
ဒါကတော့ အချို့ Win Rar Software တွေ မှာ Password ခံထားရင် ဖြုတ်နိုင်တဲ့ Software လေးပါ။ download အားလုံးအဆင်ပြေကြပါစေလို့
မိုး Rate this posting:
နည်းပညာများကို မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။
Computer နဲ့ ပတ်သက်ပြီး Registryအကြောင်း၊ ပြုပြင်နည်းများ၊ windowပိုင်းဆိုင်ရာ ပြုပြင်ချက်များ၊ ပြုပြင်ထိန်းသိမ်းမှုများကို စုစည်းဖော်ပြပေးထားပါတယ်
Computer, Mobile Phone and Networking တို့ နှင့် ပတ်သက်သော စာအုပ်များ၊ Error ဖြေရှင်းနည်း စာအုပ်များ၊ Programming စာအုပ်များ၊ Hacking ဆိုင်ရာ ကောင်းနိုးရာရာ စာအုပ်များ၊ Security ဆိုင်ရာ စာအုပ်များ
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

မိုးတို့သုံးနေတဲ့ Operating System တွေကို အောက်ပါအတိုင်း အမျိုးအစားများခွဲထားပါတယ်။ ဒီpostကို တင်ရတဲ့ရည်ရွယ်ချက်ကတော့ မိမိcomputerနှင့်ကိုက်ညီမဲ့ Operting System အမျိုးအစားကို ရွေးချယ်တတ်ရန် ရည်ရွယ်ပြီး တင်လိုက်ရတာပါ။
Windows XP Editionများ
Window XP Editionများကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။
- Windows XP Starter
- Windows XP Home Edition
- Windows XP Professional Edition
- Windows XP Media Center Edition
- Windows XP Tablet Edition တွေဆိုပြီးရှိပါတယ်။
မှတ်ချက်။ ။ Prefessional နှင့် Home Edition ကတော့ အများသုံး OS တွေပါ။
Windows 7 Editionများ
Windows 7 အမျိုးအစား ၆မျိုးရှိပါတယ်။
- - Windows 7 Starter
- - Windows 7 Home Basic
- - Windows 7 Home Premium
- - Windows 7 Professional
- - Windows 7 Enterprise
- - Windows 7 Ultimate စတာတွေပဲ ဖြစ်ပါတယ်။
Windows 7 Starter
Windows 7 Starter ကို အသုံးပြုတာအရမ်းနည်းပါတယ်။ လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒီ version မှာ Aero user interface, DVD playback, Windows Media Center, Internet connection sharing တွေမရနိုင်ပါဘူး။ Domain system ကိုလဲ ဒီ version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ နောက် … အသုံးဝင်တဲ့ IIS Web Server ကိုလဲ သုံးလို့ရမှာ မဟုတ်ပါဘူး။ (Windows XP မှာလဲ IIS ပါပါတယ်။ များသောအားဖြင့်တော့ IIS သုံးချင်ရင် Windows Server versions တွေမှာပဲ သုံးတာများပါတယ်။ Windows 7 မှာလဲ IIS ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Web Developer တွေအတွက်တော့ သိပ်အသုံးဝင်မှာပါ။ Windows 7 Professional, Enterprise, Ultimate versions တွေမှာ IIS ပါဝင်ပါတယ်။) Windows 7 Starter edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ core ကတော့ unlimited ပါပဲ။ eg. Windows 7 version အားလုံးက dual core, quad core တို့ကို support လုပ်ပါတယ် …
Windows 7 Home Basic
Windows 7 Home Basic version တွေကို Emerging Market တွေလို့ဆိုတဲ့ ဖွံ.ဖြိုးစ နိုင်ငံတွေရဲ့ ဈေးကွက်မှာပဲတွေ့ရလေ့ ရှိပါတယ်။ ဒီ version မှာလဲ Aero user interface, DVD
playback, Windows Media Center, Internet connection sharing
တွေမရနိုင်ပါဘူး။ Domain system ကိုလဲ Home Basic version သုံးထားရင် join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess,
BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ IIS Web Server ကိုလဲ သုံးလို့ရမှာမဟုတ်ပါဘူး။ Windows 7 Home Basic edition မှာ Physical Processor (CPU) တစ်လုံးပဲ တပ်လို့ရပါတယ်။ 32bit version မှာ memory 4GB ထိ အများဆုံးသုံးနိုင်ပြီးတော့ … 64bit version မှာ memory 8GB ထိ အများဆုံးသုံးနိုင်ပါတယ်….
Windows 7 Home Premium
Windows 7 Starter ကို လက်လီအရောင်းတစ်ချို့နဲ့ ကွန်ပြူတာထုတ်လုပ်သူတစ်ချို့ကကွန်ပြူတာ အသစ်ထဲမှာ တစ်ခါတည်း ထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ (မြန်မာနိုင်ငံမှာ computer ကို licensed windows နဲ့ရောင်းတဲ့အခါ Home Premium version တွေနဲ့ပဲ ရောင်းတာများပါတယ်)။ Windows 7 Starter & Home Basics တွေနဲ့ မတူတဲ့အချက်က … Home Premium edition မှာ .. Windows Aero UI, DVD playback, Windows Media Center, Internet connection sharing, IIS Webserver တွေပါလာတာပါပဲ။ ဒါပေမဲ့ Domain ကိုတော့ Join နိုင်မှာမဟုတ်ပါဘူး။ Enterprise Feature တွေဖြစ်တဲ့ Encryption File System (EFS), AppLocker, DirectAccess, BitLocker, Remote Desktop Host, BranchCache စတာတွေလဲမရနိုင်ပါဘူး။ 32bit version Windows 7 Home Premium က Memory 4GB ထိ အများဆုံး support လုပ်ပါတယ်။ 64bit version Windows 7 Home Premium က Memory 16GB ထိ အများဆုံး support လုပ်မှာဖြစ်ပါတယ်။ Windows 7 Home Premium က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။
Windows 7 Professional
Windows 7 Professional version မှာ Home Premium version မှာရတဲ့ Feature တွေအကုန်ရနိုင်ပါတယ်။ ဒါ့အပြင် Domain system ကိုလဲ join နိုင်မှာဖြစ်ပါတယ်။ EFS (Encryption File System), Remote Desktop Host စတာတွေလဲ ရပါတယ်။ သို့သော် … Enterprise
Feature တွေဖြစ်တဲ့ AppLocker, DirectAssess, BitLocker, BranchCache
စတာတွေ တော့ မရနိုင်ပါဘူး။ Windows 7 Professional က Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။
တကယ်တမ်းမှာတော့ ယေဘုံယျအားဖြင့် … Windows 7 Enterprise Edition နဲ့ Ultimate Edition ဟာအတူတူပါပဲ။ Windows 7 Ultimate Edition ကိုလက်လီအရောင်းတစ်ချို့ Computer ထုတ်လုပ်သူ တစ်ချို့က ကွန်ပြူတာအသစ်ထဲမှာ တစ်ခါတည်းထည့်ပေးလိုက်တဲ့ အခါမျိုးတွေမှာ ရရှိနိုင်ပါတယ်။ Windows 7 Enterprise Edition ကိုတော့ Microsoft’s volume licensing customer တွေအတွက်ပဲထုတ်ပေးပါတယ်။ Windows 7 Enterprise & Ultimate Editions တွေမှာ တခြား Windows 7 Editions တွေမှာရရှိနိုင်တဲ့ Feature တွေတင်မကပါဘူး … Enterprise Feature တွေဖြစ်တဲ့ … Encryption File System (EFS), AppLocker, DirectAccess, BitLocker,
Remote Desktop Host, BranchCache စတာတွေအပြင် Boot from VHD ကိုပါရနိုင်ပါတယ်။ Windows 7 Enterprise & Ultimate Editions တွေဟာ Physical Processors 2လုံးထိ support လုပ်ပေးနိုင်ပါတယ်။
Note : MCTS ( Windows 7, 70-680 ) ဖြေမဲ့သူတွေအတွက် … 70-680 မှာ test လုပ်တဲ့
feature အများစုဟာ Enterprise & Ultimate Editions တွေက features တွေဖြစ်ပါတယ်။
www.mandalaygazette.com မှ မှီငြမ်းပြီး တင်ပြထားတာပါ။
မိုး

iPhone ကို စပြီးတည်ထွင်ခဲ့တဲ့ Steve Jobs ဟာ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၅ရက်နေ့မှာ ကွယ်လွန် ခဲ့ပါတယ်။ သူ ကွယ်လွန်ပြီး မကြာခင်မှာဘဲ Appleက နာမည်ကြီး iPhone အတွက် နောက်ဆုံး ထုတ် လိုက်တဲ့ အမျိုးအစားက 4S ပါ။ ဒါကြောင့် iPhone 4S ကို iPhone for Steve ၊ Steve အတွက် iPhone လို့ သူ့ကို ချစ်မြတ်နိုးသူတွေက ခေါ်ကြပါတယ်။ ဒီ iphone 4S နဲ့ အလုပ်တော်တော်များများကို လုပ်နိုင် တယ်လို့ ရူပဗေဒ ပညာရှင် ဒေါက်တာ ဦတင်မောင်အေးက ပြောပါတယ်။
“ အကုန်လုံး တော်တော်များများ လုပ်နိုင်တယ်၊ camera resolutions ပိုကောင်းတယ်လေ၊--နောက် Voice commend လည်းပါတယ် ပါးစပ်နဲ့ ပြောပြီး၊ အမိန့်ပေးတာ။ နောက် applications အများကြီး လုပ်ထားတယ် တခြား iPhone တွေမှာတော့ ပါတော့ ပါတယ်၊ သူ့မှာကတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်အောင်ပေါ့လေ- GPS လည်းရှိတယ်ဆိုတော့ ကိုယ်က ဘယ်မှာလည်း ဆိုတာ ချက်ခြင်းရှာနိုင်တယ်၊ ယေဘူယျ အားဖြင့်တော့ လူတွေ အသုံးချနိုင်ဘို့တွေ အများကြီးထဲ့ပေးထားတယ်၊ email တိုက်ရိုက်ပို့လို့ရတယ်၊ နောက် ဗွီဒီယို ရိုက်လို့ရတယ် HD နဲ့ ပေါ့၊ နောက် အထဲမှာ တော်တော်လေးမြန်တဲ့ chips နှစ်ခုပါတယ်၊ dual core processor ဆိုတာ။ အဲ့ဒီနှစ်ခုပေါ့ သူတို့က တော်တော်မြန်မြန် data process လုပ်လို့ရတယ် ”
iphone 4 S က ပုံတွေက်ို rectina image လို့ ဘာလို့ ခေါ်တာပါလဲ
“retina (မျက်ကြည်လွှာ) ဆိုတာက resolution (ပုံရိပ်ပြတ်သားမှု) အကောင်းဆုံး detector (စူးစမ်းတဲ့ ကိရိယာ) အနေနဲ့ ပြောလို့ ရတယ်လေ၊ retina ရှိတာ မျက်စိမဟုတ်လား မျက်စိထဲမှာ ကင်မရာထဲက sensor တွေလိုဘဲ retina က detect key element လေးတွေ ရှိတယ်။ retina element ပေါ့လေ အဲ့ဒီကောင်လေးတွေက တော်တော်လေးကို သေးတယ်။ သေးတယ်ဆိုတော့ ဒီ မျက်စိနဲ့ ကြည့်လို့ရှိရင် မြင်ရသလိုဘဲ သူ့ ကင်မရာကလည်း ကောင်းတယ်၊ လူ့မျက်လုံးလောက်ကို အသေးစိတ် မြင်နိုင်တယ်”
ဒီဖုံးရဲ့ ပုံစံကရော ဘာထူးခြားပါသလဲ
“product (ပစ္စည်း) ရဲ့ structure (တည်ဆောက်ပုံ) ပိုကောင်းအောင်ပေါ့လေ။ ဘေးမှာ stainless steel (သံမဏိ) ထည့်ထားတော့ တော်ယုံတန်ယုံ မပျက်စီးနိုင်ဘူးပေါ့။ သုံးတဲ့ နေရာမှာ ကြမ်းကြမ်းတမ်းတမ်း သုံးလို့ ရတယ်။ အပေါ်မှာလည်း အကောင်းစါး ပလပ်စတစ် ထည့်ထားတယ် တော်ယုံတန်ယုံနဲ့ ကွေးကောက်မသွားဘူးပေါ့ ပြတဲ့ display မှာလည်း ပုံတွေပါတွေက ကြည့်လို့ ပို ကောင်းတယ်၊ နောက်ပြီး အရွယ်အရ ပိုပါးတယ်။ နောက်ပိုင်း အသစ်ထုတ်တာတွေက သူထက်ငါပိုပြီး သေးအောင် ပါးအောင် လုပ်ကြတာဘဲ “
ဖုံးသုံးသူက ပါးစပ်နဲ့ ခိုင်းလို့ ရတဲ့ စံနစ် Voice system (အသံစံနစ်) လည်းပါပါတယ်။
“ကို်ယ်ပြောတဲ့ စကားကို သူက နားလည်တဲ့ သဘော ခေါ်မှာပေါ့။ commend (အမိန့်ပေး) လုပ်လို့ ရတယ်။ ဥပမာ အားဖြင့် ကို်ယ်ရဲ့ အချိန်ဇယားကို ကြည့်လိုက်ပါ၊ ဘာကိုကြည့်ပါ။ ညာကိုကြည့်ပါ စသဖြင့် ကိုယ့်လုပ်ထားတာတွေကို ပါးစပ်နဲ့ ခိုင်းလို့ ရတယ်။ ဥပမာ လက်နဲ့ ဖုံးအပေါ်က icon လေးတွေကိုနှိပ်ပြီးမှ ရတာတွေကို ပါးစပ်နဲ့ ခိုင်းလို့ ရတယ်။ တချို့ ဟာတွေကိုပေါ့။ အကုန်လုံးတော ့ မဟုတ်ဘူး”
အီလက်ထရောနစ်လို့ ခေါ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို သုံးဘို့ စွမ်းအင် processing power အတွက် ဒီဖုံးမှာ ဘယ်လို တီထွင်ထားတယ်ဆိုတာ ကြည့်ရအောင်ပါ။
“သူက အင်ဂျင်ခေါ်မှာပေါ့ ကားတခုမှ အင်ဂျင်ကောင်းရင် ပါဝါကောင်းတာပေါ့။ သူက အင်ဂျင်အကြီးကြီးနဲ့ ပါဝါကောင်းတာမျိုး မဟုတ်ဘူး အထဲမှာ သေးသေးလေး။ အဲ့ဒါတွေကလည်း တီထွင်မူအသစ်လို့ ခေါ်ရမှာပေါ့။ နောက်ပြီးတော့ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ဆော့ဝဲ software ခေါ်မှာပေါ့ application ဆော့ဝဲပေါင်း ထောင်နဲ့ချီပြီး ပါတယ်။ အသုံးပြုနိုင်တာပေါ့။
ဥပမာ အားဖြင့် ဈေးသွားတဲ့အခါ တွက်တဲ့ဟာက စပြီး လေ့ကျင့် ခန်းယူရင် အစီအစဉ်လုပ်တာ၊ လူတိုင်းလူတိုင်း နေ့စဉ် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မှတ်သား ထားချင်တယ်ဆိုရင် သူ့မှာ application ဆော့ဝဲ တခုခုရှပြီးသား သွားပြီးယူလိုက်ယုံဘဲ”
၂၀၀ရ ခုနှစ် iPhone ကိုစပြီးတီထွင်ချိန်မှာ ပြိုင်ဘက်မရှိ ရှားခဲ့ပေမဲ့ အခုအချိန်မှာတော့ အပြိုင် အဆိုင်တွေ အများအပြား ရှိလာခဲ့ပါတယ်။ ဒီအထဲက Android က ထိပ်ဆုံးကပါ။
“Apple ရဲ့ပြိုင်ဘက် က Android။ ဘယ်သူက ထုတ်လည်းဆိုတော့ Goggle ကထုတ်တာ။ Apple သုံးတာက IOS 5 operating system သုံးတာ။ သူလည်း တော်တော်လေးတော့ မြန်တယ်”
အပြိုင် အဆိုင်တွေ ကြားမှာ ပဲ iPhone ဟာ ကမာ္ဘ့ အရောင်းရအသွက်ဆုံး ဖုံးတလုံးဖြစ်နေပြီး iPhone 4S ထွက်ထွက်ခြင်း နေ့မှာဘဲ အရောင်းဆိုင်တွေမှာ မှာယူသူ တသန်းကျော်သွားခဲ့ပါတယ်။ ဒီလို လူကြိုက်များ စေဘို့ အတွက် အသုံးတဲ့တဲ့ သင့်တဲ့ အချက်တွေကို စဉ်းစားပြီး ရွေးတီထွင်လေ့ ရှိတဲ့ Steve Jobs ရဲ့ တီထွင်မူတွေကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပါရစေ။
- Facebook မှ ကွဲကွာသွားသွား မိသားစုများ၊ သူငယ်ချင်းများကို ပြန်လည်တွေ့ရှိနိုင်ခြင်း
- ဓါတ်ပုံများ၊ ဗီဒီယိုများ၊ သီချင်း များနှင့် သတင်းများကို Share လုပ်ပေးနိုင်ခြင်း
Facebook အသုံးပြုနည်း
အဆင့် (၁) - Signup
အဆင့် (၂) – Find Friends
အဆင့် (၃) – Profile Information
အဆင့် (၄) – Upload Photo in Profile
အဆင့် (၅) – Upload Photo with Album
အဆင့် (၆) – Friends add
အဆင့် (၇) – Upload photo with Album
အဆင့် (၈) – How to use Facebook
အဆင့် (၉) – Post in your Wall
အဆင့် (၁၀) – Chat with friends
အဆင့် (၁၁) - Sign out
အဆင့် (၁၁) – Sign in
Signup
ပုံ (၁)
- First name, Last name, Password တို့ကို နှစ်သက်ရာပေးနိုင်သည်။
- Email address တွင် မိမိ၏ Email address ကိုသာထည့်ရမည်။ (မှတ်ချက်) Email တစ်ခုကို Facebook
account တစ်ခုသာ ပြုလုပ်နိုင်သည်။
- ပုံ (၁) တွင်ပြထားသည့်အတိုင်း အဆင့်ဆင့်ဖြည့်ပေးပြီး Sign Up ကိုနှိပ်ပါ။
ပုံ (၂)
- ပုံ(၂) တွင်ပြထားသည့်အတိုင်း Security Check အောက်ရှိ ပေးထားသော စာသားကို Text in the box
တွင်မှန်ကန်အောင်ဖြည့်ပါ။
- ပြီးလျှင် Sign Up ကိုနှိပ်ပြီး ခဏစောင့်ပါ။
- ပြီးလျှင် မိမိရဲ့ E-mail ကိုဖွင့်ပြီး Facebook မှ ပို့ထားသော http://www.facebook.com..... ဆိုသော Link
ကိုနှိပ်ပြီး Confirm ပြန်လုပ်ပေးပါ။
- ဒါကတော့ Sign Up (မှတ်ပုံတင်ခြင်း) အဆင့်ကို ပြီးမြောက်သွားပါပြီ။
Find Friends (သူငယ်ချင်းရှာန်ရန်)
ပုံ (၃)
- ပုံ (၃) တွင်ပြထားသည့်အတိုင်း မိမိကျောင်းတက်စဉ်သူငယ်ချင်းများ၊ အလုပ်ထဲရှိသူငယ်ချင်းများကို add
လုပ်ရမည်။ ဥပမာ - No.(1) Basic Education High School Hpa-an Form ဖြည့်စဉ်ရေးထားလျှင် မိမိ
ကျောင်းရှိ သူငယ်ချင်းများကို ဖော်ပြပေးမည်ဖြစ်သည်။
- အဲ ဒီကနေသူငယ်ချင်းမရှာချင်ဘူးဆိုရင်တော့ Skip this step ဖြင့် ကျော်လိုက်ပါ။
Profile Information
ပုံ (၄)
- ကဲ ဒါကတော့ အကောင့်ပိုင်ရှင်ရဲ့ Profile လေးပါ။
- ဒီနေရာမှာ မှန်ကန်စွာဖြည့်မ ယ်ဆိုရင် မိမိရဲ့ ကျောင်းတုန်းကသူငယ်ချင်းတွေကို အမြန်ဆုံး ပြန်ရှာတွေ့နိုင်
ပြီပေါ့။
- ပုံ (၄)မှာ ပြထားတဲ့အတိုင်း မိမိကျောင်းနာမည်၊ အလုပ်နာမည်ကို ဖြည့်ပေးပါ။
- ဒီအဆင့်ကိုကျော်ချင်ရင် Skip ကိုနှိပ်ပြီးကျော်နိုင်ပါတယ်။
Upload Photo in Profile
ပုံ (၅)
- ဒါကတော့ မိမိအကောင့်တွင်ပုံတင်ခြင်းပါ။
- Upload a Photo ကို Click တစ်ချက်နှိပ်ပါ။
- ကျော်သွားချင်ရင်တော့ ထုံးစံအတိုင်း Skip ကိုနှိပ်ပြီး ကျော်လိုက်ပေါ့။
- မိုးကတော့ပုံတင်လိုက်အုံးမယ်နော်...
ပုံ (၆)
- Browse ကို click တစ်ချက်နှိပ်ပြီး မိမိပုံရှိရာနေရာကို အဆင့်ဆင့်သွားပါ။
- ပြီးလျှင် ပုံကိုရွေးပြီး open ကိုနှိပ်ပါ။
- စက္ကန့်အနည်းငယ်အတွင်း ပုံတက်လာလိမ့်မည်။ ပုံ (၇) ကိုကြည့်ပါ။
ပုံ (၇)
- ပုံတက်လာလျှင် Save & Continue နှိပ်လိုက်ပါ။
Friends add (သူငယ်ချင်းဖိတ်ရန်)
ပုံ (၈)
- ပုံ (၈) တွင် ပြထားသည့် Search Box တွင် မိမိသူငယ်ချင်း၏ email address (သို့မဟုတ်) facebook
account နာမည်ကိုရိုက်ပြီး enter နှိပ်ပါ။
- သူငယ်ချင်း account ပေါ်လာလျှင် add friend ကိုနှိပ်ပါ။
- နောက်တစ်ခုက ညာဘက်တွင်ပေါ်နေသော မိတ်ဆွေများကိုလဲ Add friend ကိုနှိပ်ပြီး သူငယ်ချင်းအဖြစ်
မိတ်ဖွဲ့နို်င်သေးတယ်နော်။
Upload Photo with Album
ပုံ(၉)
- ကဲ ကိုယ့်ရဲ့ facebook လေးမှာ ဓါတ်ပုံလေးတွေ တင်ရအောင်နော်။
- ပထမဆုံး album လေးတစ်ခု အရင် တည်ဆောက်ကြမယ်နော်။
- ပုံ (၉)တွင် ဝိုင်းပြထားသော Photos ကို clickတစ်ချက်နှိပ်ပါ။
-Upload Photos ကို click တစ်ချက်နှိပ်ပါ။
- ပြီးရင်တော့ ပုံ (၁၀) မှာ ပြထားတဲ့အတိုင်း album လေးဆောက်ကြတာေပါ့။
ပုံ (၁၀)
- 1 = Album name (album အမည်)
2 = Where (ဓါတ်ပုံယူရာနေရာ) eg: my computer
3 = Share album with (Public, Friends, Custom ကြိုက်ရာရွေးနိုင်သည်။)
- ကဲပြီးရင်တော့ Create Album လေးကိုနှိပ်လိုက်ပေါ့။
- ဒါဆို Album လေး တစ်ခုတည်ဆောက်ပြီးပြီလေ။
ပုံ (၁၁)
- Album ဆောက်ပြီးပြီဆိုတော့ ပုံလေးတွေစတင်လို့ရပြီနော်။
- Browse ကိုနှိပ်ပြီး ပုံလေးတွေရွေးရအောင်နော်။ တစ်ခါတင်ရင် (၅)ပုံအထိ တင်လို့ရတယ်။
- ပြီးသွားရင်တော့ Upload Photos လေးကိုနှိပ် ပြီးခဏစောင့်လိုက်ရင် ကိုယ့်ရဲ့facebook လေးမှာ ပုံလေး
တွေနဲ့ လှသွားပြီပေါ့။
- connection မကောင်းရင်တော့ သိတဲ့အတိုင်းပဲ နည်းနည်းကြာမယ်နော်။
- မိုးကတော့မစောင့်နိုင်လို့ ၁ပုံပဲတင်လိုက်တယ်။
ပုံ (၁၂)
- Description နေရာမှာ ပုံနဲ့ပတ်သက်တာရေးပေါ့။
Wheres မှာကတော့ ထုံးစံအတိုင်း တစ်ခုခုရေးလိုက်ပါ။ (ဥပမာ- my computer)
- ပြီးရင် Save Changes ကိုနှိပ်ပါ။
- Publish , Skip, Cancle ပေါ်လာလျှင် Publish ကိုရွေးလိုက်ပါ။
How to use Facebook
ပုံ (၁၃)
- facebook စာမျက်နှာလေးကိုလေ့လာကြည့်ရအောင်နော်။
1 = Moe Khine (ဒါကတော့ မိမိပိုင်နေရာလေးပါ၊ ဒီနေရာမှာ မိမိအကြောင်း၊ တင်ထားသော ပုံများ၊ စာများ
ရှိရာနေရာလေးပါ။
မှတ်ချက်။ ။နောက်ဆုံးတင်ထားသော post များကိုသာတွေ့ရမည်။
2 = Find Friends (ဒါကတော့ email မှတဆင့် သူငယ်ချင်းရှာရန်)
3 = Home (ဒါကတော့ မိမိရော သူငယ်ချင်းများပါ တင်ထားသော သီချင်း၊ ဓါတ်ပုံ၊ စာသားများ အားလုံးကို
တွေ့နိုင်ပါတယ်) မှတ်ချက်။ ။နောက်ဆုံးတင်ထားသော post များကိုသာတွေ့ရမည်။
4 = ဒါကတော့ မိမိနေထိုင်ရာမြို့မှ (သို့) မိမိသူငယ်ချင်းများ၏ သူငယ်ချင်းကို ကို ဖိတ်ခေါ်ရန်ပါ။
ဖိတ်မယ်ဆိုရင် Add Friend ကို နှိပ်လိုက်ပါ။
Post in your Wall (မိမိစာမျက်နှာတွင် စာတင်ရန်)
ပုံ (၁၄)
- Home ထဲမှာစာတင်ရအောင်။
- ပထမဆုံး ဝိုင်းပြထားသောနေရာတွင် စာရေးပါ။
- ပြီးလျှင် Post ကို နှိပ်ပြီး Enter နှိပ်ပါ။
Chat with Friends (သူငယ်ချင်းတွေနဲ့စကားပြောကြမယ်)
ပုံ (၁၅)
- 1 = Chat (ဒါကတော့ သူငယ်ချင်းတွေနဲ့ ချက်ဖို့နေရာပါ)
ကိုယ်ချက်ချင်သောသူကို click တစ်ချက်နှိပ်ပြီး
- 2 မှာတော့ စကားပြောဖို့နေရာလေးပါ။
Sign out
ပုံ (၁၆)
- ကဲ Facebook ကနေပြန်ထွက်မယ်ဆိုရင် တော့ အပေါ်မှာပြထားတဲ့ Sign out ကိုနှိပ်ပြီးထွက်လိုက်ရုံပေါ့။
Sign in
ပုံ (၁၇)
- ကဲ နောက်ဆုံး facebook ကို ဘယ်ကနေစဝင်မလဲ?
Email - တွင် facebook account ပြုလုပ်စဉ်က ဝင်ခဲ့သော Email ကိုဖြည့်ပါ။
2. Password - တွင့် facebook account ပြုလုပ်စဉ်က password ကိုဖြည့်ပါ။
3. Log In နှိပ်ပါ။ (သို့မဟုတ်) Enter ကိုနှိပ်ပါ။
ကဲဒီလောက်နဲ့အဆုံးသတ်ရအောင်နော်။ မိုးရေးထားတာတွေကို နားမလည်ခဲ့လျှင် moepcservice.service@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
“နောင်အချိန်ရရင်တော့ Facebook ရဲ့လျှို့ဝှက်ချက်လေးတွေကို ရေးပေးပါအုံးမယ်နော်”
လေးစားစွာဖြင့်
မိုး