နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Wednesday, February 19, 2014

Recycler Virus သတ်နည်းနဲ့ Data ပြန်ယူနည်း


ဒီနေ့ Service လုပ်ရင်းနဲ့ Thumb Drive လေးကို Virus လာစစ်မယ့်စက်ထဲ ထည့်ပြီး data ကူးလိုက်တာ ရှိသမျှ Data တွေ ကုန်ပါလေရော။ Recycler Virus ဝင်ပြီး File and Folder တွေ အကုန်ဖျောက်ပစ်လိုက်တာ။ Folder Options မှာ Show Hidden လုပ်လဲ မရပါဘူး။

စလိုက်ရအောင်...

(၁) ပထမဆုံး Update ဖြစ်နေတဲ့ Microsoft Security Essential နဲ့ Scan စစ်လိုက်ပါတယ်။

(၂) CMD နဲ့ ပျောက်နေတဲ့ Data တွေ ပြန်ဖော်မယ်။

Window + R ကိုနှိပ်ပြီး (Run Box) ကိုခေါ်လိုက်မယ်

cmd ရိုက်ပြီး enter ကို နှိပ်မယ်။ အောက်က စာလေးကို copy ကူးပြီး comand line မှာ Right Click >> Paste ပြန်လုပ်ပေးလိုက်ပါ။


attrib -h -r -s /s /d g:\*.*


* မှတ်ချက် g နေရာတွေ မိမိ၏ drive letter ကို ရေးရပါမည်။ *

Data တွေ ပြန်ရလာမှာပါ။

(၃) Thumb Drive ထဲမှာရှိနေတဲ့ Recycler Folder တွေကို Select လုပ်ပြီး Shift + Del နဲ့ ဖျက်ပေးလိုက်ပါ။


အဆင်ပြေကြပါစေ
မိုး
Rate this posting:
{[['']]}

1 comments:

zaw hlaing win said...

ဝင်းဒိုး xp နဲ့ကောအဲဒီလိုလိုက်လုပ်ရင်ကောဖြစ်မလား

Post a Comment

Twitter Facebook More