နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Sunday, April 27, 2014

How To Do Web/Blogs Page Speed Faster? ( ဘလော့ကိုမြန်ဆန်အောင်လု်ပနည်းများ)


မင်္ဂလာပါ ကျွန်တော် လေ့လာတွေ့ရှိသလောက် ဘလော့တွေမှာ တချ ို့အရမ်းလေးလံ နှေးကွေးနေတတ်ပါတယ် အဲဒါကို ရှာဖွေတွေ့ရှိထားသော နည်းလမ်းလေးတွေကို
ကျွန်တော့်ရဲ့ ဘော်ဒါကြီး နိုင်ငံခြားဆိုဒ်တွေ ရေးသားနေတဲ့ ဆရာဆိုလည်းဟုတ်တဲ့  ကိုရန်ပိုင်စိုး  ရဲ့အကူညီနဲ့ အတူ ဘာသာပြန်ဆိုပြီး စမ်းသတ် ထားပါတယ်...ဒါလေးကို ကျွန်တော် ပြန်လည်မျှဝေလိုက်ပါပြီနော်...အောက်မှာ အသေးစိတ်ကိုလေ့လာလိုက်ပါ

အခု ပြောပြမယ့် အချက်လေးတွေက Blog / WebSite ရေးသားတည်ထောင်ထားသူတွေ သတိပြုသင့်
တဲ့ အချက်လေးတွေပါ။ မိမိတို့ Blog / WebSite Loading Time ကြာချိန်ကို လျော့ကျစေမယ့် အချက်
လေးတွေ အကြောင်း ဆွေးနွေးပေးမှာဖြစ်ပါတယ်...။

သိတဲ့အတိုင်း Loading Time ကောင်းမကောင်းက မိမိတို့ ဆိုဒ် ရဲ့ Traffic ကို တိုးစေလျော့စေ ဖို့ အဓိကနေရာမှာ
ပါဝင်နေပါတယ်။ နောက်ပြီး သူက Goolge, Yahoo, Bing စတဲ့ Search Engine တွေမှာ Ranking ကောင်းဖို့ လည်း
အဓိကကျနေပြန်ပါသေးတယ်။ တဖက် လာလည်သူတွေဖက်က ကြည့်ရင်လည်း မိမိတို့ ဖွင့်ကြည့်တဲ့ ဆိုဒ်ကို ဖြစ်နိုင်ရင်
၃-၅ စက္ကန့် အတွင် ပေါ်စေချင်တာ က မလွန်လှပါဘူး ( ဒီနေရာမှာ မြန်မာ တွေအတွက်တော့ မိနစ်နဲ့ ပြောင်းပြောရမှာပါ )
ထားပါတော့..။ ကိုယ်ဆိုဒ်ကို အဲလိုမျိုး မြန်နှုန်းမမြင့်နိုင်ပဲ လေးကန်နေရင်တော့ လည်ပတ်သူတွေရဲ့ စိတ်ပျက်ခြင်း တွေ
တွေ့ကြုံ ရမှာဖြစ်ပြီး လည်ပတ်မှုနှုန် လျော့ကျလာမှာ ကတော့ ပြောစရာ မလိုလောက်ဘူးထင်ပါတယ်။

Check your blog speed
ပထမဆုံးအချက်အနေနဲ့ မိမိတို့ ဆိုဒ်ရဲ့ Loading Speed တွေကို အရင်ဆုံးစစ်ဆေးကြည့်ရပါမယ်..။
စစ်ဆေးဖို့
https://developers.google.com/speed/pagespeed/insights 
ကို အရင်သွားပြီး မိမိတို့ ဘလော့ ဆိုဒ်နာမည် ထည့်
analyze လုပ်ကြည့်ကြပါမယ်။ (မြန်မာပြည် အတွက် support ကောင်းကောင်းမလုပ်ပါ)
အဆင်ပြေတာကတော့  (၁)    http://tools.pingdom.com
( ၂ )   http://www.pagescoring.com/website-speed-test/
( ၃ )    http://gtmetrix.com/      အဲဆိုဒ်တွေက ပိုအဆင်ပြေပါတယ်။
အောက်မှာ ကျွန်တော် စစ်ထားတာလေးတွေ ပြပါ့မယ်နော်
https://developers.google.com/speed/pagespeed/insights  မှာစစ်မယ်ဆိုရင်
အောက်ကပုံတိုင်း တွေ့ရမှာဖြစ်ပါတယ်...
  http://tools.pingdom.com မှာစစ်မယ်ဆို အောက်ကပုံတိုင်းပါ
http://www.pagescoring.com/website-speed-test/  မှာစစ်ဆေးတာကတော့အောက်မှာကြည့်ပါ
အိုကေ ဘယ်ဆိုဒ်ကိုမဆို စစ်ဆေးကြည့်လိုက်ပါနော်...နည်းလမ်းကတော့ တူတူပါဘဲ မိမိတို့ဘလော့ လိပ်စာလေးထည့်ပြီး စစ်ပေးထားလိုက်ယုံပါဘဲ...

Website load time is important to increasing your blog traffic.Blog loading time has both direct and indirect impacts on search engine.its a major role for getting best ranking and best earning.Actually most of visitors hope to view your site in the first 3 seconds.So, if your blog doesn't load properly soon,you will loose your traffic.That's why important to keep your blog speed.

Check your blog speed
First of all Check your blog speed.There have many tools for it
Im suggest you to use Google speed test tool.
Go to Google Speed Test Tool
You can Enter your blog and click analyze. If you can check your score on there.
If you are get below to 90. I think you have to work for it. Follow below tips for
reduce your blog time loading speed.

Optimize image load time

မိမိတို့ ဆိုဒ်မှာ တင်ပြတဲ့ ပုံတွေ၊ Screen Shoot တွေကလည်း Load time မြန်တာ ကြာတာကို သက်ရောက်စေပါ
တယ်။ ပုံတပုံမှာ အများဆုံး ဖြစ်သင့်တာက 400x300 Pixel လောက်ပဲဆိုတာ ဘလော့သမားတွေနားလည် ထားသလို
သိလည်းသိထားသင့်ပါတယ်...။ ဘလော့မှာ ပိုစ့်တင်တဲ့အခါ ပုံတပုံတင်ရင် ကိုယ်က small, medium, large, extra large,
Original Size ဆိုပြီး choice လုပ်ပေးလို့ရပါတယ်။ အဲမှာ အသင့်တော်ဆုံးကတော့ post-body ထဲမှာ အကျယ်တဝင်ရှင်း
ပြလိုတဲ့ပုံတွေကို Large လောက်ထားတာက Standard လို့ပြောရမှာဖြစ်ပါတယ်။ ပိုစ့်ရဲ့ Title အောက်ပထမဆုံး ဖော်ပြသင့်တဲ့
ပုံဆိုဒ်ကတော့ small, medium လောက်က အကောင်းဆုံးပဲဖြစ်ပါတယ်။ ဆိုလိုတာက Title အောက် ပိုစ့်ပထမဆုံး ပုံကို
300x300 Pixel    ပဲထားသင့်ပါတယ်။
မတရားကြီးနေရင် မိမိတို့ ဆိုဒ် Template နဲ့လဲ အဆင်ပြေမှာမဟုတ်သလို အဲဒီပုံတွေမြင်အောင် loading လုပ်နေတာက မိုးလင်း
နိုင်ပါတယ်။ ချင့်ချိန်သင့်တဲ့ အချက်တခုလည်းဖြစ်ပါတယ်။အောက်ကပုံကို ကြည့်လိုက်ပါ..

This is the one of common mistake.We have to use choose low resolution images.For example,
you need a 200x200 pixel images and you are use 500x500 pixel.So,it will take some more
time to load.Just use exactly size you need. Use Photoshop,you can reduce resolution easily.
If you can compress your image that more better.you can use Yahoo Smushit for compress
your images.and other thing is, Use a correct image extension for increase site speed.
Don't use high resolution image for blogger background.I'm suggest u to use come CSS color
for background image because, background image take, some more time to load.

Number of post showing on home page

ဒီအချက်လေးကလည်း အမှတ်မထား မိတတ်တဲ့ သတိပြုစရာ အချက်ဖြစ်ပါတယ်။ မိမိတို့ Home page, Page တွေမှာ
ပေါ်နေစေမယ့် ပိုစ်အရေအတွက်လည်း Loading Time အတွက် အရေးပါနေပြန်ပါတယ်။ ပေါ်စေချင်တဲ့ ပိုစ်အရေအတွက်
များတဲ့အခါ load time ပိုယူရမှာဖြစ်ပြီး နည်းရင်တော့ လျော့ကျစေမှာပါ။ တိုက်ရိုက် အချိုးကျမှု လေးဖြစ်ပါတယ်။
ဒါကြောင့် အဲဒါကို သတိထားပြီး Manage လုပ်ပေးရပါမယ်။ အသင့်တော်ဆုံးအကြံပြုလိုတာကpageတခုမှာ Auto Read
more function ထည့်ထားပြိးသား ပိုစ့် ၅ -ခု (သို့) ၆-ခု  လောက်ဆို အကောင်းဆုံးဖြစ်ပါတယ်။
အောက်ကပုံကို လေ့လာနိုင်ပါတယ်....နော်


This is also another important thing.newly designed templates are manage it well.
But default blogger templates are not manage it well. so we have to manage it.
I saw some bloggers are using 5-10 post in home page. Its takes lot time to load.
I recommend you to add 5 post in your home page.If you can try read-more function.
that work well.How to add readmore function.

Reduce advertisement
ဒီတချက်ကတော့ ဘလော့သမားအများစု သိပ်မကြိုက်နိုင်ဘူးထင်ပါတယ်။ ဘာလဲဆိုတော့ ဆိုဒ်မှာ ကြေညာတွေ
ထည့်တာများလွန်းတာကို လျော့ချပစ်ဖို့ပါပဲ။ ကြေညာတွေမှာ ပါတဲ့ Script, Flash တွေက မိမိတို့ဆိုဒ်ရဲ့
Load time ကို အတော်ကို အနှောက်အယှက်ပေးပါတယ်။ ဒီတော့ အကြံပြုလိုတာက မိမိယုံကြည့်ရတဲ့ အဆင်ပြေတဲ့
ကြေညာ နှစ်ခု သုံးခုလောက် ကိုပဲ အလွန်ဆုံး အသုံးပြုစေလိုပါတယ်။

Don't use more advertisement in your home page, you can use, show gadget specific page.
to add advertisement inside posts.

Avoid unwanted java script sand flashes
အထက်က ကြေညာ ကိစ္စလိုပဲ ဆိုဒ်တခု ဘလော့တခုမှာ လိုသလို စီမံထိန်းချုပ်ဖို့ Browser နဲ့ OS Platform မျိုးစုံမှာ
မိမိတို့ ဆိုဒ် အပြင်အဆင် မပြောင်းမလဲ ပေါ်အောင် Java Script, Jquery တွေစသဖြင့် အသုံးပြုရသလို အလှအပ
အတွက်လည်း Flash ကို အားပြုရပါသေးတယ်။ သိုပေမယ့် တဖက်မှာ အဲဒါတွေများလာရင် ဒါမှမဟုတ် မလိုအပ်ပဲ
ထည့်သွင်းထားတာမျိုးဆိုရင် သူတို့က မိမိတို့ ဆိုဒ် Speed ကို အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်
ဒီအချက်လေးကိုလည်း ဆင်ခြင်စရာသတိပြုစရာအဖြစ် ထည့်သွင်းပေးရခြင်းဖြစ်ပါတယ်။

You can remove unwanted java script, flashes.
java script also affect to your blog loading speed.

Don't use lot of social sharing buttons
မိမိတို့ ဆိုဒ် ထင်ပေါ်စေဖို့ လူသိများဖို့ဆိုတာ... Social Site တွေ အကူအညီလိုအပ်ပါတယ်။ ဒါမှ မိတ်ဆွေ
အပေါင်းအသင်းများခြင်း၊ မိမိပိုစ်တွေ ကို Sharing များများလုပ်လိုု့ စိတ်ဝင်စားမှုများခြင်းတွေ နဲ့အတူ Traffic
လည်းတိုးတက်စေမှာဖြစ်ပါတယ်။ သိုပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပဲ အဲဒီ Social Sharing Site တွေရဲ့
Plugin, Widgets, Button တွေကို အသုံးများရင်လည်း မိမိတို့ ဆိုဒ်က သက်ကြားအို တောင်တက်သလိုနှေး
ကွေးလေးလံနေအုံးမှာဖြစ်ပါတယ်။ အထူးသဖြင့် widget တွေသုံးရင် iFrame ကို အတတ်နိုင်ဆုံးရှောင်စေချင်ပါတယ်။

Some people are using lot of social sharing buttons.
Just use some social button gadget to share your post and keep your blog neat.

အထင်ပါ အချက်လေးတွေကတော့ မိမိတို့ Web / Blog ရဲ့ Loading Speed ကောင်းမွန်အောင် အထောက်အပံဖြစ်စေမဲ့အချက်တွေကို စုစည်းတင်ပြပေးခြင်းဖြစ်ပါတယ်။ သည်အချက်လေးတွေကို သေခြာစီစစ် လိုက်နာ ပြီး မိမိတို့ရဲ့ ဘလော့လေးကို ကိုက်ညီသမျ ကိုက်ညီအောင် သုံးစွဲမယ်ဆိုရင်  အသင့်တော်ဆုံး  SPEED လေးတော့ ရရှိမှာဖြစ်ပါတယ်..အဲလို ရရှိပါမှလည်း ကိုယ့်ရဲ့ မိတ်ဆွေတွေ လာလည်တဲ့အခါ စိတ်တွေ့မယ်..တခါလာပြီး နောက်တခါလာခြင်မယ်လေ.. ဆိုဒ်ကအရမ်းလေးနေတော့ စိတ်ပျက်တတ်ပါတယ်..နောက် ကြော်ငြာတွေဆိုလည်း ဘာမှတောင် မကြည့်ရသေးဘူး ဟိုကထွက်လာ  သည်ကပေါ်လာနဲ့  သူတို့ကိုလိုက်ပိတ်နေရတာနဲ့  ကိုယ်လိုရင်းမရဖြစ်တတ်တာကြောင့် နောက်လာလည်ဖို့ စိတ်ပျက်တတ်ကြပါတယ်..ဒါကတော့
ဖြစ်နေတဲ့ အခြေနေကိုပြောပြတာပါ... မိမိဆိုဒ်ကိုမြန်စေခြင်တယ်ဆိုရင်တော့  အတိုင်းတာလေးတစ်ခုလောက်ထိဘဲ လှပခြယ်သကြပါ... တင်သင့်သလောက်ဘဲ တင်ကြပါလို့ ပြောကြားရင်း  အားလုံးအဆင်ပြေကြပါစေ....
လေးစားလျှက်  ... ဘလော့ခရီးသည်

သည်ပို့အတွက်  PDF  စာအုပ်ကို ဒေါင်းယူလိုပါက
https://www.mediafire.com/?4savg1t1gl7yvbx
OR
http://www76.zippyshare.com/v/84300935/file.html

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More