နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Sunday, January 5, 2014

PHP အကြောင်း အခြေခံ လေ့လာရန်




Creative Web Studio မှ ဒါရိုက်တာ ကိုဝေဖြိုးထွဋ်နဲ့ Web programming ကို စိတ်ဝင်စားသူ များအတွက်
PHP Programing Language အကြောင်း တွေ့ဆုံ မေးမြန်းခြင်း...

PHP ဆိုတာဘာလဲဆိုတာပြော ပြပေးပါ။


PHP ဆိုတာ Website ရေးတဲ့ language တစ်ခုပါ။ သူ့ရဲ့ အရှည် ကတော့ Hypertext Preprocessor လို့ခေါ်ပါတယ်။ Dynamic Webpages တွေကို တည်ဆောက်ဖို့အတွက် HTML Language embedded လုပ်ထား တဲ့ Server Side Programming ပါ။ ၎င်းရှဲ့Syntax များမှာ C, Java နဲ့ Perl တို့ကို Reference လုပ်ထားပြီး ပိုမိုကောင်းမွန်စေရန် အတွက် PHP syntax များဖြင့် ထပ်မံအားဖြည့်ထားပါတယ်။ PHP Language ရဲ့ Goal ဟာ Dynamic Generated Web Pages များကို တည်ဆောက်တဲ့အခါ Web developers များလွယ်ကူလျင်မြန် စွာ ရေးသားနိုင်ဖို့အတွက်ပါ။ ပြီး တော့ PHP Programming ဟာ Open Source ဖြစ်ပါတယ်။

Dynamic Web pages ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

Dynamic Web pages အ ကြောင်းမပြောခင် ပထမဆုံးအနေ နဲ့ ှStatic web page အကြောင်း ပြောချင်ပါတယ်။ Static Web page ဆိုတာက မိမိတင်ထားတဲ့ web page မှာ သတင်းအချက်အလက်တွေ ပြောင်းလဲချင်တိုင်း web page 1 page  ပြန်ဆောက်ရပါတယ်။ Dynamic web page မှာတော့ မိမိတင်ထားတဲ့ သတင်းအချက် အလက်တွေပြောင်းလဲရုံနဲ့ ပဲ မိမိတင်ထားတဲ့ website ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူ ပြောင်းလဲနိုင်မှာပါ။

Sever Side Programming ဆိုတာဘာကို ရည်ညွှန်းတာလဲ။

Open Source Developer တွေ သုံးဖို့အတွက် Source code တွေကို ရနိုင်တဲ့ Program ကို ရည်ညွှန်းတာပါ။ Web ပေါ်မှာ ရေးတဲ့ Script Type နှစ်မျိုးရှိပါ တယ်။ အဲဒါတွေကတော့ Server Side Programming or Script နှင့် Client Side Programming or Script ပဲဖြစ်ပါတယ်။ ဥပမာ -Javascript & VB script လိုမျိုးပေါ့။ ဒါကတော့ Client Side Programming & Sever Side Programming ပါ။ Client Side Script ကို Static web page မှာ သုံးပြီး Dynamic Web page တွေနဲ့တွဲပြီးလည်းရေးလို့ရပါတယ်။ ှSever Side Script ကိုတော့ Dynamic Web page မှာပဲ သုံးပါတယ်။ ဥပမာ Php, Asp, Asp.net, jps စသည်ဖြင့်ပေါ့။ အဲဒါကတော့ Sever Side Script တွေပါ။

PHP လေ့လာဖို့အတွက် ဘာတွေ သိထားသင့်သလဲ။

PHP ကိုလေ့လာဖို့ အတွက် အခြေခံအားဖြင့် HTML Syntax HTML Forms များအကြောင်းနဲ့ Programming အခြေခံတို့ရှိသင့်ပါတယ်။ HTML မသိသေးရင်တော့ HTML ကိုအရင်လေ့လာ သင့်ပါတယ်။ ပြီးတော့ CSS နဲ့ Java Script ကို သိရင်တော့ ပိုပြီး တော့ကောင်းပါတယ်။ Web ပေါ် က Website Nature တွေကိုပါ လေ့လာထားသင့်ပါတယ်။

PHP လေ့လာဖို့ အချိန် ဘယ်လောက်လိုပါသလဲ။
PHP ကို လေ့လာဖို့ အတွက် အချိန်ကတော့ အနည်းဆုံး ၃ လ နှင့်အထက်လိုပါမယ်။Professional  တစ်ယောက်ဖြစ်ဖို့ဆိုရင် တော့ ဒီထက်မက လေ့လာ ဖို့ လိုပါ လိမ့်မယ်။

ဘာကြောင့် PHP ကို သုံးတာလဲ။
ကျွန်တော်တို့အနေနဲ့ Programming Language တစ်ခု ရွေးတော့မယ်ဆိုရင် Operating System, Web Server Software, Hardware for the Server, Database Management and Programming or Scripting  ဒီအချက်တွေကို ထည့်စဉ်းစားရပါမယ်။ PHP ရဲ့ အားသာချက်တွေဖြစ်တဲ့ Great Performance, Compatible With Most Database Management Systems, Built-in Libraries With Many Common Tasks, Source Code Available, No Cost, Easy to learn Portability တွေကြောင့် PHP ကို အသုံးပြုရခြင်းဖြစ်ပါတယ်။


Special Credit to >> Sanlin Htet (MMITG -
https://www.facebook.com/groups/talks.IT/)

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More