နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Tuesday, December 24, 2013

Internet အသုံးပြုနည်း(၂) (Website, Webpage and Domain)




ဒီတခါ မမိုး Website, Webpage နဲ့ Domain Name အကြောင်းလေး ရှင်းပြပေးမယ်နော်။

What is Website?

Website ကို Webpage တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Website တခုကို ဖွင့်လျှင် ပထမဆုံး စာမျက်နှာကို Home Page လို့ခေါ်ပြီး Website တခုလုံးရဲ့ အဓိက နေရာပေါ့။ Home Page တခုကို ကြည့်ရင် ဒီ Website ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါတယ်ဆိုတာ ခြုံငုံသိနိုင်ပါတယ်။ ဥပမာ - www.planet.com.mm ကို ရိုက်ကြည့်ပါ။ ဒီ Website ထဲမှာ Webpage ခွဲတွေ အများကြီး ပါပါတယ်။ အောက်မှာ လေ့လာကြည့်ရအောင်...
- New
- Dictionary
- Mobile
- Movie
- Cyberfriends
- Horoscopes
- Intl' Stars
- Pcards
စသည့်ဖြင့် Page တွေအများကြီးပါပါတယ်။ ဒါဆို Home Page တခုကိုကြည့်ရင် ဒီ website မှာ ဘာတွေပါတယ်ဆိုတာ သိပြီလို့ ထင်ပါတယ်။ 

Website တခုမှာ စာမှာ Link တွေရှိခဲ့ရင် (Click နှိပ်လို့ Page တခုထပ်ကျလာခြင်း) Text Hyper Link လို့ခေါ်ပြီး၊ ပုံတပုံကို ထောက်လိုက်လို့ လက်ဝါးပုံလေးရှိခဲ့ရင် Graphic Hyper Link လို့ခေါ်ပါတယ်။ 


Website Address and Domain Name

Webpage တိုင်းမှာ ကိုယ်ပိုင်လိပ်စာ တခုစီရှိကြပါတယ်။ ၎င်းလိပ်စာများသည် Webserver များပေါ်တွေ သူတို့ရှိနေမယ့် နေရာတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ Website တခုရဲ့ address ကို လေ့လာကြည့်ရအောင်နော်။

                                                 www.planet.com.mm

www = World Wide Web ပေါ်မှာရှိသည်။
.planet = Second Level Domain Name (ဒါကတော့ အဖွဲ့စည်း တခု၊ (သို့) တစုံတယောက်ရဲ့ အမည်ပါ)
.com = Top Level Domain Name (ဒါကတော့ အဖွဲ့အစည်းအမျိုးအစားပေါ် မူတည်ပြီး သတ်မှတ်သည်)
.mm = Country Code (ဒါကတော့ လွှင့်တင်ထားတဲ့ တိုင်ပြည်ရဲ့ အမည်ပါ)

Top Level Domain Name ရဲ့ အမည်များ

.com = Commercial Organization (စီးပွားရေးနဲ့ ဆိုင်သော Website အတွက် အသုံးပြုသည်)
.edu = Education Institution (ပညာရေးနဲ့ဆိုင်သော Websiteများအတွက် အသုံးပြုသည်)
.gov = Government Organization (အုပ်ချုရေးနဲ့ဆိုင်သော Website များအတွက် အသုံးပြုသည်)
.mil = Military (ဌာနဆိုင်ရာနဲ့ဆိုင်သော Website များအတွက် အသုံးပြုသည်)
.net = Network Organization (အများပိုင်သော Website များအတွက် အသုံးပြုသည်)
.org = Non Profit Organization (အခကြေးငွေနဲ့မသက်ဆိုင်သော အများကျိုးတွက်သုံးသော Website များအတွက် အသုံးပြုသည်)

မှတ်ချက် - Top Level Domain Name များအကြောင်းဆက်လေ့လာချင် Search Box မှာ Top Level Domain Name လို့ရိုက်ပြီး ရှာပြီး လေ့လာနိုင်ပါတယ်။


Country Code များ

Country Code ကိုကြည့်ပြီး ဘယ်နိုင်ငံက တင်ထားတဲ့ Website လဲဆိုတာ သိနိုင်ပါတယ်။
ဥပမာ -

.mm = Myanmar
.au = Australia
.jp = Japan
.sg = Singapore ...

မှတ်ချက် - Country Code များအကြောင်းဆက်လေ့လာချင် Search Box မှာ Country Code လို့ရိုက်ပြီး ရှာပြီး လေ့လာနိုင်ပါတယ်။



ဆက်ရန်


Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More