နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Friday, April 6, 2012

Group Policy Editor အကြောင်း အပိုင်း (၃)

ဒီတစ်ခါတော့ Account Policy အကြောင်းလေးရှင်းပြချင်ပါတယ်။ Account Policy ဆိုတာကတော့ Account တစ်ခုကို စီမံခန့်ခွဲနိုင်တဲ့ ဥပဒေသလေးပါ။
ထုံးစံအတိုင်းပေါ့ Group Policy Editor လေးကို အရင်ဖွင့်ရအောင်နော်။
Start ထဲမှ Run ကို Click နှိပ်ပါ။ ပြီးလျှင် gpedit.msc ကို ရိုက်ပြီး Ok နှိပ်ပါ။ ပြီးလျှင် အောက်ပါအတိုင်း အဆင့်ဆင့် Double Click နှိပ်ပြီးဝင်ပါ။
Computer Configuration >> Window Settings >> Security Settings >> Account Policies >> Account Lockout Policy >> သို့အဆင့်ဆင့်သွားပါ။ ပြီးရင်တော့ အောက်ပါအတိုင်း အဆင့်(၃)ဆင့် ကို လေ့လာကြည့်ရအောင်နော်။
(1) Account Lockout Duration
Account တစ်ခုကို Lock လုပ်ထားလျှင် Administrator မှ မဖွင့်ပေးမချင်း မပွင့်နိုင်ပါ။ မိနစ်ဖြင့်သတ်မှတ်လျှင် 0 to 99999 မိနစ်အထိ သတ်မှတ်နိုင်သည်။ မိမိသတ်မှတ်ထားသော မိနစ်ပြည့်မှ ပိတ်ထားသော Account ပြန်ပွင့်ပါသည်။
* Administrator Account >> Computer Management >> Local Users and Groups အောက်မှ Users သို့ အဆင့်ဆင့်ဝင်ပါ။ ပြီးလျှင် Account ကို Double Click နှိပ်ပြီး Account Lockout မှ အမှန်ခြစ်လေးကို ဖြုတ်ပေးပါ။

(2) Account Lockout Threshold
Account တစ်ခုကို Lockout လုပ်ထားသော အကြိမ်အရေတွက် သတ်မှတ်ခြင်းပါ။ အကြိမ်အရေအတွက် ကို 0 to 999 ထိပေးနိုင်သည်။ ဥပမာ (3)ဟုပေးထားလျှင် Lock in ကို ၃ကြိမ်အတိသာဝင်နိုင်သည်။ ပိုဝင်မိလျှင် Account ကို ပိတ်လိုက်ပါသည်။ အကယ်လို့ (0) ဟုထားလျှင် Account Lockout လုပ်တော့မည်မဟုတ်ပါ။
မှတ်ချက်။ ။ Security တင်းကြပ်ရန်အတွက်သာ သုံးသင့်သည်။ အိမ်သုံး Computer များအတွက် မလိုအပ်ပါ။

(3) Reset Account Lockout Counter After
Account ကို Lockout မလုပ်ခင် မှားရိုက်သော နှစ်ခုကြားမှ အချိန်ကိုဆိုလိုသည်။ အချိန်အားဖြင့် 0 to 99999အထိ ပေးနိုင်သည်။ Reset Account Lockout Counter After နှင့် Account Lockout Duration တို့၂ခုကို Account Lockout Threshold ကိုသတ်မှတ်ပေးမှ အသုံးပြုရသော ဥပဒေများဖြစ်သည်။

ဒီလောက်ဆို Account Policy အကြောင်းလေး နည်းနည်းလောက်သိသွားမယ်ထင်ပါတယ်။ ဖြည်းဖြည်းချင်း ဆက်လေ့လာရအာင်နော်။
မိုး Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More