နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Tuesday, April 8, 2014

Facebook မှာ Video & Comment Photo တွေတင်မရတာဖြေရှင်းနည်း


မင်္ဂလာပါနော် သည်နေ့ ရေးဖြစ်တာလေးကတော့ Facebook ဆိုင်ရာနည်းလမ်းလေးတွေထဲက တခုဖြစ်တဲ့  မိတ်ဆွေ တော်တော်များများ ကြုံတွေ့ဖူးတဲ့  အကောင့်မှာ Video တွေ Comment Photo တွေ
တင်မရတဲ့ ပြသနာလေးဘဲ ဖြစ်ပါတယ်.. ဒါကိုကျွန်တော်တို့  တင်မရတဲ့အကြောင်း ကိုယ်ဖြစ်ပေါ်နေတဲ့
ပြသနာရဲ့  ပုံလေးနဲ့  ပြသနာကို  Report  ပို့လိုက်ကြရအောင်...ဟီးးးးးးးးးးးးးးး
အောက်မှာ ပုံလေးတွေနဲ့ ပြမယ်နော်  အဲဆို သေခြာ နားလည်သွားမှာပါ......
ဦးစွာပြောထားခြင်တာကတော့ မိမိတို့ အကောင့်မှာ ဥပမာပေါ့  ။   ။ video တင်လိုက်တယ် တင်မရဖြစ်နေတယ်ပေါ့  အဲ ဖြစ်နေတဲ့ ပုံစံအနေထား ပြတဲ့စာ  ကို ပုံလေး screenshoot  အဖြစ် တပုံယူထားပေးပါနော်...Report ပေးပို့တဲ့ခါ လိုအပ်ပါတယ်....နော်...ကဲစမယ်ဒါဆို
ပထမဆုံး မိမိတို့ Facebook အကောင့်ကို  ဝင်လိုက်ပါနော်....
မိမိတို့ အကောင့်ရဲ့  Setting ဝင်တဲ့ နေရာကနေ ကလစ်လိုက်ပါနော်..အပေါ်ကပုံလေးတိုင်းပေါ့...
အဲမယ် ပြထားသလို Report a Problem ဆိုတာတွေ့မယ်  ကလစ်လိုက်ပါနော်
အဲဘောက်လေးကျလာ ပါလိမ့်မယ် အဲခါမှာ အလယ်က Something Isn't Working  ဆိုတာကို
ကလစ်ပေးလိုက်ပါနော်....


အိုခေ......အပေါ်မှာ ရှိတဲ့  Select a product  ဆိုတာလေးမှာ နောက်က မျှာချွန်လေးကိုကလစ်ပါ
Title လေးကျလာမယ် အဲထဲကမှ  မိမိတို့ Facebook မှာ ဘာဖြစ်နေတာလဲ  ဖြစ်နေတဲ့ ပြသနာ ကို
လိုက်ရှာပါ အဲထဲမှာပေါ့  အဲတာကိုဘဲ ကလစ်ပေးရမှာ ဖြစ်ပါတယ်.. ခုကျနော် နမူနာအနေနဲ့ ပြထားတာကတော့  Video တွေတင်မရတဲ့ပြသနာကို  နမူနာလုပ်ပြသွားမှာ ဖြစ်ပါတယ်..
တခြားသောပြသနာများကိုလည်း ထို့နည်းတူ  လုပ်ဆောင်ရမှာ ဖြစ်ပါတယ်နော်... ကဲ Video ဆိုတာကလစ်လိုက်ပါ....
 အပေါ်ပုံမှာ ပြထားသလို ဘောက်တခုကျလာမယ်  ကိုရွေးချယ်ခဲ့တဲ့ ပြသနာအမည်အပေါ်မှာ ရှိနေမယ်
အောက်မှာတော့   Browse  ဆိုတာလေးရှိမယ်  အပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ ပြသနာရဲ့ ဖြစ်တဲ့
ပြသနာလေးကို  ပုံလေးယူထားဖို့ ပြောခဲ့ပါတယ်..အဲပုံလေးကို   Browse  ကိုကလစ်ပြီး ထည့်ပေးလိုက်ပါ
အဲခါမှာ အောက်မှာ ရှိနေတဲ့   Submit  ဆိုတာကလစ်ပေးလိုက်တာနဲ့...
ကျွန်တော် တို့ရဲ့  ဖြစ်နေသော ပြသနာကို  Report   တင်ပို့လိုက်ပြီဖြစ်ပါတယ်...မကြာခင်မှာ အဲပြသနာကို ဖြေရှင်းပေးလို့  ပြန်လည် အဆင်ပြေလာပါလိမ့်မယ်နော်.
အားလုံးအဆင်ပြေကြပါစေ....သည်နည်းလေးကို ကျနော့်ဆရာ     Sai Thu      မှသင်ပေးထားတာပါ...ေိေိ။။..
ဆက်လက်လေ့လာလိုပါက  ကျွန်တော် ရေးသားထားတဲ့  Facebook  ဆိုင်ရာနည်းလမ်းလေးများစာအုပ်ကို
ဒေါင်းယူ လေ့လာနိုင်ပါတယ်...

( OR )


<<<တာဝန်မလေးပါကတချက်လောက်ကလစ်ပေးခဲ့စေလို>>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More