
အကောင့်တခုမပါသွားဖို့ ပထမဆုံး Keylogger, Phishing ... စတာတွေကို ရှောင်နိုင်ရှင် ရှောင်၊ မရှောင်ရင် ဘာတွေ လုပ်ထားသင့်လဲ ဆိုတာလေး မမိုးသုံးထားတဲ့ security ကို ဒုတိယ အကြိမ်မြောက် ပြန်လည်မျှဝေခြင်းပါ။ အသိတယောက်ရဲ့ အကောင့်အဟက်ခံရတာကို ကူညီပေးရင်း ဒီနည်းလမ်းကို ရှာတွေ့ခဲ့တာပါ။ဒီ security ကို သုံးလာတာ တနှစ်နီးပါးရှိပါပြီ။ ပထမ (၃)လ စမ်းသပ်ပြီး အောင်မြင်ခဲ့လို့ မမိုးမောင်တယောက်ရဲ့ အကောင့်ကို စမ်းသုံးပါသေးတယ်။ ဒုတိယအကြိမ်လဲ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ (၆)လ က ပထမအကြိမ် မျှဝေခဲ့ပါတယ်။ ခု ဒုတိယအကြိမ်ပါ။ ဒီ security ကို ထည့်ထားပြီး ၃လမှာ မမိုးအကောင့် အဟက်ခံရဖူးပါတယ်။ ဟက်တဲ့သူလက်ထဲမှာ မိနစ်ပိုင်းအတွင်း အကောင့်က Lock ကျသွားခဲ့ပါတယ်။ ဒါနဲ့ နောက်တယောက်ကို ထပ်ပြီး စမ်းခဲ့ပါတယ်။ မမိုးမောင်လေးအကောင့်ကို security ထည့်ပေးထားတာလဲ အဟက်ခံရပြီး သူပိုင်ဆိုင်သော...