နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Wednesday, November 9, 2011

Facebook အသုံးပြုနည်း (အခြေခံ)


Facebook ရဲ့ အသုံးဝင်ပုံ

- Facebook မှ ကွဲကွာသွားသွား မိသားစုများ၊ သူငယ်ချင်းများကို ပြန်လည်တွေ့ရှိနိုင်ခြင်း

- ဓါတ်ပုံများ၊ ဗီဒီယိုများ၊ သီချင်း များနှင့် သတင်းများကို Share လုပ်ပေးနိုင်ခြင်း

Facebook အသုံးပြုနည်း

အဆင့် (၁) - Signup

အဆင့် (၂) – Find Friends

အဆင့် (၃) – Profile Information

အဆင့် (၄) – Upload Photo in Profile

အဆင့် (၅) – Upload Photo with Album

အဆင့် (၆) – Friends add

အဆင့် (၇) – Upload photo with Album

အဆင့် (၈) – How to use Facebook

အဆင့် (၉) – Post in your Wall

အဆင့် (၁၀) – Chat with friends

အဆင့် (၁၁) - Sign out

အဆင့် (၁၁) – Sign in

Signup

ပုံ (၁)

- First name, Last name, Password တို့ကို နှစ်သက်ရာပေးနိုင်သည်။

- Email address တွင် မိမိ၏ Email address ကိုသာထည့်ရမည်။ (မှတ်ချက်) Email တစ်ခုကို Facebook

account တစ်ခုသာ ပြုလုပ်နိုင်သည်။

- ပုံ (၁) တွင်ပြထားသည့်အတိုင်း အဆင့်ဆင့်ဖြည့်ပေးပြီး Sign Up ကိုနှိပ်ပါ။

ပုံ (၂)

- ပုံ(၂) တွင်ပြထားသည့်အတိုင်း Security Check အောက်ရှိ ပေးထားသော စာသားကို Text in the box

တွင်မှန်ကန်အောင်ဖြည့်ပါ။

- ပြီးလျှင် Sign Up ကိုနှိပ်ပြီး ခဏစောင့်ပါ။

- ပြီးလျှင် မိမိရဲ့ E-mail ကိုဖွင့်ပြီး Facebook မှ ပို့ထားသော http://www.facebook.com..... ဆိုသော Link

ကိုနှိပ်ပြီး Confirm ပြန်လုပ်ပေးပါ။

- ဒါကတော့ Sign Up (မှတ်ပုံတင်ခြင်း) အဆင့်ကို ပြီးမြောက်သွားပါပြီ။

Find Friends (သူငယ်ချင်းရှာန်ရန်)

ပုံ (၃)

- ပုံ (၃) တွင်ပြထားသည့်အတိုင်း မိမိကျောင်းတက်စဉ်သူငယ်ချင်းများ၊ အလုပ်ထဲရှိသူငယ်ချင်းများကို add

လုပ်ရမည်။ ဥပမာ - No.(1) Basic Education High School Hpa-an Form ဖြည့်စဉ်ရေးထားလျှင် မိမိ

ကျောင်းရှိ သူငယ်ချင်းများကို ဖော်ပြပေးမည်ဖြစ်သည်။

- အဲ ဒီကနေသူငယ်ချင်းမရှာချင်ဘူးဆိုရင်တော့ Skip this step ဖြင့် ကျော်လိုက်ပါ။

Profile Information

ပုံ (၄)

- ကဲ ဒါကတော့ အကောင့်ပိုင်ရှင်ရဲ့ Profile လေးပါ။

- ဒီနေရာမှာ မှန်ကန်စွာဖြည့်မ ယ်ဆိုရင် မိမိရဲ့ ကျောင်းတုန်းကသူငယ်ချင်းတွေကို အမြန်ဆုံး ပြန်ရှာတွေ့နိုင်

ပြီပေါ့။

- ပုံ (၄)မှာ ပြထားတဲ့အတိုင်း မိမိကျောင်းနာမည်၊ အလုပ်နာမည်ကို ဖြည့်ပေးပါ။

- ဒီအဆင့်ကိုကျော်ချင်ရင် Skip ကိုနှိပ်ပြီးကျော်နိုင်ပါတယ်။

Upload Photo in Profile

ပုံ (၅)

- ဒါကတော့ မိမိအကောင့်တွင်ပုံတင်ခြင်းပါ။

- Upload a Photo ကို Click တစ်ချက်နှိပ်ပါ။

- ကျော်သွားချင်ရင်တော့ ထုံးစံအတိုင်း Skip ကိုနှိပ်ပြီး ကျော်လိုက်ပေါ့

- မိုးကတော့ပုံတင်လိုက်အုံးမယ်နော်...

ပုံ (၆)

- Browse ကို click တစ်ချက်နှိပ်ပြီး မိမိပုံရှိရာနေရာကို အဆင့်ဆင့်သွားပါ။

- ပြီးလျှင် ပုံကိုရွေးပြီး open ကိုနှိပ်ပါ။

- စက္ကန့်အနည်းငယ်အတွင်း ပုံတက်လာလိမ့်မည်။ ပုံ (၇) ကိုကြည့်ပါ။

ပုံ (၇)

- ပုံတက်လာလျှင် Save & Continue နှိပ်လိုက်ပါ။


Friends add (သူငယ်ချင်းဖိတ်ရန်)



ပုံ (၈)

- ပုံ (၈) တွင် ပြထားသည့် Search Box တွင် မိမိသူငယ်ချင်း၏ email address (သို့မဟုတ်) facebook

account နာမည်ကိုရိုက်ပြီး enter နှိပ်ပါ။

- သူငယ်ချင်း account ပေါ်လာလျှင် add friend ကိုနှိပ်ပါ။

- နောက်တစ်ခုက ညာဘက်တွင်ပေါ်နေသော မိတ်ဆွေများကိုလဲ Add friend ကိုနှိပ်ပြီး သူငယ်ချင်းအဖြစ်

မိတ်ဖွဲ့နို်င်သေးတယ်နော်။


Upload Photo with Album

ပုံ(၉)

- ကဲ ကိုယ့်ရဲ့ facebook လေးမှာ ဓါတ်ပုံလေးတွေ တင်ရအောင်နော်။

- ပထမဆုံး album လေးတစ်ခု အရင် တည်ဆောက်ကြမယ်နော်။

- ပုံ (၉)တွင် ဝိုင်းပြထားသော Photos ကို clickတစ်ချက်နှိပ်ပါ။

-Upload Photos ကို click တစ်ချက်နှိပ်ပါ။


- ပြီးရင်တော့ ပုံ (၁၀) မှာ ပြထားတဲ့အတိုင်း album လေးဆောက်ကြတာေပါ့။

ပုံ (၁၀)

- 1 = Album name (album အမည်)

2 = Where (ဓါတ်ပုံယူရာနေရာ) eg: my computer

3 = Share album with (Public, Friends, Custom ကြိုက်ရာရွေးနိုင်သည်။)

- ကဲပြီးရင်တော့ Create Album လေးကိုနှိပ်လိုက်ပေါ့။

- ဒါဆို Album လေး တစ်ခုတည်ဆောက်ပြီးပြီလေ။

ပုံ (၁၁)

- Album ဆောက်ပြီးပြီဆိုတော့ ပုံလေးတွေစတင်လို့ရပြီနော်။

- Browse ကိုနှိပ်ပြီး ပုံလေးတွေရွေးရအောင်နော်။ တစ်ခါတင်ရင် (၅)ပုံအထိ တင်လို့ရတယ်။

- ပြီးသွားရင်တော့ Upload Photos လေးကိုနှိပ် ပြီးခဏစောင့်လိုက်ရင် ကိုယ့်ရဲ့facebook လေးမှာ ပုံလေး

တွေနဲ့ လှသွားပြီပေါ့။

- connection မကောင်းရင်တော့ သိတဲ့အတိုင်းပဲ နည်းနည်းကြာမယ်နော်။

- မိုးကတော့မစောင့်နိုင်လို့ ၁ပုံပဲတင်လိုက်တယ်။

ပုံ (၁၂)

- Description နေရာမှာ ပုံနဲ့ပတ်သက်တာရေးပေါ့။

Wheres မှာကတော့ ထုံးစံအတိုင်း တစ်ခုခုရေးလိုက်ပါ။ (ဥပမာ- my computer)

- ပြီးရင် Save Changes ကိုနှိပ်ပါ။

- Publish , Skip, Cancle ပေါ်လာလျှင် Publish ကိုရွေးလိုက်ပါ။


How to use Facebook

ပုံ (၁၃)

- facebook စာမျက်နှာလေးကိုလေ့လာကြည့်ရအောင်နော်။

1 = Moe Khine (ဒါကတော့ မိမိပိုင်နေရာလေးပါ၊ ဒီနေရာမှာ မိမိအကြောင်း၊ တင်ထားသော ပုံများ၊ စာများ

ရှိရာနေရာလေးပါ။

မှတ်ချက်။ ။နောက်ဆုံးတင်ထားသော post များကိုသာတွေ့ရမည်။

2 = Find Friends (ဒါကတော့ email မှတဆင့် သူငယ်ချင်းရှာရန်)

3 = Home (ဒါကတော့ မိမိရော သူငယ်ချင်းများပါ တင်ထားသော သီချင်း၊ ဓါတ်ပုံ၊ စာသားများ အားလုံးကို

တွေ့နိုင်ပါတယ်) မှတ်ချက်။ ။နောက်ဆုံးတင်ထားသော post များကိုသာတွေ့ရမည်။

4 = ဒါကတော့ မိမိနေထိုင်ရာမြို့မှ (သို့) မိမိသူငယ်ချင်းများ၏ သူငယ်ချင်းကို ကို ဖိတ်ခေါ်ရန်ပါ။

ဖိတ်မယ်ဆိုရင် Add Friend ကို နှိပ်လိုက်ပါ။


Post in your Wall (မိမိစာမျက်နှာတွင် စာတင်ရန်)


ပုံ (၁၄)

- Home ထဲမှာစာတင်ရအောင်။

- ပထမဆုံး ဝိုင်းပြထားသောနေရာတွင် စာရေးပါ။

- ပြီးလျှင် Post ကို နှိပ်ပြီး Enter နှိပ်ပါ။


Chat with Friends (သူငယ်ချင်းတွေနဲ့စကားပြောကြမယ်)



ပုံ (၁၅)



- 1 = Chat (ဒါကတော့ သူငယ်ချင်းတွေနဲ့ ချက်ဖို့နေရာပါ)

ကိုယ်ချက်ချင်သောသူကို click တစ်ချက်နှိပ်ပြီး

- 2 မှာတော့ စကားပြောဖို့နေရာလေးပါ။


Sign out


ပုံ (၁၆)

- ကဲ Facebook ကနေပြန်ထွက်မယ်ဆိုရင် တော့ အပေါ်မှာပြထားတဲ့ Sign out ကိုနှိပ်ပြီးထွက်လိုက်ရုံပေါ့။

Sign in

ပုံ (၁၇)

- ကဲ နောက်ဆုံး facebook ကို ဘယ်ကနေစဝင်မလဲ?

Email - တွင် facebook account ပြုလုပ်စဉ်က ဝင်ခဲ့သော Email ကိုဖြည့်ပါ။

2. Password - တွင့် facebook account ပြုလုပ်စဉ်က password ကိုဖြည့်ပါ။

3. Log In နှိပ်ပါ။ (သို့မဟုတ်) Enter ကိုနှိပ်ပါ။

ကဲဒီလောက်နဲ့အဆုံးသတ်ရအောင်နော်။ မိုးရေးထားတာတွေကို နားမလည်ခဲ့လျှင် moepcservice.service@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

“နောင်အချိန်ရရင်တော့ Facebook ရဲ့လျှို့ဝှက်ချက်လေးတွေကို ရေးပေးပါအုံးမယ်နော်”

လေးစားစွာဖြင့်

မိုး

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More