နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Thursday, February 20, 2014

blogger မှာ တင်ထားတဲ့ Post တစ်ခုချင်းကို လူဘယ်နှစ်ယောက်ဝင်ကြည့်လဲ???

အရင်ဆုံး ကျနော်တစ်ခုလောက် ကြိုပြောပါရစေ.. ကျနော် blogger တစ်ယောက်မဟုတ်ပါဘူး ... စိတ်ဝင်စာလို့ Blogspot လေး လုပ်ကြည့်ရင်း နည်းပညာများကို သင်ယူလေ့လာနေသူတစ်ဦးသာ ဖြစ်ပါတယ်။ ကျနော် အခု တင်ပြမယ့် အကြောင်းအရာလေးကတော့ ကျနော်တို့ Blogger မှာ မိမိ တင်ထားတဲ့ Post တွေထဲမှ အကြောင်းအရာ Post တစ်ခုချင်းစီကို လူ ဘယ်နှစ်ယောက် ဝင်ကြည့်ခဲ့ တယ်ဆိုတာကို ကြည့်လို့ ရအောင် လုပ်နည်းလေးဖြစ်ပါတယ်..။ ကျနော်လဲ ဆိုဒ်တစ်ခုကို ဝင်ကြည့်ရင်း တွေ့မိလို့ ကျနော့် ဘလော့မှာ ထည့်ချင်တာနဲ့ Google မှာ ရှာခဲ့ပါတယ်..။ တော်တော်လဲ ကို ခေါင်းစားခဲ့ပါတယ်... ကျနော့်အတွက်ပေါ့...။ သိတဲ့ တတ်တဲ့ သူတွေအတွက် မခက်ပေမယ့် ကျနော်က လေ့လာသူတစ်ယောက်ဆိုတော့ ... တော်တော် ခက်ခဲ ခဲ့ပါတယ်....။ နောက်ဆုံးတော့ ကျနော် ရခဲ့ပါတယ်..။ ဒါကြောင့် ကျနော့်လို စတင်လေ့လာသူ Blogger ပေါက်စများအတွက် ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ...။

စပြီးလုပ်ကြည့်ကြမယ်နော်...။
  • ပထမဆုံး Blogger Dashboard ကို Blogger အကောင့်နဲ့ ဝင်လိုက်ပါ။
  • နောက်တစ်ဆင့် Template >> Edit HTML ကို သွားလိုက်ပါ ... ။ အောက်မှာ ပုံလေးပြထားပါတယ်ခင်ဗျာ။


ပြီးရင်တော့ ကျနော်တို့ Template ကို Edit လုပ်တဲ့ နေရာကို ရောက်သွားပါပြီ ။ပုံတော့ ထပ်မတင်တော့ပါဘူး။ အားလုံးသော Blogger ညီငယ်လေးများ သိကြမယ်လို့ ထင်ပါတယ်။ အဲနေရာရောက်တဲ့ အခါမှာတော့ ကျနော်တို့ Edit လုပ်ရမယ့် box မှာ ကလစ်တစ်ချက်ထောက်လိုက်ပါ။ ပြီးရင်တော့

Ctrl+F

ကို နှိုက်လိုက်ရင် Search box လေးကို အောက်က ပုံပါအတိုင်းတွေ့ ရမှာ ဖြစ်ပါတယ်


  • ဒီလောက်ထိကို အားလုံး အဆင်ပြေရင် မယ်လို့ မျှော်လင့်ပါတယ်..။ blogger နှင့် ရင်းနှီးပြီးသား သူငယ်ချင်းများကတော့ လွယ်ကူမှာ ဖြစ်ပေမယ့် အခုမှ စတင်လေ့လာသူ(ကျနော်လိုပေါ့) တွေကတော့ နည်းနည်းလေး ကြိုးစားပြီး လုပ်ကြည့်ပါ ...။ :D

  • D လောက်ကို အဆင်ပြေပြီဆိုရင်တော့ အခုဆက်ပြီး အပေါ်က ပုံမှာ ပြထားတဲ့ Search Box မှာ </head> ဆိုတာကို ရိုက်ပြီး ရှာလိုက်ပါ။
  • </head> ကိုတွေပြီဆိုရင် အောက်မှာ ပေးထားတဲ့ ကုဒ်လေးတွေကို Copy ယူပြီး </head> အပေါ်မှာ Paste လုပ်လိုက်ပါ။


<link type="text/css" rel="stylesheet" href="http://static.graddit.com/css/graddit.css" />



  • အခုနောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ ဆိုတဲ့ ကုဒ်လေးကို ထပ်ပြီးရှာရပါမယ်..<data:post.body/> ဆိုတဲ့ Code ဟာ သူငယ်ချင်းတို့ Template မှာ တစ်ခုထက်မက တွေ့ချင် တွေပါလိမ့်မယ်။ အဲဒီ<data:post.body/> ဆို  Code တွေအောက်မှာ (သို့) အပေါ်မှာ ဖြစ်ဖြစ် အောက်မှာ ပေးထားတဲ့ Code တွေကို Copy ယူပြီး ထည့်ပေးလိုက်ပါ..။

  • မိမိ blogger post ၏  အောက်ခြေနားမှာ ထားချင်ရင် <data:post.body/> ၏ အောက် Code တွေကို ထည့်ပါ...။ blogger post ၏ header မှာ ထားချင်ရင်တော့  <data:post.body/> ၏ အပေါ်က ထည့်ပါ....။ဥပမာအနေနဲ့ (Demo) ကိုတော့ ဒီမှာ ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ..။
  • <data:post.body/> ၏ အောက်(သို့) အပေါ်မှ ထည့်သွင်းအသုံးပြုရန်ကုဒ်ကို အောက်မှာ ပေးထားပါတယ်ခင်ဗျာ။



<b:if cond='data:blog.pageType != &quot;static_page&quot;'><div expr:id='"labels_" + data:post.id' style='display: none; visibility: hidden;'><b:if cond='data:post.labels'><b:loop values='data:post.labels' var='label'><data:label.name/>,</b:loop></b:if></div>Rate this posting: <div expr:id='data:post.id' class='ffbs_rate'>{[[&#39;&lt;img src=&quot;http://static.graddit.com/img/star.png&quot;/&gt;&#39;]]}</div><div expr:id='&quot;ffbs_stats_&quot; + data:post.id' class='ffbs_stats'></div><script type='text/javascript' expr:src='&quot;http://www.graddit.com/rate/eng/5/&quot; + data:post.id + &quot;?id=&quot; + data:post.id + &quot;&amp;stats=ffbs_stats_&quot; + data:post.id + &quot;&amp;labels=labels_&quot; + data:post.id + &quot;&amp;info=info-&quot; + data:post.id + &quot;&amp;info_delay=2&amp;url=&quot; + data:post.url + &quot;&amp;class_star=ffbs_star_img&amp;class_star_set=ffbs_star_img_set&amp;class_star_vote=ffbs_star_img_vote&amp;views=yes&amp;votes=yes&amp;average=yes&quot;'></script></b:if>



ပြီးရင်တော့ မိမိ၏ Template လေးကို Save လိုက်လို့ ရပါပြီး။။။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...။ အဆင်မပြေတာလေးတွေ ရှိရင်လဲ ပြန်လည်ဆွေးနွေးပေးကြပါဦးခင်ဗျာ..။



Template များမှာ ကွဲလွှဲမှုများတော့ ရှိနိုင်ပါတယ် ခင်ဗျာ..။

မှတ်ချက် ။   ။ <data:post.body/> ဆိုတဲ့ Code ဟာ 1 ခုမက တွေ့နိုင်ပါတယ် အရင်ဆုံးတွေ့တဲ့
<div class='post-body entry-content' expr:id='&quot;post-body-&quot; + data:post.id'>
            <data:post.body/>
            <div style='clear: both;'/> <!-- clear for photos floats -->
          </div>
မှ လွဲပြီး ကျန်တဲ့ <data:post.body/> နောက်မှ ကပ်ပြီးထည့်ပေးပါ...။

Rate this posting:
{[['']]}

0 comments:

Post a Comment

Twitter Facebook More