နည်းပညာဗဟုသုတ ပြည့်ဝကြပါစေ

Thursday, September 19, 2013

Error Repair Professional

ဒီ software လေးက ကွန်ပျူတာရှိ Error တော်တော်များများကို ရှင်းပေးနိုင်ပါတယ်ရှင်။ တခုတော့ သတိထားရမယ်နော်။ သူ့ကိုသုံးမယ်ဆိုရင် MalewareBytes လေးကို ပိတ်ထားပေးပါရှင်...


ဒီSoftware လေးကို မောင်လေး ဇာနည်(အာရှသားလေး နည်းပညာ) မှ ကူးယူ မျှဝေပါတယ်...


Blogger အားလုံးအား ထာဝရလေးစားလျှက်
မိုး


Download
Rate this posting:
{[['']]}

Monday, August 19, 2013

ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပုံ Shortcuts ebooks


ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝင်ပံု Shortcuts ebooks လေးပါရှင်...

နည်းပညာမောင်နှမအားလုံးအား အစဉ်လေးစားလျှက်
မိုး
Rate this posting:
{[['']]}

Monday, August 5, 2013

Windows 7 Keyboard Shortcuts

Table 1.2. New Windows 7 Keyboard Shortcuts
KEYBOARD SHORTCUTACTION
Attached Image+up arrowMaximizes the current window.
Attached Image+down arrowRestores or minimizes the current window.
Attached Image+left arrowSnaps the current window to the left half of your screen.
Attached Image+right arrowSnaps the current window to the right half of your screen.
Attached Image+Shift+left arrowMoves the current windows to the left screen when running dual monitors.
Attached Image+Shift+right arrowMoves the current windows to the right screen when running dual monitors.
Attached Image+HomeMinimizes or restores all but the current window.
Attached Image+TFocuses on the taskbar so you can then use the arrow keys and Enter to select an item.
Pressing this shortcut again will cycle through items.
Windows Key+Shift+T cycles backward.
Attached Image+TabCycles through your open applications in 3D.
Alt+TabCycles through your open applications in 2D.
Attached Image+spacebar (hold keys)Peeks at the desktop.
Attached Image+DShows the desktop.
Attached Image+MMinimizes the current windows.
Attached Image+GBrings your gadgets to the top of your applications.
Attached Image+PShows presentation and external display options.
Attached Image+UOpens the Ease Of Access Center.
Attached Image+XOpens the Mobility Center, enabling quick access to features like WiFi.
Attached Image+[a number key 1–5]Starts the program from the taskbar that corresponds to that number key.
For example, pressing +1 starts the first application on the taskbar.
Attached Image++Zooms in.
Attached Image+-Zooms out.
Attached Image+LLocks your PC back to the logon screen.
Rate this posting:
{[['']]}

Sunday, August 4, 2013

Write Protected Error ဖြေရှင်းနည်းစာအုပ်

Rate this posting:
{[['']]}

Sunday, July 14, 2013

How To Check A Windows 8 Hard Drive For Errors

1. Start at the Windows 8 Metro UI.

1 - Open Up The Windows 8 Metro UI
2. Type the word computer and the search prompt will automatically display.
2 - Type The Word Computer And The Search Box Will Pop Up
3. Select Computer.
3 - Select Computer From The Search Results
4. Right click on the drive you wish to test and select Properties.
4 - Right Click On The Disk You Wish To Check And Press Properties
5. Select the Tools tab and choose Check in the Error checking section.
5 - Select The Tools Tab And Then Choose Check In The Error Checking Section
6. If Windows prompts you there are no errors found, you can still check the drive anyway by selecting Scan drive.
6 - Choose Scan Drive From The Error Checking Prompt
7. Wait for the error checking tool to complete.
7 - Wait For The Scan To Complete
8. When error checking has completed you can click Close.
8 - When Completed Choose Close
Rate this posting:
{[['']]}

Thursday, June 27, 2013

NAS (Network Attached Storage)

Desktop NAS (network-attached storage) ဆိုတာကတော့ ကွန်ရက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေရဲ့ file-level data တွေကိုသိုလှောင်ထားနိုင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ Desktop NAS ထုတ်ကုန်တစ်ခုမှာ သိုလှောင်ခြင်းအပြင် ဖိုင်အချက်အလက်တွေကို backup လုပ်ခြင်းကိုပါ လုပ်ဆောင်နိုင်ပါတယ်။

ဒီထုတ်ကုန်ဟာ ကြီးမားတဲ့ Enterprise NAS စနစ်များနဲ့နှိုင်းယှဉ်ရင် ဈေးနှုန်းသက်သာပြီး အသုံးပြုရာမှာလည်း လွယ်ကူစေကာ အခြေခံ RAID အချက်အလက်ကာကွယ်ခြင်းနဲ့ စီမံထိန်းချုပ်မှုလုပ်ဆောင်နိုင်စွမ်းတို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ အချို့ Desktop NAS ထုတ်ကုန်များမှာ Storage Snapshots နဲ့ Replication လိုမျိုး Enterprise NAS Feature တွေပါဝင်ပါတယ်။ Desktop NAS ဟာ Storage device တစ်ခု (သို့မဟုတ်) အနည်းငယ်နဲ့တည်ဆောView blogက်ထားတဲ့ Hardware ထုတ်ကုန်တစ်ခုဖြစ်ပြီး Operating System (OS) တစ်ခု၊ ဖိုင်စနစ်တစ်ခုအပြင် Windows အခြေခံစနစ်များအတွက် Common Internet File System (CIFS), Linux eJY Unix အခြေခံစနစ်များအတွက် Network File System (NFS) နဲ့ Mac OS အခြေခံစနစ်များအတွက် Apple Filing Protocol (AFP) စတဲ့ Protocol တွေကိုအသုံးပြုပါတယ်။ အချို့ NAS ထုတ်ကုန်တွေဟာ Block-based Data Access, Web Serving နဲ့ Cloud Storage Access အတွက် အပိုဆောင်း Protocol ကိုအထောက်အပံ့ပေးပါတယ်။ Desktop NAS တစ်ခုကို အသေးစားစီးပွားရေးများ၊ ရုံးဌာနများနဲ့ အကြီးစားလုပ်ငန်းများရဲ့ ရုံးခွဲများမှာ အသုံးပြုရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ သုံးစွဲသူတစ်ဦးအနေနဲ့လည်း ကွန်ရက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေကိုသုံးတဲ့ အိမ်သူအိမ်သားများထံ ဖိုင်များနဲ့ သိုလှောင်မှုစနစ်တို့ကို ဝေမျှလိုတဲ့အခါမှာ Desktop NAD ထုတ်ကုန်ကို ဝယ်ယူဖို့လိုပါတယ်။


ရေးသားသူ - နောင်နောင် Rate this posting:
{[['']]}

Monday, February 11, 2013

Blog အလှဆင်နည်း

Blogger များအတွက် မိမိတို့ရဲ့ Blog Site လေးကို အလှဆင်ရန် အာကာဖြိုး (နည်းပညာ) မှ ရေးသားထားသော ဘလော့ဆိုဒ်အလှဆင်နည်း စာအုပ်လေးကို တင်ပေးလိုက်ပါတယ်


အားလုံးအဆင်ပြေကြပါစေ

မိုး

Download
Rate this posting:
{[['']]}

Wednesday, February 6, 2013

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု


မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခုမြန်မာနိုင်ငံမှာရှိတဲ့ လူအများ စု...ဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်ချက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Blue-tooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်း တစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီဂဏန်းတွေ ဟာ မိမိဖုန်းရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံး သွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Sim-card ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Sim-card ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နို်င်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ default code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။

Ref By - http://www.maukkha.org/

Rate this posting:
{[['']]}

Thursday, July 12, 2012

Icon တွေနောက်မှာ အရောင်တွေပေါ်နေရင် ဖြေရှင်းနည်း

My Computer ကို Right-Click နှိပ်ပြီး Properties ကို ရွေးပါ။

Advanced ထဲက Performance Section >> Setting ထဲသို့ အဆင့်ဆင့်ဝင်ပါ။

ပြီးရင်တော့ Visual Effect မှ Use drop shows for icon labels on the Desktop ကို အမှန်ခြစ် (check)

လုပ်ပေးပြီး Apply ကိုနှိပ်ပေးပါ။




ခုတော့မိုး အချိန်မရှိလို့ ပုံနဲ့တကွ မတင်ပေးလိုက်ရဘူး။ နောက်မှပဲ ပုံနှင့်တကွ တင်ပေးပါ့မယ်နော်။


အဆင်ပြေကြပါစေ
မိုး
Rate this posting:
{[['']]}

Saturday, June 2, 2012

Computerအမေးအဖြေစာအုပ်



ဒီစာအုပ်လေးက မေးလ်ကနေ တောင်းထားလို့ တင်ပေးလိုက်တာပါ။ မိုးခုတလော Online မထိုင်ဖြစ်တော့ website ကိုလဲပြန်မကြည့်ဖြစ်ဘူး။ စိတ်တော်တော်လေးကို စဉ်းရဲရတယ်။ website နဲ့ အကြာကြီးမဝေးချင်ဘူးလေ။ ခုအချိန်မရှိပေမယ့် ရအောင်တင်ပေးလိုက်ပါတယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်နော်။ နောင်ဆို အကျိုးပြုနိုင်မယ့် စာအုပ်ကောင်းလေးတွေ၊ Post လေးတွေကို အများကြီးတင်နိုင်အောင် မိုးကြိုးစားပါ့မယ်လို့............................


Download


မိုး Rate this posting:
{[['']]}

Saturday, April 7, 2012

Registry Editor အကြောင်း အပိုင်း (၁)

Registry Editor ၏ အဓိပ္ပါယ်

Registry ဆိုသည်မှာ Window 95, Window 98, Window Me, Window NT, Window 2000, Window XP, Window Vista, Window 7 စသော Operating System တွင်အသုံးပြုသော Tree Structure ဆင့်ပွား (Hierarchical) Control Data Base ဖြစ်သည်။ ၎င်း Control Data Base တွင် System နှင့်ပတ်သက်သော သတ်မှတ်ချက်များ၊ Configuration များ၊ အချက်အလုပ် Information များ၊ User များ၊ Application များ၊ Hardware များ၏ သတ်မှတ်ချက် Configuration များနှင့် အချက်အလက် Information များကို သိမ်းထားခြင်းပင် ဖြစ်သည်။
Hardware များ၏ အချက်အလက်များ၊ Operating System နှင့်ပတ်သက်သော Software များ၊ Operating System မဟုတ်သော Non Operating System Software နှင့် ပတ်သက်သည်များ၊ User များ၏ Profile များ၊ Computer တွင် Install လုပ်ထားသော Software တစ်ခုချင်းစီ၏ File Type များ၊ Folder များ၊ Icon များ Computer ၏ Port များ၊ အသုံးပြုသူ၏ Control Panel မှပြုပြင်ထားသည်များ၊ System Policiesများ စသည်တို့ကို သိမ်းထားသော Data Base ကြီးတစ်ခုလဲဖြစ်ပါသည်။ Registry Data များကို Binary Files များအနေဖြင့် သိမ်းထားသည်။ Rate this posting:
{[['']]}

Friday, April 6, 2012

Group Policy Editor အကြောင်း အပိုင်း (၃)

ဒီတစ်ခါတော့ Account Policy အကြောင်းလေးရှင်းပြချင်ပါတယ်။ Account Policy ဆိုတာကတော့ Account တစ်ခုကို စီမံခန့်ခွဲနိုင်တဲ့ ဥပဒေသလေးပါ။
ထုံးစံအတိုင်းပေါ့ Group Policy Editor လေးကို အရင်ဖွင့်ရအောင်နော်။
Start ထဲမှ Run ကို Click နှိပ်ပါ။ ပြီးလျှင် gpedit.msc ကို ရိုက်ပြီး Ok နှိပ်ပါ။ ပြီးလျှင် အောက်ပါအတိုင်း အဆင့်ဆင့် Double Click နှိပ်ပြီးဝင်ပါ။
Computer Configuration >> Window Settings >> Security Settings >> Account Policies >> Account Lockout Policy >> သို့အဆင့်ဆင့်သွားပါ။ ပြီးရင်တော့ အောက်ပါအတိုင်း အဆင့်(၃)ဆင့် ကို လေ့လာကြည့်ရအောင်နော်။
(1) Account Lockout Duration
Account တစ်ခုကို Lock လုပ်ထားလျှင် Administrator မှ မဖွင့်ပေးမချင်း မပွင့်နိုင်ပါ။ မိနစ်ဖြင့်သတ်မှတ်လျှင် 0 to 99999 မိနစ်အထိ သတ်မှတ်နိုင်သည်။ မိမိသတ်မှတ်ထားသော မိနစ်ပြည့်မှ ပိတ်ထားသော Account ပြန်ပွင့်ပါသည်။
* Administrator Account >> Computer Management >> Local Users and Groups အောက်မှ Users သို့ အဆင့်ဆင့်ဝင်ပါ။ ပြီးလျှင် Account ကို Double Click နှိပ်ပြီး Account Lockout မှ အမှန်ခြစ်လေးကို ဖြုတ်ပေးပါ။

(2) Account Lockout Threshold
Account တစ်ခုကို Lockout လုပ်ထားသော အကြိမ်အရေတွက် သတ်မှတ်ခြင်းပါ။ အကြိမ်အရေအတွက် ကို 0 to 999 ထိပေးနိုင်သည်။ ဥပမာ (3)ဟုပေးထားလျှင် Lock in ကို ၃ကြိမ်အတိသာဝင်နိုင်သည်။ ပိုဝင်မိလျှင် Account ကို ပိတ်လိုက်ပါသည်။ အကယ်လို့ (0) ဟုထားလျှင် Account Lockout လုပ်တော့မည်မဟုတ်ပါ။
မှတ်ချက်။ ။ Security တင်းကြပ်ရန်အတွက်သာ သုံးသင့်သည်။ အိမ်သုံး Computer များအတွက် မလိုအပ်ပါ။

(3) Reset Account Lockout Counter After
Account ကို Lockout မလုပ်ခင် မှားရိုက်သော နှစ်ခုကြားမှ အချိန်ကိုဆိုလိုသည်။ အချိန်အားဖြင့် 0 to 99999အထိ ပေးနိုင်သည်။ Reset Account Lockout Counter After နှင့် Account Lockout Duration တို့၂ခုကို Account Lockout Threshold ကိုသတ်မှတ်ပေးမှ အသုံးပြုရသော ဥပဒေများဖြစ်သည်။

ဒီလောက်ဆို Account Policy အကြောင်းလေး နည်းနည်းလောက်သိသွားမယ်ထင်ပါတယ်။ ဖြည်းဖြည်းချင်း ဆက်လေ့လာရအာင်နော်။
မိုး Rate this posting:
{[['']]}

Thursday, April 5, 2012

Group Policy Editor အကြောင်း အပိုင်း(၂)

Account Lockout Policy
ဝင်နည်း
Start >> Run Box တွင် gpedit.msc ကိုရိုက်ပါ။
ပြီးလျှင် Computer Configuration >> Window Settings >> Security Settings >> Account Policies >> Account Lockout Policy သို့ အဆင့်ဆင့်သွားပါ။

1 . Account Lockout Duration
Account တစ်ခုကို Lock လုပ်ထားလျှင် Administrator မှ မဖွင့်ပေးမချင်း မပွင့်ပါ။
မိနစ်ဖြင့်သတ်မှတ်ထားလျှင် သတ်မှတ်ချိန်ကျော်လျှင် အလိုအလျောက်ပြန်ပွင့်လာပါသည်။ အချိန်ကို 0 မှ
99999 အထိပေးနိုင်သည်။
* Administrator Account >> Computer Management >> Local Users and Groups အောက်ရှိ
User သို့ အဆင့်ဆင့်သွားပါ။ ပြီးလျှင် Account ကို D - Cli နှိပ်ပြီး Account Lockout ရှိအမှန်ခြစ်ကို
ဖြုတ်ပေးပါ။
2 . Account Lockout Threshold
0 to 999 အထိ ပေးနိုင်သည်။ (eg : 3)
Log in ဝင်လျှင် (3) ကြိမ်ထိဝင်နိုင်သည်။ (0) ထားလျှင် Account Lockout လုပ်တော့မည်မဟုတ်ပါ။
* Security တင်းကြပ်ရန်သုံးသည်။ အိမ်သုံးအတွက်မလိုအပ်ပါ။
3 . Reset Account Lockout Counter After
Account ကို Lockout မလုပ်ခင် မှားရိုက်သောအခါ နှစ်ခုကြားထဲမှ အချိန်ကို ဆိုလိုသည်။ 1 to 99999
မိနစ်ထိပေးနိုင်သည်။ Reset Account Lockout Counter After နှင့် Account Lockout Duration သည်
Account Lockout Threshold ကို သတ်မှတ်ပေးမှ ပေးလို့ရသော Policy များဖြစ်သည်။

ချက်ချင်းနားမလည်နိုင်ခဲ့ရင် စိတ်မပျက်ပါနဲ့ လက်တွေ့ပြုလုပ်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
စေတနာဖြင့်
မိုး Rate this posting:
{[['']]}

Group Policy Editor အကြောင်း အပိုင်း (၁)

Group Policy Editor ကို တစ်စုံတစ်ခု မှားယွင်း စွာပြုပြင်မိလျှင် Operating System ကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ အစိတ်အပိုင်းအချို ့ ပျောက်နေခြင်း၊ Operating System လုံးဝမတက်တော့ခြင်းတို့ ဖြစ်တတ်သည်။

Group Policy Editor ဖွင့်နည်း
Start >> Run >> gpedit.msc သို့ အဆင့်ဆင့် ဝင်ပါ။

ကဲ Group Policy ထဲမှ ပထမဆုံး Password Policy လေးကို လေ့လာကြည့်ရအောင်နော်။
Computer Configuration ကို D-Cli နှိပ်ပါ။ Window Settings >> Security Settings >> Account Policies >> Password Policy ကို အဆင့်ဆင့်သွားပါ။

1 . Enforce Password History = Password အဟောင်းပြန်မပေးရန် တင်းကြပ်ထားသော Policy
* Enable လုပ်ထားလျှင် ပေးခဲ့ပြီးသော Password များကို အများဆုံး ၂၄ ခုထိ မှတ်ထားပေးသည်။

2 . Maximum Password Age = Password ကို ရက်သတ်မှတ်ပြီးပြောင်းရသော Policy
* Maximum Security Network - 45 ရက်မှ ရက် 90 အတွင်း ပြောင်းရန်။
High Security Network - 14 ရက်မှ 45 ရက်အတွင်း ပြောင်းရန်။
(မှတ်ချက် ။ ။ Internet ဆိုင်များတွင် သုံးရန်၊ တစ်ကိုယ်ရေသုံး Computer များတွင် အသုံးပြုရန်မလိုပါ။)

3 . Minimum Password Age = Password တစ်ခုကို ရက်အနည်းဆုံး မည်မျှသုံးမည်ကို သတ်မှတ်ရန်
* Minimum Password Age သည် Maximum Password Age တွင် ပေးထားသောရက်ထက် ပိုမပေးရ။

4 . Minimum Password Age = Password အရေအတွက်သတ်မှတ်ရန်
* Password အရေအတွက်ကို အများဆုံး 14 လုံးထိသတ်မှတ်နိုင်သည်။

5 . Password must meet complexity requirements Properties = Password ကို
သတ်မှတ်ချက်အတိုင်း ပေးရန်။
* Password ကို User name ပေါ်မူတည်ပြီးမပေးရပါ။
* Characters အနည်းဆုံး 6 လုံးရှိရမည်။
* Characters များကို Uppercase Alphabet (eg: A, B, C, ..., Z)
Lowercase Alphabet (eg: a, b, c, ..., z)
Nonalphanumeric (!, @, #, ...) များဖြင့် ပေးရမည်။
(မှတ်ချက်။ ။ Security တင်းကြပ်ရန် သုံးသည်)

6 . Store Password Using Reversible Encryption all user in domain - Password ကို ပုံမှန်မဟုတ်ဘဲ
Fomulaတစ်မျိုးဖြင့် သိမ်းနည်း
* Enable လုပ်လျှင် Remote Access Service နှင့် Internet Information Service တို့ လိုအပ်သည်။


မှတ်ချက် း D-Cli ဆိုသည်မှာ Double Click (နှစ်ချက်မြန်မြန်နှိပ်ခြင်း) ကိုဆိုလိုသည်။

အပိုင်း(၂)မှာ ဆက်လက်လေ့လာကြပါလို့ ...
မိုး Rate this posting:
{[['']]}

Friday, March 23, 2012

Avira 2012 (Free Antivirus Software)


Avira Antivirus Software 2012 လေးပါ။ နိုင်ငံရပ်ခြားရောက်နေတဲ့ မိတ်ဆွေတွေအတွက် တင်ပေးလိုက်တာပါ။ မိုးရဲ့ website လေးက အများအတွက် အများကြီး အကျိုးမပြုရင်တောင် နည်းနည်းလေး အကျိုးပြုရင် မိုးကျေနပ်ပါတယ်။ ကဲ အောက်က download ကနေ download လုပ်နိုင်ပါပြီ။ အဆင်မပြေမှုရှိရင် Email ဖြင့် ပြန်လည် တောင်းဆိုနိုင်ပါတယ်။








Download

Rate this posting:
{[['']]}

Wednesday, March 21, 2012

OS အမျိုးအစားများ (for XP and 7)

မိုးတို့သုံးနေတဲ့ Operating System တွေကို အောက်ပါအတိုင်း အမျိုးအစားများခွဲထားပါတယ်။ ဒီpostကို တင်ရတဲ့ရည်ရွယ်ချက်ကတော့ မိမိcomputerနှင့်ကိုက်ညီမဲ့ Operting System အမျိုးအစားကို ရွေးချယ်တတ်ရန် ရည်ရွယ်ပြီး တင်လိုက်ရတာပါ။

Windows XP Editionများ
Window XP Editionများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။
- Windows XP Starter
- Windows XP Home Edition
- Windows XP Professional Edition
- Windows XP Media Center Edition
- Windows XP Tablet Edition တွေဆိုပြီးရှိပါတယ်။

မှတ်ချက်။ ။ Prefessional နှင့် Home Edition ကတော့ အများသုံး OS တွေပါ။

Windows 7 Editionများ
Windows 7 အမျိုးအစား ၆မျိုးရှိပါတယ်။
- - Windows 7 Starter
- - Windows 7 Home Basic
- - Windows 7 Home Premium
- - Windows 7 Professional
- - Windows 7 Enterprise
- - Windows 7 Ultimate စတာတွေပဲ ဖြစ်ပါတယ်။

Windows 7 Starter
Windows 7 Starter ကို အသုံးပြုတာအရမ်းနည်းပါတယ်။ လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒီ version မှာ Aero user interface, DVD playback, Windows Media Center, Internet connection sharing တွေမရနိုင်ပါဘူး။ Domain system ကိုလဲ ဒီ version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ နောက် … အသုံးဝင်တဲ့ IIS Web Server ကိုလဲ သုံးလို့ရမှာ မဟုတ်ပါဘူး။ (Windows XP မှာလဲ IIS ပါပါတယ်။ များသောအားဖြင့်တော့ IIS သုံးချင်ရင် Windows Server versions တွေမှာပဲ သုံးတာများပါတယ်။ Windows 7 မှာလဲ IIS ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Web Developer တွေအတွက်တော့ သိပ်အသုံးဝင်မှာပါ။ Windows 7 Professional, Enterprise, Ultimate versions တွေမှာ IIS ပါဝင်ပါတယ်။) Windows 7 Starter edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ core ကတော့ unlimited ပါပဲ။ eg. Windows 7 version အားလုံးက dual core, quad core တို့ကို support လုပ်ပါတယ် …

Windows 7 Home Basic
Windows 7 Home Basic version တွေကို Emerging Market တွေလို့ဆိုတဲ့ ဖွံ.ဖြိုးစ နိုင်ငံတွေရဲ့ ဈေးကွက်မှာပဲတွေ့ရလေ့ ရှိပါတယ်။ ဒီ version မှာလဲ Aero user interface, DVD
playback, Windows Media Center, Internet connection sharing
တွေမရနိုင်ပါဘူး။
Domain system ကိုလဲ Home Basic version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess,
BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ IIS Web Server ကိုလဲ သုံးလို့ရမှာမဟုတ်ပါဘူး။
Windows 7 Home Basic edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ 32bit version မှာ memory 4GB ထိ အများဆုံးသုံးနိုင်ပြီးတော့ … 64bit version မှာ memory 8GB ထိ အများဆုံးသုံးနိုင်ပါတယ်….

Windows 7 Home Premium
Windows 7 Starter ကို လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့ကကွန်ပြူတာ အသစ်ထဲမှာ တစ်ခါတည်း ထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ (မြန်မာနိုင်ငံမှာ computer ကို licensed windows နဲ့ရောင်းတဲ့အခါ Home Premium version တွေနဲ့ပဲ ရောင်းတာများပါတယ်)။ Windows 7 Starter & Home Basics တွေနဲ့ မတူတဲ့အချက်က … Home Premium edition မှာ .. Windows Aero UI, DVD playback, Windows Media Center, Internet connection sharing, IIS Webserver တွေပါလာတာပါပဲ။ ဒါပေမဲ့ Domain ကိုတော့ Join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ 32bit version Windows 7 Home Premium က Memory 4GB ထိ အများဆုံး support လုပ်ပါတယ်။ 64bit version Windows 7 Home Premium က Memory 16GB ထိ အများဆုံး support လုပ်မှာဖြစ်ပါတယ်။ Windows 7 Home Premium က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Professional

Windows 7 Professional version မှာ Home Premium version မှာရတဲ့ Feature တွေအကုန်ရနိုင်ပါတယ်။ ဒါ့အပြင် Domain system ကိုလဲ join နိုင်မှာဖြစ်ပါတယ်။ EFS (Encryption File System), Remote Desktop Host စတာတွေလဲ ရပါတယ်။ သို့သော် … Enterprise
Feature တွေဖြစ်တဲ့ AppLocker, DirectAssess, BitLocker, BranchCache
စတာတွေ တော့ မရနိုင်ပါဘူး။
Windows 7 Professional က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Enterprise and Ultimate Editions

တကယ်တမ်းမှာတော့ ယေဘုံယျအားဖြင့် … Windows 7 Enterprise Edition နဲ့ Ultimate Edition ဟာအတူတူပါပဲ။ Windows 7 Ultimate Edition ကိုလက်လီအရောင်းတစ်ချို့ Computer ထုတ်လုပ်သူ တစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ ရရှိနိုင်ပါတယ်။ Windows 7 Enterprise Edition ကိုတော့ Microsoft’s volume licensing customer တွေအတွက်ပဲထုတ်ပေးပါတယ်။ Windows 7 Enterprise & Ultimate Editions တွေမှာ တခြား Windows 7 Editions တွေမှာရရှိနိုင်တဲ့ Feature တွေတင်မကပါဘူး … Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker,
Remote Desktop Host, BranchCache စတာတွေအပြင် Boot from VHD ကိုပါရနိုင်ပါတယ်။
Windows 7 Enterprise & Ultimate Editions တွေဟာ Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။
Note : MCTS ( Windows 7, 70-680 ) ဖြေမဲ့သူတွေအတွက် … 70-680 မှာ test လုပ်တဲ့
feature အများစုဟာ Enterprise & Ultimate Editions တွေက features တွေဖြစ်ပါတယ်။


www.mandalaygazette.com မှ မှီငြမ်းပြီး တင်ပြထားတာပါ။

မိုး Rate this posting:
{[['']]}

Notepad နှင့်ရေးထားသော Virusများ


Virus လေးတွေကို စမ်းချင်တဲ့ သူတွေအတွက် မိုးတင်ထားပေးလိုက်ပါတယ်။ မိုး website ကို အဓိက ဗဟုသုတတွေကို ပဲတင်ချင်တာပါ။ connection ကသိပ်မကောင်းတော့ software တွေကို အများကြီး မတင်ပေးနိုင်ဘူးလေ။ ကဲ Virus အသေးစားလေးတွေစမ်းရေးကြရအောင်နော်။ သူများကိုတော့သွားမနှောက်ယှက်ကြနဲ့နော်။ သိထားရုံပဲကောင်းပါတယ်။ တော်ကြာ မိုးကြောင့်သူများ ဒုက္ခရောက်သွားအုံးမယ်။နောက်တာနော်။ ကဲ virus ရေးနည်း (10) မျိုးကို လေ့လာကြည့်ရအောင်နော်။
(1) နှောက်ယှက်ပုံ (သင့် CD Drive ကိုဆက်တိုက်ဖွင့်နေပါလိမ့်မယ်။ ဖွင့်လိုက်ပိတ်လိုက်ပေါ့။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

Set oWMP = CreateObject("WMPlayer.OCX.7")
Set colCDROMs = oWMP.cdromCollection
do
if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
End If
wscript.sleep 5000
loop


(2) နှောက်ယှက်ပုံ (Caps Lock ကိုဆက်တိုက်ဖွင့်လိုက်ပိတ်လိုက်လုပ်နေပါလိမ့်မယ်။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
loop



(3) နှောက်ယှက်ပုံ (ဒါလေးကသင့်ကွန်ပြူတာကို message ပေးပြီး shutdown ကျသွားစေပါတယ်။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@echo off
msg * I don't like you
shutdown -c "Error! You are too stupid!" -s


(4) နှောက်ယှက်ပုံ (Enter key ကိုဆက်တိုက်နှိပ်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "~(enter)"
loop


(5) နှောက်ယှက်ပုံ (CMD နဲ့Notepad တွေရပ်မရအောင်ဆက်တိုက်ဖွင့်တာလေးပါ။ ဒါလေးကနဲနဲလေး ဆိုးတယ်နော်။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@echo off
:A
start cmd
start notepad
goto :A



(6) နှောက်ယှက်ပုံ (Backspace တိုက်ပွင့်နေမှာပါ။သင်စာရိုက်လို့မရအောင် နှောက်ယှက်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

MsgBox "Let's go back a few steps"
Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{bs}"
loop


(7) နှောက်ယှက်ပုံ (သင့် keyboard လေးကိုဟက်ပြီး သင်ဟာအရူးဆိုပြီးသင်စာရိုက်တိုင်းပေါ်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.vbs) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။


Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop


(8) နှောက်ယှက်ပုံ (Notepad ကိုဆက်တိုက်ပွင့်နေမှာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@ECHO off
:top
START %SystemRoot%system32notepad.exe
GOTO top


(9) နှောက်ယှက်ပုံ (ေအာက်ကဖြစ်စဉ်တွေကိုလုပ်ပေးမယ့် program လေးပါ။ပေးလာမယ့် မက်ဆေ့တွေကကျွန်တော်ထင် သလိုရှောက်ရေးထားတာပါ။)
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

1: Shutdown
2: Restart
3: Wipes out your hard drive (BEWARE)
4: Net send
5: Messages then shutdown
code:

@echo off
title The end of the world
cd C:
:menu
cls
echo I take no responsibility for your actions. Beyond this point it is you that has the power to kill yourself. If you press 'x' then your PC will be formatted. Do not come crying to me when you fried your computer or if you lost your project etc...
pause
echo Pick your poison:
echo 1. Die this way (Wimp)
echo 2. Die this way (WIMP!)
echo 3. DO NOT DIE THIS WAY
echo 4. Die this way (you're boring)
echo 5. Easy way out
set input=nothing
set /p input=Choice:
if %input%==1 goto one
if %input%==2 goto two



(10) Lighting .bat

သင့် မော်နီတာဟာဘာမှ မမြင်ရပဲ လင်းလက်နေတဲ့ ဖန်သားပြင်ကိုသာမြင်ရမှာပါ။
ဒီ Code လေးကို copy ကူးလိုက်ပါ။ ပြီးရင် Window ထဲက Notepad လေးထဲမှာ (file name.bat) ဖြင့် Save လုပ်လိုက်ပါ။ file name နေရာတွင် နှစ်သက်ရာ နာမည်ကိုပေးနိုင်သည်။

@echo off
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg

သင်ပြန်ထွက်ချင်ရင် CTRL-ALT-DELETE နဲ့ပြန်ထွက်လိုက်ပါ။
အောက်ကကုတ်ဆိုရင် အဲဒါနဲ့မရပါ။ Ctrl+Shirt+Esc နဲ့ရမယ်။
@echo off
:a
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg
goto a

ကဲအပျော်တမ်း virus လေးတွေရေးပြီး ပျော်ရွှင်နိုင်ပါစေ။

မိုး
Rate this posting:
{[['']]}

Adobe Premier 6.5


ဒီ Software လေးကတော့ Video Editing လုပ်မယ့်သူ တွေအတွက်ပါ။ မိုးမိတ်ဆွေတစ်ယောက်က တောင်းဆိုလို့ Connection လဲကောင်းလို့ တင်ပေးလိုက်ပါတယ်။ Download ကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။






Download Rate this posting:
{[['']]}

Wednesday, March 14, 2012

Start Blog

မိုးရဲ့ Blog လေးကို Blogger ရေစီးကြောင်းထဲ မြောမသွားချင်လို့၊ Professional site တစ်ခုဖြစ်အောင် Hardware ပိုင်းနဲ့ Blog ပိုင်းလေးကို မိုးရွေးချယ်လိုက်ရပါတယ်။ ဒီ post လေးကတော့ Blog အတွက် ပထမဆုံး သော Post လေးပါ။ Blogger ဖြစ်ချင်သူတွေအတွက် ရည်စူးပြီး တင်ပေးလိုက်ရပါတယ်။

Blog တစ်ခုကို အကောင်းဆုံးရေးဖို့အတွက် Google က ပေးထားတဲ့ www.blogger.com လေးကို မိုးရွေးချယ်လိုက်ပါတယ်။ ဘာကြောင့်ရွေးချယ်ရလဲဆိုရင် သုံးရတာ လွယ်ကူတယ်၊ domain name ပြောင်းရလွယ်ကူတယ်။ ဒါကြောင့်မိုးအကြိုက်ဆုံးကိုရွေးချယ်လိုက်ရပါတယ်။

Sign in ပုံ(၁)
Blog ရေးဖို့ www.blogger.com ကိုရိုက်ပြီးဝင်လိုက်ပါ။ ပြီးရင် Get Started ကိုနှိပ်ပါ။













ပုံ (၁)














ပုံ (၂)
Form လေးဖြည့်ရအောင်နော် ပုံ (၂)
Email Address .......................... (Email လိပ်စာ)
Retype Email Address .................................. ( Email လိပ်စာကို နောက်တစ်ခေါက်ထပ်ရေးပါ)
Enter a password ............................... (Email password ကို ရိုက်ထည့်ပေးရပါမယ်)
Retype password ............................... (Password ကို နောက်တစ်ခေါက်ထပ်ရိုက်ပါ)
Display name .................................. ( Website ပေါ်မယ့်နာမည်လေးပါ၊ နှစ်သက်ရာပေးနိုင်ပါတယ်)
Email notification လေးကို အမှန်ခြစ်ပေးခဲ့ပါ။
Gender .................................... ( Male or Female ရွေးပေးပါ)
Birthday .................................. (မွေးနေ့ကို ရိုက်ပေးပါ)
Word Verification ............................ (ဒါကတော့ သူပေးထားတဲ့ စကားလုံးလေးကို သေချာမှန်ကုန်စွာရိုက်ပါ)
Acceptance of Terms ကို အမှန်ခြစ်ပေးခဲ့ပါ။
Continue ကိုနှိပ်ပါ။

Title and Address ပုံ(၃)

1. ဒါကတော့ မိမိရေးမယ့် Blog ရဲ့ Title လေးပါ။ ဒါကအရေးကြီးတယ်နော်။ ကိုယ်ဘာအကြောင်းအရာရေးမယ်ဆိုတာကို သေချာရွေးချယ်သင့်တယ်။ မိုးကတော့ နည်းပညာအကြောင်းရေးမှာမို့ PC Knowledge လို့ပဲပေးလိုက်ပါတယ်။
2. ဒါလဲအရေးကြီးတယ်နော်။ ကိုယ့်ရဲ့ Blog လိပ်စာလေးပါ။ လိပ်စာကို အများမှတ်မိလွယ်တဲ့ နာမည်ကို ရွေးချယ်ပေးပါ။ စာလုံးပေါင်းလွယ်ကူရာကို ရွေးချယ်ပေးပါ။
၃. ဒါကတော့ သူပေးထားတဲ့စကားလုံးတွေကို မှန်ကန်အောင်ရိုက်ပေးပါ။

















ပုံ (၃)

ကဲ ခုတော့ Blog တစ်ခုကိုစရေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဆက်လက်ပြီး လေ့လာပေးပါရန်....................

လေးစားစွာဖြင့်
မိုး Rate this posting:
{[['']]}

Monday, March 12, 2012

Browser တွင် password auto ပေါ်နေလျှင် ဖြေရှင်းနည်း


မိုးရဲ့ မိတ်ဆွေတစ်ယောက်က facebook password auto ပေါ်နေလို့ ဘယ်လိုဖြေရှင်းရမလဲဆိုလို့ အခြားသော မိတ်ဆွေများအတွက်ပါ တစ်ခါတည်း မိုးတင်ပေးလိုက်ပါတယ်။ email password, facebook password, ... password တွေ auto မပေးထားပဲ ပေါ်နေရင် Browser မှာ Temporary file, Cookeis တွေများနေလို့ပါ။ အကောင်းဆုံး နည်းလမ်းကတော့ CC Cleaner နဲ့ရှင်းပြီး ပြန်ဖွင့်လိုက်ပါ။ အောက်မှာ CC Cleaner ကို တင်ပေးလိုက်ပါတယ်။


download Rate this posting:
{[['']]}

Sunday, March 11, 2012

HTML အခြေခံစာအုပ်

Link
Website ရေးမယ်လို့ ဆုံးဖြတ်ထားရင် အနည်းဆုံး Language (၃)ခုကို တော့ တတ်ထားသင့်ပါတယ်။

(1) HTML
(2) CSS
(3) Java Script

ဒီစာအုပ်လေးကတော့ HTML ကို အခြေခံမှစပြီး လေ့လာဖို့ အတွက် တင်ပေးလိုက်ပါတယ်။
အောက်က download လေးကိုနှိပ်ပြီး download လုပ်လိုက်ပါနော်။


download Rate this posting:
{[['']]}

Saturday, March 10, 2012

ဘယ်ခါဆယ်၍ရမလဲ

• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊။

ရေး - မင်းသုဝဏ်
Rate this posting:
{[['']]}

Wednesday, February 29, 2012

Mozilla Firefox 7.0.1 Software


ဒါကတော့ Mozilla Firefox 7.0.1 Browser လေးပါ။Link
















Download
Rate this posting:
{[['']]}

GOM Player


ဒါကတော့ VCD, DVD အပြင် Format တော်တော်များများကို ဖွင့်လို့ရတဲ့ Player လေးပါ။ အသုံးဝင်မယ်ထင်လို့
မိုး တင်ထားပေးတာပါ။










Download Rate this posting:
{[['']]}

Computer ပြဿနာ အမေးအဖြေစာအုပ်


ဒီစာအုပ်လေးကတော့ ပုံထဲကအတိုင်းပေါ့။

Computer ပြဿနာတွေကို ပြေလည်

အောင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အမေးအဖြေနဲ့

ရေးထားတာပါ။ မိုး online ပေါ်ကရှာတွေ့ထားတာပါ။




Download Rate this posting:
{[['']]}

Picasa38 Software


ဒါကတော့ Internet ကနေ ဓါတ်ပုံပို့ချင်သူတွေအတွက်ပါ။

Gmail ထက်မြန်တယ်နော်။ စမ်းပို့ကြည့်လိုက်ပေါ့။

မိုးအမြဲသုံး တဲ့ Software လေးပါ။ အောက်က

Dowload လေးကို Click နှိပ်လိုက်ပါ။


Download Rate this posting:
{[['']]}

Alphazawgyi မြန်မာ Font


နိုင်ငံခြားရောက် မြန်မာများအတွက် မြန်မာ Font လေး

အလွယ်တကူရရန်တင်ပေးလိုက်ပါတယ်နော်။

အောက်က download လေးကို click နှိပ်ပြီး download

လုပ်နိုင်ပါတယ်။


download Rate this posting:
{[['']]}

Monday, February 27, 2012

HaHaHa Gtalk Virus သတ်နည်း


http://bit.ly/zgkSep?Facebook.com-IMG12..........JPG (သတိ လုံးဝမနှိပ်ရ)

Gtalkမှာ အပေါ်ကမြင်နေရတဲ့ Link မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင် gtalk ဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီ Virus Link တွေလျှောက်ပို့နေတော့မှာဖြစ်ပါတယ်..

hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီ Link လေးက Virus ပါ။ လုံးဝကိုမဖွင့်ပါနဲ့ Software ရှိခဲ့ရင် Auto သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။ အကယ်၍ Gtalk ဖွင့်ထားမယ်ဆိုရင် သူငယ်ချင်းတွေကို မိမိမပို့ဘဲ သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ မိမိကိုယုံကြည်တဲ့ သူငယ်ချင်းများက (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် Gtalk မှတစ်ဆင့် Virus ကူးစပ်သွားပါမယ်။
Virus သတ်နည်းလေးကတော့ ...........
အောက်မှာပေးထားတဲ့ Malwarebytes လေးကို download လုပ်လိုက်ပါ။

download

၁.. desktop မှာ Save ပါ။
၂..ပြီးလျှင် R- Click မှ Install လုပ်ပါ။
၃..ပြီးလျှင် Computer ကို ပိတ်လိုက်ပါ။ ပြီးလျှင်
၄..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..Computer ကို Restartချပါ။ ပြန်တက်လာလျှင်...Anti Maleware ကို ပြန်ပြီး Scan နှစ်ကြိမ် ဖတ်လိုက်ပါ။ ပေါ်လာသမျှ Malewareတွေကို အကုန် သတ်လိုက်ပါ။
ပြီးသွားပါပြီ။ ကဲဒီလိုဆိုရင် ဟဟဟ ဗိုင်းရပ် မတွေ့နိုင်တော့ပါဘူး။ နောက်နောင် သူများ ပို့လာခဲ့လျှင်..လက်ခံ ရရှိခဲ့လျှင် စဉ်းစားပြီးမှ ဖွင့်ပါလို့ ပြောလိုက်ချင်ပါတယ်။


မိုး
Rate this posting:
{[['']]}

သင်္ကြန်ဆိုတာငါနဲ့မဆိုင်သလိုပါပဲနော်

တာသင်္ကြန်မှာ လူတွေ ဟိုသွားဒီသွား ပျော်လိုက်ကြတာ

ကြည့်နေရင်းနဲ့ ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါမပျော်ခဲ့…..

သင်္ကြန်မိုးလေးရဲ့ ပျိုးထောင်မှုကြောင့်ရလာတဲ့ မြေသင်းနံ့နဲ့ပိတောက်နံ့လေးတွေလဲ မွှေးရင်းနဲ့ကို

ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါမပျော်ခဲ့…..

ရေပက်ခံသူတွေကိုကြည့်ပြီး ငါကိုယ်တိုင်ရေစိုနေသလို ခံစားလာရရင်း

ပျော်လာသလိုနဲ့ တကယ်တမ်းတော့ ငါ့ကိုယ်မှာ ခြောက်သွေ့နေမှန်းသိခဲ့ရမှ ငါမပျော်ခဲ့…..

ရေပက်သူတွေကိုကြည့်ပြန်တော့လဲ ကိုယ်တိုင်ဝင်ပက်နေရသလိုနဲ့ ပျော်လာသလိုနဲ့ ငါမပျော်ခဲ့…..

အထီးကျန်စွာ မျက်ရည်တွေကိုအဖော်ပြုရင်း ဒီနှစ်သင်္ကြန်လဲ ကုန်သွားအုံးမယ်ထင်တယ်နော်…..

“ပိတောက်ဝါရွှေ၊ သင်္ကြန်ရေအေး၊ မြေသင်းနံ့ထူး၊ လတန်ခူးလဲ

ငါနဲ့မဆိုင်သလိုပါပဲနော်”

2011 သင်္ကြန်အမှတ်တရ

မိုး
Rate this posting:
{[['']]}

Sunday, February 26, 2012

နွေဝေဒနာ

သရက်ကင်းတွေလည် မြက်ခင်းမှာကြွေပြီခင်။
နွေလေပူတစ်ချက်သုတ်လေတော့ အရွက်ပြုတ်သရက်ပင်။
ချစ်သူမေ့ပြီလား .....
အရွက်နုစဉ်က မောင့်ဥယျာဉ်သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလဲ
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ သရက်ကင်းနဲ့မှ ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့ နေ့တိုင်းပင် ဘိုစာမက်ပါလို့ အနောက်ဟန် ဖောက်ပြန်ဖျက်လေတော့
မောင့်သရက်သူမမင် မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလဲ ..... အချစ်ရယ်.....မေ့လောက်ပြီပေါ့.....


ရေးသူ
အမည်မသိ
Rate this posting:
{[['']]}

Thursday, January 19, 2012

Win Rar Unlocker


ဒါကတော့ အချို့ Win Rar Software တွေ မှာ Password ခံထားရင် ဖြုတ်နိုင်တဲ့ Software လေးပါ။ download အားလုံးအဆင်ပြေကြပါစေလို့
မိုး Rate this posting:
{[['']]}

Sunday, January 1, 2012

OS အမျိုးအစားများ (for XP and 7)

မိုးတို့သုံးနေတဲ့ Operating System တွေကို အောက်ပါအတိုင်း အမျိုးအစားများခွဲထားပါတယ်။ ဒီpostကို တင်ရတဲ့ရည်ရွယ်ချက်ကတော့ မိမိcomputerနှင့်ကိုက်ညီမဲ့ Operting System အမျိုးအစားကို ရွေးချယ်တတ်ရန် ရည်ရွယ်ပြီး တင်လိုက်ရတာပါ။

Windows XP Editionများ
Window XP Editionများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။
- Windows XP Starter
- Windows XP Home Edition
- Windows XP Professional Edition
- Windows XP Media Center Edition
- Windows XP Tablet Edition တွေဆိုပြီးရှိပါတယ်။

မှတ်ချက်။ ။ Prefessional နှင့် Home Edition ကတော့ အများသုံး OS တွေပါ။

Windows 7 Editionများ
Windows 7 အမျိုးအစား ၆မျိုးရှိပါတယ်။
- - Windows 7 Starter
- - Windows 7 Home Basic
- - Windows 7 Home Premium
- - Windows 7 Professional
- - Windows 7 Enterprise
- - Windows 7 Ultimate စတာတွေပဲ ဖြစ်ပါတယ်။

Windows 7 Starter
Windows 7 Starter ကို အသုံးပြုတာအရမ်းနည်းပါတယ်။ လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒီ version မှာ Aero user interface, DVD playback, Windows Media Center, Internet connection sharing တွေမရနိုင်ပါဘူး။ Domain system ကိုလဲ ဒီ version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ နောက် … အသုံးဝင်တဲ့ IIS Web Server ကိုလဲ သုံးလို့ရမှာ မဟုတ်ပါဘူး။ (Windows XP မှာလဲ IIS ပါပါတယ်။ များသောအားဖြင့်တော့ IIS သုံးချင်ရင် Windows Server versions တွေမှာပဲ သုံးတာများပါတယ်။ Windows 7 မှာလဲ IIS ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Web Developer တွေအတွက်တော့ သိပ်အသုံးဝင်မှာပါ။ Windows 7 Professional, Enterprise, Ultimate versions တွေမှာ IIS ပါဝင်ပါတယ်။) Windows 7 Starter edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ core ကတော့ unlimited ပါပဲ။ eg. Windows 7 version အားလုံးက dual core, quad core တို့ကို support လုပ်ပါတယ် …

Windows 7 Home Basic
Windows 7 Home Basic version တွေကို Emerging Market တွေလို့ဆိုတဲ့ ဖွံ.ဖြိုးစ နိုင်ငံတွေရဲ့ ဈေးကွက်မှာပဲတွေ့ရလေ့ ရှိပါတယ်။ ဒီ version မှာလဲ Aero user interface, DVD
playback, Windows Media Center, Internet connection sharing
တွေမရနိုင်ပါဘူး။
Domain system ကိုလဲ Home Basic version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess,
BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ IIS Web Server ကိုလဲ သုံးလို့ရမှာမဟုတ်ပါဘူး။
Windows 7 Home Basic edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ 32bit version မှာ memory 4GB ထိ အများဆုံးသုံးနိုင်ပြီးတော့ … 64bit version မှာ memory 8GB ထိ အများဆုံးသုံးနိုင်ပါတယ်….

Windows 7 Home Premium
Windows 7 Starter ကို လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့ကကွန်ပြူတာ အသစ်ထဲမှာ တစ်ခါတည်း ထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ (မြန်မာနိုင်ငံမှာ computer ကို licensed windows နဲ့ရောင်းတဲ့အခါ Home Premium version တွေနဲ့ပဲ ရောင်းတာများပါတယ်)။ Windows 7 Starter & Home Basics တွေနဲ့ မတူတဲ့အချက်က … Home Premium edition မှာ .. Windows Aero UI, DVD playback, Windows Media Center, Internet connection sharing, IIS Webserver တွေပါလာတာပါပဲ။ ဒါပေမဲ့ Domain ကိုတော့ Join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ 32bit version Windows 7 Home Premium က Memory 4GB ထိ အများဆုံး support လုပ်ပါတယ်။ 64bit version Windows 7 Home Premium က Memory 16GB ထိ အများဆုံး support လုပ်မှာဖြစ်ပါတယ်။ Windows 7 Home Premium က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Professional

Windows 7 Professional version မှာ Home Premium version မှာရတဲ့ Feature တွေအကုန်ရနိုင်ပါတယ်။ ဒါ့အပြင် Domain system ကိုလဲ join နိုင်မှာဖြစ်ပါတယ်။ EFS (Encryption File System), Remote Desktop Host စတာတွေလဲ ရပါတယ်။ သို့သော် … Enterprise
Feature တွေဖြစ်တဲ့ AppLocker, DirectAssess, BitLocker, BranchCache
စတာတွေ တော့ မရနိုင်ပါဘူး။
Windows 7 Professional က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။

Windows 7 Enterprise and Ultimate Editions

တကယ်တမ်းမှာတော့ ယေဘုံယျအားဖြင့် … Windows 7 Enterprise Edition နဲ့ Ultimate Edition ဟာအတူတူပါပဲ။ Windows 7 Ultimate Edition ကိုလက်လီအရောင်းတစ်ချို့ Computer ထုတ်လုပ်သူ တစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ ရရှိနိုင်ပါတယ်။ Windows 7 Enterprise Edition ကိုတော့ Microsoft’s volume licensing customer တွေအတွက်ပဲထုတ်ပေးပါတယ်။ Windows 7 Enterprise & Ultimate Editions တွေမှာ တခြား Windows 7 Editions တွေမှာရရှိနိုင်တဲ့ Feature တွေတင်မကပါဘူး … Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker,
Remote Desktop Host, BranchCache စတာတွေအပြင် Boot from VHD ကိုပါရနိုင်ပါတယ်။
Windows 7 Enterprise & Ultimate Editions တွေဟာ Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။
Note : MCTS ( Windows 7, 70-680 ) ဖြေမဲ့သူတွေအတွက် … 70-680 မှာ test လုပ်တဲ့
feature အများစုဟာ Enterprise & Ultimate Editions တွေက features တွေဖြစ်ပါတယ်။


www.mandalaygazette.com မှ မှီငြမ်းပြီး တင်ပြထားတာပါ။

မိုး

Rate this posting:
{[['']]}

Twitter Facebook More