
မိုးလေ့လာထားသလောက်Networking အကြောင်း များကို အခြေခံမှစပြီ ဖြည်းဖြည်းချင်းရေးပြသွားပါ့မယ်။ ခုတော့ အခြေခံလေးစပြီးတော့ လေ့လာရအောင်နော်။Networking ဆိုတာ Computer ကနေစခဲ့တာပါ။ ကမာ္ဘ့ပထမဆုံး Computer စပေါ်ချိန်တွင် network ဆိုတာမရှိသေးပါဘူး။ ဒုတိယမြောက် Computer ပေါ်လာချိန်တွင် File နဲ့ Folder တွေကို စက်တစ်လုံးနှင့်တစ်လုံး ရွှေ့ပြောင်းရာတွင် လူမလိုပဲ ရွှေ့ပြောင်းနိုင်ရန် အမျိုးမျိုး တီထွင်ခဲ့ကြပါတယ်။ ပထမတော့ Data များကို ရွှေ့ပြောင်းဖို့ Floppy and CD တို့ကို အသုံးပြုခဲ့ကြသည်။ ထိုကဲ့သို့ စက်တစ်လုံးမှတစ်လုံး ရွှေ့ပြောင်းသုံးနည်းကို Sneakernet ဟုခေါ်ဆိုခဲ့ကြသည်။ Sneakernet ၏အားနည်းချက်ကတော့ အချိန်ကုန်၊ လူပင်ပန်းခြင်းပင်ဖြစ်သည်။ ထိုအချိန်မှစပြီး network ကို စတင်တီထွင်ခဲ့ကြပါသည်။ network တစ်ခုကို သုံးပြီး အနည်းဆုံး Computer ၂ လုံး မှ ရာထောင်ချည်သော...