနိုင်ပါသည်။ 64bit Version တွင် Memory 8GB အထိ သုံးနိုင်ပါသည်။ 


3. Windows 7 Home Premium

  • Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စသော Enterprise Feature များပါဝင်ပါသည်။ 
  • IIS Web Server Feature ပါဝင်ပါတယ်။ 
  • Domain System များ မ join နိုင်ပါ။ 
  • Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုလဲ မရနိုင်ပါဘူး။ 
  • 32bit version တွင် Memory 4GB အထိ support လုပ်ပြီး 64bit version တွင် Memory 16GB အထိ အလုပ်လုပ်ပါသည်။ 
  • Physical Processors ၂လုံးအထိ support လုပ်ပါတယ်။ 


4. Windows 7 Professional Editions
  • Windows 7 Home Premium Edition မှ Feature များအားလုံး ပါဝင်ပါတယ်။ 
  • Domain System ကိုလဲ join နိုင်ပါတယ်။ 
  • Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုလဲ ရနိုင်ပါတယ်။ 
  • Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache စတာတွေကိုတော့ မရနိုင်ပါဘူး။ 
  • Physical Processor 2လုံးအထိ support လုပ်ပါတယ်။ 


5. Windows 7 Enterprise Editions

6. Windosws 7 Ultimate Editions



ဒီ(၂)ခုက တူနေလို့ ပေါင်းပြီး ရေးပေးလိုက်ပါတယ်...

  • Enterprise Edition ကို Microsoft's Volume Licensing Customer တွေအတွက် ထုတ်လုပ်ထားပေးတာပါ။ 
  • Enterprise နဲ့ Ultimate Editions တွေမှာ အခြားEditions တွေမှာ မရနိုင်တဲ့ Feature တွေတင်မကပါဘူး။ Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), Applocker, Direct-Access, Bitlocker, Remote Desktop Host, Branch-Cache အပြင် Boot from VHD ကိုပါရနိုင်ပါတယ်။ 
  • Physical Processor 2 လုံးအထိ support လုပ်ပါတယ်။ 


Note : MCTs (Windows 7, 70-680) ဖြေမယ့်သူများကတော့ 7-680 မှာ Test မေးတဲ့ Feature အများဆုံးကတော့ Enterprise နဲ့ Ultimate Edition တွေမို့ အဓိကထားပြီး လေ့လာစေချင်ပါတယ်။


မူရင်း ပို့စ်ကို google reference တွေနဲ့ အတတ်နိုင်ဆုံး ကြိုးစားထားပေးတာပါရှင်။ ဗဟုသုတ အနည်းငယ်ရသွားမယ်ဆိုရင် မမိုးကြိုးစားရကြိုး နပ်ပါတယ်။



အဆင်ပြေကြပါစေ








Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More