နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Tuesday, December 24, 2013

Internet အသုံးပြုနည်း (၁)


ခေါင်းစဉ်ကို အရိုးရှင်းဆုံးပေးထားပါတယ်။ Internet ကို ခုမှစပြီး သုံးမယ့်သူတွေအတွက် ရည်စူးပြီး မမိုးရဲ့ ကိုယ်ပိုင်သင်တန်း (MOE Computer Sale, Service & Training) သုံးတဲ့ note များနှင့် မိုးဉာဏ်စွမ်းရှိသလောက်လေးကို ပေါင်းပြီး မျှဝေပေးလိုက်ပါတယ်ရှင်။


Internet ဆိုတာဘာလဲ?

Internet ဆိုတာ ကမာ္ဘ့နိုင်ငံအသီးသီး တနိုင်ငံနှင့်တနိုင်ငံ သတင်းအချက်အလက်များကို အလွယ်တကူ ပေါင်းကူးနိုင်သော ကွန်ယက်ကြီး (Network) တခုပါပဲ။ Internet Connection ကို ဘယ်ကရနိုင်မလဲ? အမျိုးအစား ဘယ်နှစ်ခုရှိလဲ? 


Four Types of Internet Connection
1. Dial-up   
 ကြိုးဖုန်းရှိရုံနဲ့ Internet Access Card (နာရီဖြင့် - ဥပမာ (၁၀)နာရီကတ်) ဝယ်ယူပြီး Internet ကို မိမိ computer တွင် Modem    ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က ဖုန်းပြောနေရင် Internet အသုံးပြုလို့မရဘူး။ Connection                အနှေးဆုံးပါ။

2. ADSL   
ADSL လိုင်းကိုသုံးမယ်ဆိုရင်လဲ ကြိုးဖုန်းရှိဖို့လိုအပ်ပါတယ်။ သူကတော့ ဖုန်းပြောနေရင်း အင်တာနက်သုံးလို့ရတယ်။     မြန်မာနိုင်ငံမှာရှိတဲ့ ကြိုးဖုန်းရှိတဲ့ အရပ်ဒေသတွေမှာ အင်တာနက်ဆိုင်တော်တော်များများအသုံးပြုနေကြတာပါ။

3. IP Star   
IP Star ကတော့ ကြိုးဖုန်းရှိဖို့မလိုဘူး။ သူ့ရဲ့ အားနည်းချက်ကတော့ ရာသီဥတု မကောင်းရင် လိုင်းကျပြီ။ အတွေ့အကြုံအရ ပြောရခြင်းပါရှင်။ ဈေးကတော့ အကြီးဆုံးပဲ။

4. Broad Band Wireless   
Broad Band Wireless ကတော့ ရန်ကုန်မြို့တွင်း လက်ရှိ တော်တော်များများ အသုံးပြုနေကြပါတယ်။ 


ကဲ ဒီလောက်ဆို Internet connection ကို ဘယ်ကရတယ်ဆိုတာ အကြမ်းမျဉ်းသိပြီပေါ့။



Internet ကို ဘာတွေအတွက် အဓိက သုံးကြလဲ ?


1. Browsing & How to use Search Engine? (Brower နှင့် Search Engine ကို အသုံးပြုခြင်း)

2. E-mail & Voice-mail (စာပို့မယ်၊ အသံ file ပို့မယ်)

3. Chatting & Vedio chatting

4. Download & Upload 

စတာတွေအတွက် အဓိက သုံးကြပါတယ်။ မမိုးတခုဆီ ပြန်ရှင်းသွားမယ်နော်။ အခေါ်အဝေါ်လေးတွေ သိဖို့ English လို ကြားညှပ် သုံးသွားပါမယ်။


1. Browsing & How to use Search Engine?   

- Browsing (Browser အသုံးပြုခြင်း)     

Browser ဆိုတာ ဘာလဲ? 
Browser ဆိုတာ Interent ကို စပြီး အသုံးပြုမယ့် window ဆိုရင်လဲ မမှားပါဘူး။ Browser တွေက OS (Operating System) တင်လို်က်တာနဲ့ တခါတည်းပါတတ်တယ်။
ဥပမာ (IE - Internet Explorer)      

Browser အမျိုးအစားလေးတွေ လက်လှမ်းမှီသလောက် ပေးသွားမယ်နော်။     

1) Internet Explorer     
2) Google Chrome     
3) Mozilla Firefox (ဒါလေးကိုတော့ တော်တော်များများ သိကြမယ်လို့ထင်ပါတယ်)     
4) Opera     
5) Maxthon      
6) Flock     
7) Avant       
8) Chromium (for Linux)     
9) Orca   ... အများကြီးရှိပါသေးတယ်။ Browser အသုံးပြုနည်းကို မမိုး သီးသန့် Ebook လုပ်ပြီး တင်ပေးပါ့မယ်။


- How to use Search Engine?     

Search Engine  (ရှာဖွေရေး ယန္တယားကြီးပေါ့) တွေကို Internet မှ စာများ၊ သီချင်းများ၊ ပုံများ၊ မြေပုံများ၊ ဗီဒီယို file များ၊         Software များရှာဖွေရန် အဓိကအသုံးပြုကြပါတယ်။ Search Enging တွေမှာ Search Box (ရှာဖွေရေး သေတ္တာ)                     တွေပါတယ်။ ၎င်း Search Box မှာ မိမိနှစ်သက်ရာ ဘာသာစကားဖြင့် ရိုက်သွင်းပြီး ရှာဖွေနိုင်ပါတယ်။ Search Enging အသုံးပြုနည်း ကို သီးသန့် Ebook လုပ်ပြီး မျှဝေသွားပါမယ်။ အကြမ်းမျဉ်း ဒီကနေ ပြောလိုက်ပါ့မယ်။          

ပထမဆုံး Browser ကို ဖွင့်ပါ။ ပြီးလျှင် Search Engine address ကို Browser ရဲ့ Address Barမှာ ရိုက်ထည့်ပါ။ ပြီးလျှင်           Search Box ထဲတွင် မိမိလိုချင်သော စာ(ဥပမာ- computer knowledge)၊ သီချင်း(ဂျက်ဆင်ထိပ်ကလရိပ်ပြာ)၊ ပုံ(Diana)၊           ဗီဒီယို(MrBean)၊ Software (Microsoft Security Essential Full Version Free Download) စသည့်ဖြင့် (ကွင်းထဲရှိစာသားများ အစား မိမိနှစ်သက်ရာကို ရေးနိုင်သည်) ရိုက်ပြီး Enter သာ နှိပ်လိုက်ပါ။ အနီးစပ်ဆုံးလင့်တွေ ကျလာရင် ရွေးချယ်ပြီး လင့်ကိုနှိပ်ပြီး ရှာနို်င်ပါတယ်။ ဒီလောက်ဆိုရင် Search Engine အကြောင်း နည်းနည်းလောက်တော့ သိသွားလောက်ပြီး။ အောက်မှာ Search Engine တွေကို လက်လှမ်းမှီသလောက်လေး မျှပေးထားပါတယ်။


Search Engine Addresses     

www.google.com/
www.google.co.uk/  (Bold လုပ်ထားတာ မမိုးနှစ်သက်လို့နော်) 
www.google.com.mm     
www.bing.com     
www.search.yahoo.com     
www.ask.com     
www.search.aol.com ...        

အများကြီးရှိသေးတယ်နော် အသေးစိတ်တွေကို ဖြည်းဖြည်းချင်း ရေးသွားပါ့မယ်။



2. E-mail & Voice-mail (စာပို့မယ်၊ အသံ file ပို့မယ်)      

Email အရှည်ကတော့ Electronic Mail    ခေတ်တွေ စနစ်တွေပြောင်းလာတော့ ယခင် စာတိုက်များမှ စာပို့ကြရာမှ နည်းပညာအကျိုးကြောင့် တမြို့နဲ့ တမြို့၊ တနိုင်ငံနဲ့ တနိုင်ငံ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း စာပို့ဆက်သွယ်လို့ရလို့ ကမာ္ဘကြီးက ရွာတရွာလို့တောင် တင်စားလာကြတာပေါ့။ လျှပ်စစ်နည်းပညာကိုသုံးပြီး စာပို့နိုင်လို့ Email လို့ ခေါ်ကြတာပေါ့။ Mail Server အများကြီးရှိတဲ့ထဲက အချို့ကို မမိုး ရေးပေးသွားပါမယ်။   

1) Gmail (www.gmail.com) (Free Mail)   
2) Yahoo Mail (mail.yahoo.com) (Free Mail)   
3) Hot Mail (www.htomail.com) (Free Mail)   
4) Microsoft Mail (mail.live.com) (Free Mail)   
5) mail4u (www.mail4u.com.mm)  (Paid Mail - အခကျေးငွေဖြင့်) ...


   Email Account ဖွင့်နည်းတွေက တခုနဲ့တခုသိပ်မကွာပါဘူး။ ကြိုးစားပြီးဖွင့်ကြည့်ပါ။ တချို့ Email တွေက                                ဖုန်းနံပါတ်တောင်းတာကလွဲရင်ပေါ့။ ဘယ်အရာကိုမဆို မိမိကိုယ်တိုင် ကြိုးစားစေချင်တယ်။ ကိုယ်တိုင်ရှာတွေ့တဲ့အရာက ပိုပြီး      အနှစ်သာရရှိလို့ပါ။


Email address တခုကို လေ့လာကြည့်ရအောင်နော် ...   


   Email address တခုမှာ    - user name                                     
                                     - @  (at ဟုအသံထွက်ရန်)                                     
                                     -  Top Level Domain Name                                     
                                     -  Second Level Domain Name (Mail Server)   ဆိုပြီး (၄)ပိုင်းတွေ့နိုင်ပါတယ်။    


                                                    moepcservice@gmail.com



    - user name = moepcservice   
    -   
    - Second Level Domain Name (mail server) = gmail
    - Top Level Domain Name = com



 ဆက်ရန်

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More