နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Sunday, January 5, 2014

Introduction PHP



ဤ tutorial ၏ ရည်ရွယ်ချက် မှာ PHP ၏ အခြေခံ များ နားလည် ပြီး အောက်ဖေါ်ပြ ပါ တို့ကို ဆောင်ရွက် နိုင်စေ ရန် ဖြစ် ပါသည်။

- PHP scripts များကို လိုအပ် သလို ရေးသား တတ် စေရန်။
- PHP codes များ အလုပ်လုပ် ပုံကို နားလည် စေရန်။
- PHP projects များကို design လုပ်တတ် နိုင် စေရန်။

Php - ဆိုတာ ဘာလဲ?
PHP ရဲ့ပင်မ ဖြစ်တဲ့  www.php.net က အောက်ပါ အတိုင်း ဖေါ်ပြ ထား ပါသည်။

"PHP ဆိုသည် မှာ HTML code များနှင့် ရောနှော်း အသုံး ပြုနိုင် သော scripting language တမျိုးဖြစ် ပါသည်။ ၎င်း၏ syntax များမှာ C, Java နှင့် Perl တို့ကို မှီငြမ်း ထားပြီး၊ ပိုမို ကောင်း မွန် စေရန် PHP syntax များဖြင့် ထပ်မံ အားဖြေ့ ထား ခြင်းဖြင့် Web developers များအား dynamic web page များ လွယ်ကူ လျှင်မြန် စွာ ရေးသား နိုင်စေ ရန် ရည်ရွယ် တီထွင် ထားသော programming language တခု ဖြစ် ပါသည်။"

ပိုမို ပြီး ရှင်းလင်း စေရန် PHP မှ ဘာ လုပ်ပေး နိုင်သလဲ ဆိုတဲ့ ရှုထောင့် မှနေ၍ ထပ်မံ ဖေါ်ပြ ပါမည်။ PHP သည် အောက်ပါ တို့ကို ဆောင်ရွက် ပေးနို်င် ပါသည်။

- အချိန် တိုတို နဲ့ ကြီးမား တဲ့ websites များကို ဖန်တည်း နိုင်ခြင်း။
- user ရဲ့ လိုအပ်ချက် ကို တောင်းယူ ပြီး တောင်းဆိုချက် နဲ့ ကိုက်ညီ တဲ့ web page များကို ဖန်တည်း ပေးခြင်း။
- Online tools များကို ဖန်တည်း ခြင်း။ (see PHP - HotScripts for examples)
-  E-commerce ကဲ့သို့ သော websites များအတွက်  shopping carts များ ဖန်တည်း ပေးခြင်း စသည် စသည် ဖြင့် ----

PHP ကို လွယ်ကူစွာ လေ့လာ နိုင်ရန် ဘာတွေ ကြိုတင် သိထာ။း သင့် သလဲ။

အောက်ပါ တို့၏ အခြေခံ များကို သိထား ပါက အလွန် အထောက်အကူ ဖြစ် ပါမည်။

- HTML syntax နှင့် HTML Forms များ အကြောင်။
- Programming နှင့် ပါတ်သက် သော အခြေခံ များ။


အနှစ်ချုပ်

ဤ tutorial ကို PHP ဖြင့် မိတ်ဆက် ပေးရန် ရည်ရွယ်၍ ရေးသား ထား ပါသည်။ .
ဖြေးဖြေး မှန်မှန် လေ့လာ ပါ၊ လောဘ မကြီး ပါနှင့်။

Note
For more detail please see Php Manual at http://www.php.net

Credit to >> http://phpmyanmar.com

Special Credit to >> San Lin Htet   (MMITG) https://www.facebook.com/groups/talks.IT/)
Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More