နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Tuesday, April 29, 2014

Facebook Security (or) မိမိအကောင့်လုံခြုံရေး

အကောင့်တခုမပါသွားဖို့ ပထမဆုံး Keylogger, Phishing ... စတာတွေကို ရှောင်နိုင်ရှင် ရှောင်၊ မရှောင်ရင် ဘာတွေ လုပ်ထားသင့်လဲ ဆိုတာလေး မမိုးသုံးထားတဲ့ security ကို ဒုတိယ အကြိမ်မြောက် ပြန်လည်မျှဝေခြင်းပါ။ အသိတယောက်ရဲ့ အကောင့်အဟက်ခံရတာကို ကူညီပေးရင်း ဒီနည်းလမ်းကို ရှာတွေ့ခဲ့တာပါ။

ဒီ security ကို သုံးလာတာ တနှစ်နီးပါးရှိပါပြီ။ ပထမ (၃)လ စမ်းသပ်ပြီး အောင်မြင်ခဲ့လို့ မမိုးမောင်တယောက်ရဲ့ အကောင့်ကို စမ်းသုံးပါသေးတယ်။ ဒုတိယအကြိမ်လဲ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ (၆)လ က ပထမအကြိမ် မျှဝေခဲ့ပါတယ်။ ခု ဒုတိယအကြိမ်ပါ။ ဒီ security ကို ထည့်ထားပြီး ၃လမှာ မမိုးအကောင့် အဟက်ခံရဖူးပါတယ်။ ဟက်တဲ့သူလက်ထဲမှာ မိနစ်ပိုင်းအတွင်း အကောင့်က Lock ကျသွားခဲ့ပါတယ်။ ဒါနဲ့ နောက်တယောက်ကို ထပ်ပြီး စမ်းခဲ့ပါတယ်။ မမိုးမောင်လေးအကောင့်ကို security ထည့်ပေးထားတာလဲ အဟက်ခံရပြီး သူပိုင်ဆိုင်သော group မှ admin တွေကို ဖြုတ်နေချိန်မှာပဲ အကောင့်က Lock ကျသွားခဲ့ပါတယ်။ ဒီ security က facebook team ကို ကိုယ့်အကောင့် အဟက်ခံရတယ်ဆိုပြီး report တင်လိုက်ခြင်းပါ။ Computer, IP ပြောင်းသုံးတာနဲ့ alarm ပေးမယ်၊ ဝင်ရခက်ပါမယ်။ နောက်ဆုံး lock ချပစ်လိုက်ပါတယ်။ ဒါကြောင့် ဘာမှ မသုံးထားမယ့်တူတူ သုံးထားဖို့ အကြံပြုပါရစေ။

ပထမဆုံး www.facebook.com/hacked လင့်ကိုဝင်လိုက်ပါ။ password တောင်းလျှင် ထည့်ပေးလိုက်ပါ။ (password တောင်းလို့ မသင်္ကာမဖြစ်ပါနဲ့၊ ဒီလင့်က facebook ရဲ့ အဟက်ခံရရင် ပြန်လည်လိုက်ယူရန် စာမျက်နှာတခုပါ) သူမေးတာတွေကို မှန်မှန်ကန်ကန် ဂရုစိုက်ပြီးဖတ်ပြီး ဖြည့်ပေးပါ။ email ကို password ပြောင်းခိုင်းလျှင် ပြောင်းပေးလိုက်ပါ။ profile ကို မေးခွန်းတွေ ဆက်တို်က်မေးတိုင်း ဖြည့်ပေးပါ။ မှန်မှန်ကန်ကန်ဖြည့်ပြီး only me ထားပေးလိုက်ပါ။ ၂ပတ်လောက်ထိကို မေးခွန်းတွေဆက်တိုက်မေးနေမှာပါ။ အစပိုင်းတော့ သုံးရတာ ခက်ပါလိမ့်မယ်။ နောက်ပိုင်း အဆင်ပြေသွားမှာပါ။ ကိုယ်တိုင်တော့ စည်းကမ်းရှိဖို့လိုပါတယ်။ Computer, IP ပြောင်းမသုံးဖို့ သတိပေးပါရစေ။ ပြောင်းသုံးမိခဲ့သော် အပေါ်ကလင့်အတိုင်းပြန်ဝင်ပြီး security ပြန်မြှင့်ပေးပါ။ ဒါက security တခုပါ။ 

နောက်တခုကတော့ lock ကျခဲ့သော် ပြန်ဖြည်ရန် trusted friend ၄ယောက်မှာ ၅ယောက်အထိ ထည့်ထားပေးပါ။ trusted friend ထည့်လျှင် မိမိ၏ အကောင့်များကိုသာထည့်ပေးဖို့ သတိပေးပါရစေ။ ထည့်နည်းကတော့ Facebook Setting >> Security >> Trusted Contacts မှာ Edit ကို နှိပ်ပြီး ကိုယ့်အကောင့် သစ်တွေကို ထည့်ပေးပါ။ ဒီလောက်ဆိုရင် တော်တော်လေး ပြည့်စုံပါပြီး။ 

ဒီထက်ပိုပြီး ပြည့်စုံချင်လျှင် မိမိ email နှင့် password ကို notepad နဲ့မှတ်ပြီး copy and paste နဲ့သုံးပေးပါ။ ဒါကတော့ keylogger ရှိနေရင်တောင် ကိုယ့်အကောင့် သူ့လက်ထဲ ပါမှာမဟုတ်ပါဘူး။ ဒါက သာမာန် keylogger အတွက် ပါ။  (မှတ်ချက် - ကိုယ့်ရဲ့ notepad ကိုတော့ သေချာသိမ်းဖို့ မမေ့နဲ့နော်)။ အချို့ အဆင့်မြင့် keylogger များသည် notepad များကိုတောင် ရှာနိုင်တယ်လို့ စာဖတ်ဖူးပါတယ်။ ဒါဆိုဘာနဲ့သုံးမလဲ Windows က ပေးထားတဲ့ on screen keyboard ဆိုတာ ရှိတယ်။ အဲဒီ keyboard ကနေ ရိုက်ဝင်မယ်ဆိုရင် notepad ထပ် ပိုပြီး security ကောင်းပါတယ်။ on screen keyboard သုံးနည်း >> Windows key ကို နှိပ်ပြီး on screen keyboard ဆိုတာကို ရိုက်ပြီး ပေါ်လာလျှင်ရွေးလိုက်ပါ။ email နဲ့ password ကို keyboard မှ မရိုက်ပဲ on screen keyboard မှ ရိုက်ဝင်ပါ။ ဒါရော လုံခြုံလားဆိုရင် မလုံခြုံသေးပါဘူး။ ဒါကို ဖောက်နိုင်တဲ့ keylogger ရှိပါသေးတယ်။ 100% လုံခြုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီလောက်အဆင့်မြင့်ထိတော့ မဖြစ်နိုင်သေးလို့ စမ်းပြီး သုံးစေချင်ပါတယ်။ 

password ပေးတဲ့အခါ အလွယ်တကူမပေးပါနဲ့။ Character (a, b, c, ...), Capital Letter (A, B, C, ...), Symbol (!, @, #, ...), Number (1, 2, 3, ...) စသည့်ဖြင့် (၄)မျိုးလုံး ပြည့်စုံအောင် ပေးပေးပါ။


အများနဲ့သုံးတဲ့စက်ကို အသုံးပြုမယ်ဆိုရင် on screen keyboard ကိုသာသုံးပေးပါ။ ဖြစ်နိုင်လျှင် Mozilla Browser ကို အသုံးမပြုပါနဲ့။ add on မသုံးပါနဲ့။ software တွေကို ကျွမ်းကျင်သူဆီမှသာ ယူပါ။ သက်ဆိုင်ရာ Blog တွေမှာသာ download လုပ်ပါ။ မိမိစက်မဟုတ်လျှင် အသုံးပြုပြီးတိုင် Ctrl + Shift + Del တွဲနှိပ်ပြီး reset လုပ်ပြီး clear လုပ်ပေးပါ။ Computer ကို Microsoft Security Essential နဲ့ Malwarebytes တို့နဲ့ စစ်ပေးပါ။ 


ဒီလောက်ဆို မိမိအကောင့်ကို မိမိ ထိန်းသိမ်းနိုင်ပြီလို့ ယူဆမိပါတယ်။



အဆင်ပြေကြပါစေ။ ကြီးနိုင်ငယ်ညှင်း ကင်းဝေးကြပါစေ


Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More