မင်္ဂလာပါနော် သည်နေ့ ကျနော် ထပ်မံ ကြိုးစားပြီး ကွန်ပျူတာအတွက် လုပ်သင့်သော အချက်လက်လေးများဆိုတာကို ရေးသားမှာ ဖြစ်ပါတယ်.. အရင်နေ့က နံပါတ် (၁) နဲ့ (၂ ) ကိုတင်ပြ
ပြီးဖြစ်တဲ့အတွက် သည်ဟာကတော့ နံပါတ် (၃) ပေါ့ဗျာ.. ကဲ စလိုက်ကြရအောင်ဗျာနော်
ကဲ ပထမဆုံး မိမိတို့ ကွန်ပျူတာရဲ့ Sound Effect တွေကို ပိတ်ဖို့အတွက် Start ကနေ Contro Panel
ကိုသွားလိုက်ပါနော်...
ရောက်ပြီဆိုတာနဲ့ ပထမဆုံး ညာအပေါ်ထောင့်က View by: ဆိုတာတချက်ကြည့်ပါ မိမိကွန်ပျူတာမှာ
အပေါ်ပုံပြထားသလို အကုတ် မပေါ်ဘူးဆိုပါက large icon ဆိုတာပြောင်းပေးလိုက်ပါ... အိုကေ
ပြီးတာနဲ့ sound effect တွေ ပိတ်ဖို့ Sound ဆိုတဲ့ စပီကာပုံလေးကို ကလစ်ပါ... ဘောက်လေးထွက်ပေါ်လာပါလိမ့်မယ်နော်.. ဘောပ်အပေါ်က sound ဆိုတာကလစ်ပါ..
၁- sound scheme ဆိုတာနောက်က မျှားလေးကလစ်လိုက်ပါ....
၂- no sound ဆိုတာကို ထားပေးလိုက်ပါနော်....
၃- ထားပြီးနောက် save as ဆိုတာကလစ်ပြီး no sound နေရာ မိမိနှစ်သက်ရာ အမည်ပေးပါ...
ကျနော်ကတော့ aungsan ဆိုတဲ့ ကိုယ့်အမည်ဘဲပေးလိုက်တယ်....
၄- ဒါဆို အဲအတွက် ပြီးပြီပေါ့ Apply-Ok ပေါ့နော်....
================================================
နောက်ထပ် တဆင့်တက်ကြမယ်... မိမိတို့ ကွန်ပျူတာထဲက MyComputer ဆိုတာကို ညာကလစ်ပေးလိုက်ပါ နောက် အောက်ဆုံးက Properties ကိုဝင်ပေးလိုက်ပါနော်....
အဲမှာ System ဇယားကြီးတခုကျလာမှာဖြစ်ပါတယ်...အဲထဲက Advanced Syatem Setting ဆိုတာကိုကလစ်သွားလိုက်ပါ.....
Syatem Properties ဆိုတဲ့ ဇယားတခုကျလာမှာ ဖြစ်ပါတယ်.. အဲဇယားအပေါ်က Advance ဆိုတာကလစ်ပါ အိုကေ အဲလိုကလစ်ပြီး အပေါ်ဆုံးမှာ ရှိနေမယ့် Performance ဆိုတာရဲ့ Setting
ဆိုတာကိုကလစ်ပေးလိုက်ပါ....
ပုံမှာ ပြထားတဲံ ညာဘက်က ဇယားဖြစ်တဲ့ Performance Options ဆိုတဲ့ ဇယားကျလာမှာ ဖြစ်ပါတယ်..
ထိုဇယားထဲကနေ Custom ဆိုတဲ့ ရှေ့ အမှတ်ပေးပြီး အောက်မှာ ရှိနေတဲ့ Vissual Effects စာတိုင်တွေမှာပေါ့.... မိမိတို့အတွက် လိုအပ်သည်များကိုသာအမှန်ခြစ် ထားပေးလိုက်ပါ ကျနော်ကတော့ နည်းနည်းလေးဘဲ ထားထားတာမို့ တချို့ သည်ထက်ပိုတဲ့ စာတိုင်တွေလဲ ရှိလာမှာ ဖြစ်ပါတယ်...
ဥပမာ။ ။ Enable aero Peek / Enable desktop compostion / စတဲ့စတဲ့ စာလေးတွေ
ပိုပါလာခဲ့မယ်ဆိုရင်လည်း အမှန်ခြစ်ပေးထားနိုင်ပါတယ်.... မလိုအပ်ရင်တော့ မပေးဘဲ ထားလည်းရပါသေးတယ်..ေိေိ...စုသဘော..စုသဘော...ပြောရမလိုပေါ့..ကဲ အဆင်ပြေပါပြီနော်
ဆက်လက်လေ့လာလိုပါက
==============
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၄)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၅)
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းများ (၆)
ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
{[['']]}
0 comments:
Post a Comment